Arc. 1.6(The Weep)

6.8K 955 45
                                    

Zawgyi

ချင်းမူ မျက်ဝန်းများ ပြန်ဖွင့်လာခဲ့သည်၊ခုနက သူတွေ့မြင်ခဲ့သည်ဟာ အမှန်လား၊တကယ်လား ချင်းမူ မခွဲခြားနိုင်သေးပေ၊ချင်းမူ တောင်တွေး၊မြောက်တွေးတွေးနေရင်း... သူဆေးရုံကို ရောက်နေသည်ကို သတိထားမိသွားသည်၊ သူရဲ့ဝမ်းဗိုက်ဟာ နာကျင်နေတာကြောင့် သူအနည်းငယ်ညည်းညူမိသွားပြီး...  ဘေးပတ်လည်ကိုကြည့်လိုက်တော့ ဘယ်သူမှမရှိသည်ကို သတိထားမိသွားသည်၊

အာ... သူ့ကို ဘယ်သူကအရေးလုပ်မှာလဲ၊

ချင်းမူ ခပ်ရေးရေးလေးပြုံးလိုက်ပြီး သူဖြည်းညင်းစွာ ထထိုင်ကာ တံခါးဘက်ကို ကြည့်လိုက်ပြီး...

"မင်း ရှိနေရင်လည်း ဝင်ခဲ့ပါလား" လို့ ပြောလိုက်မိသည်၊ဒါပေမယ့် သူအသံဟာ တကယ်ကိုထွက်သွားတာကြောင့် ချင်းမူအံ့အားသင့်သွားသည်၊အရင်ကဆို သူဘာပဲပြောချင်ချင် Systemက ထိန်းချုပ်ထားတာကြောင့် သူပြောချင်တာတွေ ပြောခွင့်မရခဲ့ချေ၊ အခုတော့...၊ ချင်းမူအရမ်းစိတ်လှုပ်ရှားနေတုန်း တံခါးဟာ ပွင့်လာပြီး ချင်းယန်အန်းကို တွေ့လိုက်ရသည်၊ချင်းယန်အန်းဟာ အခြားသူတွေရှေ့မှာလို ဖြူစင်သည့်ကောင်လေးတစ်ယောက်မဟုတ်ဘဲ သူရဲ့မျက်နှာဖုံးကိုခွာချထားကာ... ချင်းမူကို အထင်သေးနေသည့်မျက်ဝန်းများဖြင့် ကြည့်နေပြီး...

"ချင်းမူ...ချင်းမူ နောက်ဆုံးတော့ မင်းက ဘာမှသုံးစားမရတဲ့ကောင်ဖြစ်ခဲ့ပြီပဲမဟုတ်ဘူးလား..." လို့ ပျော်ရွှင်အသံကိုပင် ဖုံးကွယ်မထားပဲပြောလာသည့် ချင်းယန်အန်းကို ချင်းမူကြည့်လိုက်ပြီး အေးစက်စက်အကြည့်များဖြင့်ကာ ကြည့်လိုက်ပြီး မျက်နှာလွဲကာ ဘာမှမပြောတော့ချေ၊

ချင်းယန်အန်းဟာ အရင်က သူမခံချင်အောင်ပြောသည်နှင့် ဒေါသတကြီးတုန့်ပြန်သည့်ချင်းမူဟာ အခုတော့ သူ့ကိုလစ်လျူရှုထားကာ သူရဲ့ဝမ်းဗိုက်ကို ဝမ်းနည်းစွာကိုင်နေသည်ကိုမြင်တော့...

"အဟက်... ဘာလဲ ထျန်းဝမ်နားကို ကပ်ဖို့ မင်းအဲ့ကလေးကို အသုံးချချင်နေခဲ့တာမဟုတ်ဘူးလား  အာ... အခုတော့ အမှိုက်ကောင်တစ်ကောင်ရဲ့အမှိုက်လေး ထွက်မလာတော့ဘူးပဲ စိတ်မကောင်းစရာပဲ ဟဟ"လို့ ပြောလိုက်တော့ ချင်းမူဟာ ဒေါသထွက်စွာကြည့်လာပြီး...

Arc-1 The Weep (God! Grab Me! Love Me! Save Me!) Where stories live. Discover now