Arc. 1.10(The Weep)

6.2K 871 38
                                    

Zawgyi

လောင်ထျန်းဝမ်ဟာ သူပြောသလိုပင် သူ့ကို အစစအရာရာကူညီသလို ဂရုလည်းအလွန်စိုက်သည်၊တစ်ခုဘဲ ရှိတာ... မျက်စိရှေ့ကနေ အပျောက်မခံသည်ကိုပေါ့၊ နောက်ထပ်သတင်းတစ်ခုဟာလည်း ချင်းမိသားစုဟာ လောင်မိသားစုလက်အောက်ကနေ ခွဲထွက်သာ လောင်မိသားစုရဲ့ပြိုင်ဘက်ဖြစ်သည့် ပိုင်မိသားစုနဲ့ပူးပေါင်းလာသည့်သတင်းဖြစ်သည်၊

ပိုင်မိသားစုဟာ ချင်းမိသားစုကို ဘာကြောင့်လွယ်လွယ်ပူးပေါင်းလိုက်သည်လည်းကို ချင်းမူသိသည်၊ဒီကမ္ဘာရဲ့နောက်ထပ်ဇာတ်လိုက်ဖြစ်သည့် ဒုတိယဇာတ်လိုက် ပိုင်ကုမင်ဟာ ချင်းယန်အန်းကို စိတ်ဝင်စားနေတာကြောင့်ဖြစ်သည်၊ဘာပဲဖြစ်ဖြစ် ချင်းအိမ်တော်အနေနဲ့ လောင်အိမ်တော်ကို မယှဉ်န်ုင်တာကြောင့် ချက်ချင်း ပိုင်အိမ်တော်ရဲ့ကာကွယ်မှုကို ယူတာမဆန်းကျယ်ပေ၊နောက်တစ်ချက်က သူ့မိခင်ရဲ့အဖေဖြစ်သည့် အဘိုးရှဟာလည်း ချင်းအိမ်တော်ကို အနောက်ကနေ ထောက်ပံ့နေဆဲပင်၊သူအနေနဲ့ အဘိုးရှကို စိတ်ထဲ မခုပင်၊အရာအားလုံးဟာ ချင်းဟိုက်တန်တို့ရဲ့ဒရမ်မာတွေကြောင့်ပဲမလား၊

"ချင်းမူ " လောင်ထျန်းဝမ်ဟာ အတွေးထဲနစ်နေသည့် ချင်းမူကိုကြည့်ကာ သူ့မျက်ဝန်းများဟာ ချစ်ရိပ်များပြည့်သိပ်နေတော့သည်၊အခုဆိုရင် သူနဲ့ချင်းမူ တူတူနေတာ သုံးလရှိပြီဖြစ်ပြီး အရင်လိုခပ်ဆိုးဆိုးချင်းမူရဲ့ ပုံရိပ်လေးဟာ ပြောင်းလဲသွားပြီဖြစ်ပြီး လက်ရှိချင်းမူရဲ့ပုံရိပ်လေးဟာ ဆောင်းရာသီမှာတိုက်ခတ်လာသည့် နွေးထွေးသည့်လေပြေလေညှင်းလေးလို မြင်သူတိုင်းကို စိတ်ထဲနွေးထွေးသွားစေသည့်ခံစားချက်ကို ပေးစွမ်းနိုင်သည်၊

သူရဲ့ချင်းမူဟာ ချင်းဟိုက်တန်တို့ဘက်ကနဲ့လုံးဝမတူပဲ မိခင်သွေးအကုန် ဆက်ဆံထားသည်လားအောက်မေ့ရအောင် လှရက်လွန်းတာကြောင့် သ်ူမှာချင်းမူရဲ့ဒဏ်ရာကို အကြောင်းပြကာ အပြင်လုံးဝမလွတ်ပေ၊ဒါပေမယ့်လည်း မပြီးပြတ်သေးသည့်အရာတွေကြောင့် လောင်ထျန်းဝမ် သက်ပြင်းကာချလိုက်မိပြီး... ချင်းမူရဲ့ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲထည့်ကာ နားလေးကို သူ့နူတ်ခမ်းနဲ့ဖွဖွလေးနမ်းကာနေတော့သည်၊

Arc-1 The Weep (God! Grab Me! Love Me! Save Me!) Where stories live. Discover now