Ep 6 (zawgyi)

1.1K 62 1
                                    

အိမ်ပြန်ရောက်တော့ စေသုတကို ဘာမှ ထပ်မခိုင်းဖြစ်။
ညစာကို သူ့ကိုခေါ်ပြီး ဆိုင်မှာသွားစားဖြစ်သည်။
အရုပ်ကောက်ပြီး ပြန်လာသည့်အချိန်မှစ၍ သူ့မျက်နှာကို သေချာလိုက်ကြည့်မိသည်။

ဘာမှမလုပ်ပဲတည်တည်နေရင်တောင် ကော့ညွှတ်နေတဲ့ မထူမပါးနှုတ်ခမ်းတစုံကြောင့် ပြုံးနေသယောင်ရှိသည်။
ဒါကြောင့် သူ့အပြုံးတွေက အမြဲအသက်ဝင်ပြီးကြည့်ကောင်းနေတာ။
မျက်ဝန်းတွေက လူကြီးဆန်သည်။ မျက်စံနက်နက်တွေက မြန်မာဆန်သည်။ အဓိပ်ပါယျ ဖတ်ရလွယ်သည်။
နှာတံလည်း စင်းတာကြောင့် ဘေးတိုက်အနေအထားတောင် ကြည့်ကောင်းနေတတ်သည်။
လူကြီးတွေ တင်စားတတ်သည့် ဇင်ယော်တောင်မျက်ခုံးမျိုး စေသုတမှာရှိသည်။
သူ့မျက်နှာတစ်ခုလုံးက ခြုံကြည့်ရင် copy မရှိတဲ့ ကဗျာတစ်ပုဒ်လိုပဲ။
ဖတ်ကြည့်ရင် လူတိုင်းကြိုက်မှာပေမယ့်
ဒီလိုကဗျာမျိုးက ထပ်မရှိနိုင်။
လူတိုင်းလည်းပိုင်ဆိုင်ရမှာမဟုတ်။
တစ်ပုဒ်တည်းပဲ ရှိတဲ့ စေသုတဆိုတဲ့ ကဗျာတပုဒ်က rare ဖြစ်လွန်းလို့ ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှ ပေးမဖတ်ချင်ဘူး။
အရုပ်ရလို့ ပျော်နေတဲ့ အပြုံးတစ်ခုက ခန့်ညားပိုင်လိုယောက်ျားတစ်ယောက်ကိုတောင် ကြွေဆင်းသွားအောင်လုပ်နိုင်ရင်
ချစ်တဲ့သူကိုပြုံးပြတဲ့ အပြုံးကရော ဘယ်လောက်ထိခြွေနိုင်မလဲ
ရချင်တယ် ဒီကောင်ကို။
ငါကလွဲ ပြီး ဘယ်သူမှ မပိုင်စေရဘူး။
..........................

""ကျွန်တော့်မျက်နှာဘာပေနေလို့လဲ""

""မပေပါဘူး ဘာလို့လဲ""

""မသိဘူးလေ အကို စိုက်ကြည့်နေတာ ၅မိနစ်လောက်ရှိနေပြီ
တစ်ခုခုပေနေတယ်ထင်လို့""

""ပေမှကြည့်ရမှာလား ငါ့ဟာငါ ကြည့်ချင်လို့ကြည့်တာပေါ့ကွ
ငါ့အိမ်မှာနေငါကျွေးတာစားနေတာ နှစ်ပတ်ရှိနေပြီ
မင်းအခုခန္ဓာကိုယ်နဲ့အဲ့ဒီမျက်နှာမှာ ငါ့ပိုက်ဆံတွေစီးဆင်းနေတယ် ။ အာ့ကြောင့် တန်အောင်ကြည့်နေတာ""

"" ဪအဲ့လို ""

အရုပ်စက်မှာ တစ်နေကုန် အကြွေစိထုပ်နဲ့ ရပ်လိုက်ရလို့ထင် ဒီညတော့ စေသုတ ညစာစားသည်။
နောက်လည်းများများရပ်ခိုင်းရမယ် မဟုတ်ရင်ဒင်းက ညတိုင်း အရွက်သုပ်စားနေမှာ။
...............................

My love from Penthouse [Season 1] CompletedOnde histórias criam vida. Descubra agora