Ep 14( zaw gyi)

1.1K 54 0
                                    

Penthouse
ဒီနေရာသည် မြန်မာပြည်၏ အကြီးဆုံး Skyscraper ဖြစ်သည့် Mahar Castle ၏ ထိပ်ဆုံးထပ်။
တခြားသော အထပ်များနှင့်မတူညီစွာ ခမ်းနားသည်။

ထို Penthouse ၏ ဧည့်ခန်း၌ အမျိုးသားတစ်ဦးနှင့်
အမျိုးသမီး တစ်ဦးသည် ငြိမ်သက်စွာထိုင်နေဆဲ။
တစ်ဦးက ရွံမုန်းသောအကြည့်
ကျန်တစ်ဦးက တလောကလုံးပြာကျသွားလဲ အေးဆေးပဲ ဟူသောအကြည့်။
နှစ်ဦးသား အတန်ကြာ အကြည့်ချင်း စစ်ခင်းနေပြီးမှ
အမျိုးသမီးဖက်မှ စကားစသည်။

"" နင်ငါ့ကို အတင်းခေါ်တွေ့ရတဲ့
အကြောင်းအရင်းက စေသုတကို ဆက်ဖုံးကွယ်ထားဖို့
ဆိုရင်တော့ နင်နောက်ကျသွားပြီ ပိုင်
အခုလောက်ဆို စေက အဲ့ cctv record ကိုကြည့်ပြီး
နင့်ကို သတ်ဖို့ ရှာချင်ရှာနေလောက်ပြီ""

""အေးဟုတ်တယ် သူသိသွားပြီ
ဟိုအခန်းကို နင်တွေ့လား ငါသူ့ကို
အဲ့ထဲမှာ ကြိုးတုပ်ထားတယ်
မေ့ဆေးအုပ်တာကို အတင်းရုန်းကန်နေလို့
တချက်လောက်ကျွေးလိုက်ရသေးတယ် ""

ဘာအပူအပင်မှ မရှိသလို ခပ်ပြုံးပြုံး ပြောနေသည့်
ခန့်ညားပိုင်ကြောင့် ဝေဝေသော် အံ့သြ လွန်း၍
အသက်ပင် ဝဝမရှူနိုင်တော့။

""နင် လူရော ဟုတ်ရဲ့လား ခန့်ညားပိုင်
နင့်လက်နဲ့ သူ့မိသားစုကို ဖျက်စီးခဲ့တာနော်""

""အင်းဟုတ်တယ် ငါသိတယ်
လွန်ခဲ့တဲ့ ၉နှစ် ငါနိုင်ငံခြား မထွက်ခင်တည်းက
ဒီအကြောင်းတွေ အားလုံးကို ငါပြန်မှတ်မိသွားခဲ့တာ
ဒါကြောင့်ပဲ ငါဖေဖေ့နားသွားပြီး ဖေဖေ့လုပ်ငန်းတွေ
ကို ဆက်ခံနိုင်ဖို့ ငါ ၉နှစ်လုံးလုံးသွားကြိုးစားခဲ့တာလေ
ငါ့မှာ အရည်အချင်းရော ငွေရော အားလုံး
ရှိနေမှ ငါ့ကို မုန်းနေမယ့် သူ့ကို တသက်လုံး ငါ့နားမှာ
ချုပ်နှောင်ထားနိုင်မှာပေါ့
ငါလေ သူ့ကို အရမ်းချစ်တာ
နင်တွေးတောင်မတွေးဖူးတဲ့ အချစ်မျိုးနဲ့ ငါသူ့ကို
ချစ်တာ ။ ငါသူ့မိသားစုကို ဖျက်စီးမိတယ်
အဲ့အတွက် သူ့မိသားစု ကိုယ်စား ငါသူ့ကို
အများကြီး ချစ်ပေးမှာ ဒါကြောင့်
ပိုင်ဆိုင်ရဖို့ ဘာပဲ ရင်းရရင်းရ ငါရင်းမှာ ""

မိသားစုတစ်ခုဆိုတာ လွယ်လွယ် နဲ့ အစားထိုးလို့ရမယ့်
အရာမျိုးမှမဟုတ်တာ။
နင်ဟာ အတ္တကြီးလွန်းတယ် ပိုင်။

My love from Penthouse [Season 1] CompletedWhere stories live. Discover now