Ep 11 (zawgyi)

1K 53 2
                                    

ရေလေးကအေးမြလိုက်တာ။
ဘဝမှာ ဒီလိုရေမျိုးတခါမှ မသောက်ဖူးခဲ့ဘူး။
ရေချမ်းစင် မြေအိုးလေးထဲက ရေအေးအေးကိုခပ်သောက်ရင်း ခန္ဓာကိုယ်ကို ခေတ္တအနားပေးလိုက်သည်။
ဇွဲကပင်တောင်ကြီးရဲ့ ဘယ်အပိုင်းကို ရောက်နေပြီလည်း သူမသိဘူး။

သူသိတာဆိုလို့ ခြေထောက်တွေက တဆတ်ဆတ်တုန်နေတဲ့အထိ ပင်ပန်းနေပြီဆိုတာရယ် အသံနဲ့ပါ အချက်ပြနေတဲ့ ဗိုက်ဟောင်းလောင်းလေးရယ်။
ရှေ့မှာ ဘုန်းကြီးကျောင်း လေးတော့ရှိပေမယ့် သူအကူအညီမတောင်းရဲ။

ရေချမ်းစင်လေးနားငုတ်တုတ်ထိုင်ရင်း မျက်ရည်တွေသာ ဝိုင်းလာရသည်။
တွေးကြည့်ရင် အခုကိစ္စမှာစေသုတရဲ့ အမှားမရှိ။
ညီညီထက်သာက စေနဲ့အရင်တည်းက ရင်းနှီးနေကြတာ။ ပြောရရင် ပိုင်ကသာ နောက်မှပေါက်တဲ့ ရွှေကြာဖြစ်နေတာ။
ဒါပေမယ့် စေသုတရဲ့ အရာရာတိုင်းက ပိုင့်အတွက်ပဲ ဖြစ်စေချင်မိသည်။
သူ့ရဲ့ ဦးစားပေးကလည်း ပိုင်ပဲ ဖြစ်ချင်သည်။
အခုတော့ တောင်အကြီးကြီးရဲ့ ဘယ်နားမှန်း မသိတဲ့နေရာမှာ တစ်ယောက်တည်းငိုနေရပြီ။

ပိုင့်ကို ကိုယ်ဝန်ရတော့ ဖေဖေက ပိုင့်အတွက် မဟာကိုယ်ပိုင်ကျောင်းကို တည်ထောင်ပြီး မမဆည်းဆာကို ဦးစီးစေခဲ့သည်။
မမဆည်းဆာက ကြိုးစားလွန်းတော့ ပိုင် လူမှန်းသိတတ်စ အရွယ်မှာတင် မဟာကိုယ်ပိုင်ကျောင်းက မြန်မာပြည်ရဲ့ နံပါတ်တစ် ဖြစ်နေပြီ ဖြစ်တဲ့ အပြင်
အဆင့်အတန်းအမြင့်ဆုံးနှင့် ဝင်ငွေ အများဆုံးရသည့်ကျောင်း ဖြစ်နေခဲ့ပြီ။
ပိုင် ၁၃ နှစ်သားတွင် ဖေဖေက မဟာလုပ်ငန်းစုမှ လုပ်ငန်း တချို့ကို ပိုင့်နာမည်နဲ့ လွှဲပေးသည်။
ထိုထဲတွင် မဟာကျောင်းပါ ပါသော်လည်း ပိုင်က မမဆည်းဆာကိုသာ ပေးခဲ့ခြင်းဖြစ်သည်။
ခန့်ညားပိုင်ဆိုတဲ့လူသားက လူ့လောက ထဲ ခြေမချခင်တည်းက တက်မယ့်ကျောင်းကပါ အကောင်းဆုံး အနေအထားနဲ့ အဆင်သင့်စောင့်နေခဲ့တာမျိုး။

ဒီလို လူက မိဘမဲ့ဂေဟာမှ ကောင်လေးကို ချစ်နေမိပြီး
အခုလို တောင်ပေါ်မှာ ကူကယ်ရာမဲ့ စုတ်ပြတ်နေရမယ်လို့ အိမ်မက်တောင် မမက်ဖူးဘူး။
ပိုင် ကိုယ့်အဖြစ်ကိုယ်တွေးမိတိုင်း ရင်နာလို့ မဆုံး။
ဒါပေမယ့်လည်း အချစ်ဆိုတာ ကိုယ်တိုင် ဖန်တီးတာမျိုး မဟုတ်ပဲ သူ့ဖာသာ ဖြစ်တည်လာတာမို့ ဖျောက်ဖျက်လို့လည်း မလွယ်ကူပေ။
မလွယ်ကူမှန်းသိပေမယ့် ရှေ့ဆက်တိုးချင်သည်။
ပိုးဖလံတွေက အသက်တိုကြသည်။
ဒါပေမယ့် ဒီတိုင်းသေ သွားတဲ့ ပိုးဖလံထပ် သူနှစ်သက်ရာ မီးထဲ ဝင်တိုးပြီး သေတဲ့ကောင်က ပိုမြတ်သည်။
ဘယ်လောက်ပဲ ပူလောင်ပါစေဦးတော့ တိုတောင်းလှတဲ့ လူဘဝကြီးမှာ မသေခင်ပိုင်ဆိုင်ရမယ့် အရာတွေထဲ စေသုတ ပါနေမှရမည်။
ဒါမှ သေ သွားတဲ့အချိန်ကျ အမြတ်ကျန်မှာပေါ့။
ဒီလိုတွေ အထိ ဒုက္ခ ခံရကျိုးနပ်အောင် စေသုတကိုတော့ ဆုအနေနဲ့ ပိုင်သင့်တယ်မဟုတ်လား။

My love from Penthouse [Season 1] CompletedWhere stories live. Discover now