Ep-18(A) unicode

2.8K 187 11
                                    

""ba....ba""

စေသုတ မျက်နှာကြီးသည် ပျားရည်ကို သကာဆမ်းထားသည့်အလား။
ငါးလသား ကလေးပေါက်စက သူ့ကို့ကြည့်ရင်း ba ba ဟု မပီမသ ခေါ်လိုက်ခြင်းကြောင့်ပင်။

""အကိုကြားလိုက်လား သားက ကျွန်တော့်ကို ပါပါးတဲ့""

""မကြားမိဘူး ငါတော့ ဘဘပဲ ကြားတယ်
မင်းအခွက်က အိုစာနေလို့နေမှာပေါ့""

""သားသား ပြန်ခေါ်ပါဦး ပါပါး ပါပါး""

""ဟကောင် တော်စမ်း
ငါ့သားက အခုမှ ၅လ ကျော်ရှိသေးတာ
ကလေး ဦးနှောက်ကို အလွန်အကျူးတွေ အလုပ်မပေးစမ်းနဲ့""

""ပါပါး ပါပါး ပါပါး ​ခေါ်ကြည့်ပါဦး ဟိဟိ""

""ခစ်ခစ် ဘ..ဘ""

အဖေလုပ်တဲ့သူက စတော့ သားက တခစ်ခစ် အသံတွေပေးပြီး သဘောတွေ ကျနေသည်။
သွေးကစကားပြောတယ်ဆိုတာ ဒါပဲနေမှာ။

""မင်းငါပြောတာကို မကြားချင်ယောင်ဆောင်နေတာလား ဟမ် စေသုတ""

""အကိုကလည်း တိတ်တိတ်နေစမ်းပါ
ကလေးက ပျော်နေတာကို ""

""နောက်မှ မြှူတော့ နို့တိုက်ချိန်ရောက်ပြီ""

""ဟုတ်လား ဖေ့သားလေး နို့ဆာပြီလား
လာပါဦး မွှေးမွှေးပေးချင်လို့""

""ခစ်ခစ်ခစ် ဘ.....ဘ ခစ်ခစ်""

သားဗိုက်ပူပူလေးကို တဖွဖွ နမ်းနေတော့ သားသည် ယားလို့ထင်၏။ တခစ်ခစ် ရယ်ရင်း သူ့လက်သေးသေးလေးများဖြင့် စေ့ မျက်နှာကို တွန်းထုတ်သည်။

""သခင်လေး ကလေး နို့တိုက်ဖို့ အချိန်ပါ""

""အာဟုတ်ပြီ မစော
သားကို ဂရုစိုက်ပေးပါဦး""

ထို့နောက် စေသုတ လက်ထဲမှ သားကို ခေါ်ထုတ်ကာ နို့ထိန်းအမေ လက်ထဲ အပ်လိုက်သည်။
စေကတော့ အကဲခတ်နေဟန်ရှိသည်။ ဘာမှတော့ ဝင်မပြောချေ။

""အကို နို့ထိန်းအမေ ကို ဘယ်လို စီစဥ်လိုက်လဲ""

မစော ထွက်သွားမှ စေ့ဆီက အသံထွက်လာသည်။

""အင်းတိုက်ဆိုင်တယ်ပဲ ပြောရမလား
ငါ့အယုံကြည်ရဆုံး မန်နေဂျာရဲ့ အမျိုးသမီးကလည်း မီးဖွားထားတဲ့သူပဲ စောစောက တ​စ်ယောက်လေ
စောသီတာထွန်းတဲ့
သူလည်း သားလေးမွေးတယ် ငါတို့သားနဲ့ တရက်တည်းပဲ မွေးတာ။ သားက နဲနဲ ပိုစောတယ်""

My love from Penthouse [Season 1] CompletedWhere stories live. Discover now