2{Z}

898 33 1
                                    

2လခန့်အကြာ...

"Woah~yeah...I just want to scream! I'm falling in love~"

"အား!!!!! ဝမ်ရိ​ပေါ်!"

"အား!!!"

"I take full rights no lose control..Hands up I'mma scream don't lose control uh~Cause I like it when you smile , and it's never been my type of style uh~Just may be think about ,if you wanna be my lady . Think about your love for me kiss and a heart swap that I will go crazy .Beacuse...."

"အား!!!!! ဝမ်ရိ​ပေါ်ရယ်!!! ​​သေပါပြီ!!!!"

UNIQရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆို​တော် ဝမ်ရိ​ပေါ်၏ ရက်ပ် စာသားအဆုံး ဖန်များအားလုံးအပါအဝင် ​ရှောင်းကျန့်ပါ ငယ်သံပါ​အောင်​အော်​တော့တယ်။

သည့်အပြင် ဝမ်ရိ​ပေါ်က ရက်ပ်ကိုဟန်ပါပါရွတ်ပြီး အဆုံးသတ်၌ ​ရှောင်းကျန့်တို့အုပ်စုဘက်ကို မျက်စိတစ်ဖက်ပါ မှိတ်ပြသွားတာ​ကြောင့် အိုး..အ​မောင်​ရှောင်းကျန့်တို့၏ အ​ပျော်က အဆုံးမသတ်တမ်း​ပေါ့။

ဘယ်သူ့မှိတ်ပြပြ ငါ့ပြတာပဲဆိုတဲ့ ခံယူချက်​လေးနဲ့ ​ရှောင်းကျန့်ဟာ ​မြောက်ကြွမြောက်ကြွ ။ ထို့အပြင် ဝမ်ရိ​ပေါ်ဟူ​သော သူမြတ်နိုးရ​ပါ​သောအမည်​လေးကိုလဲ အသံဝင်တဲ့အထိ ​အော်မည်လို့ဆုံးဖြတ်ထား​သေးတာမို့ ​ရှောင်းကျန့်ရဲ့အသံဟာ တခြားမိန်းက​လေးတွေကြား ဟိန်းထွက်လို့ပင်။

စင်​ပေါ်ကပြ​နေ​သော အဖြူ​ရောင် ဝတ်စုံ​လေးနဲ့ နတ်သားတမျှ​ချော​နေတဲ့ ဝမ်ရိ​ပေါ်​လေးကို ​ရှောင်းကျန့်တို့ တစ်ဝကြီး ပြုံးကာငမ်း​မိ​​​နေတော့တာဖြစ်ရဲ့။

ခဏကြာ​တော့ falling in love သီချင်းကပြီးဆုံးသွားပြီး UNIQ အဖွဲ့သား​တွေနှင့်
အ​မေးအ​ဖြေ​တွေလုပ်ကြတယ်။ ထို့​နောက် ခဏနားရကာ မကြာခင်အချိန်မှာပဲ
ဝမ်ရိ​ပေါ်ရဲ့ တစ်ကိုယ်​တော်​ဖျော်​ဖြေပွဲ အစီအစဉ်​ရောက်လာပြန်တယ်။

"If you lucky,yeah,I can take you down. If you lucky, you can wear the crown. If you lucky...lucky..,we can lay up in the bed girl~"

Lucky ဆိုတဲ့ ဝမ်ရိ​ပေါ်ရဲ့ တစ်ကိုယ်​တော် သီချင်းကို အသံချိုချို​လေးနှင့် သူတို့ဘက်ကိုအများဆုံး လှည့်ကြည့်ကာ ဆိုပြသွားပြန်​တော့ ​ရှောင်းကျန့်တစ်​ယောက်ဟာ ​ဈေးကြီးလွန်းတဲ့ VIP​နေရာကိုဝယ်ရတာ တန်လိုက်တာဟူ၍ ​တွေးမဆုံးနိုင် ဖြစ်​နေ​​​လေတော့ရဲ့။

Contentment [Completed]Where stories live. Discover now