Suggestion-pls listen *Contentment by Mayday* during you read this part♡
__________________________
"အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ"
နောက်ဆုံးကျန်သော Customerအား ယဥ်ကျေးပျူငှာစွာ နှုတ်ဆက်ပြီးပြန်တဲ့အခါ
နေ့လည်ပိုင်းရှောင်းကျန့်တို့အားတဲ့အချိန်ရောက်ပြန်ပြီဖြစ်တယ်။ထုံးစံအတိုင်း customerလေးအပြင်ရောက်သွားတာသေချာတော့မှ
ခါးတွေကိုယ်တွေကိုလှည့်လို့အကြောလျှော့ရပြန်တယ်။
တစ်မနက်လုံး မတ်တပ်ရပ်ကာ တောင့်တောင့်ကြီးနေခဲ့ရတာကများသည်မို့ သူညောင်းလှပြီပင်။သို့ပေမယ့်လဲ ပျော်ပါတယ်လေ...အရင်ကလိုအိပ်လိုက်စားလိုက်မှမဟုတ်တော့တာ။
အလုပ်ကလေးတစ်ဖက်နဲ့ဆိုတော့ ပိုပြီးပျော်စရာကောင်းတယ်မဟုတ်လား။'ကလင် ကလင်'
အကြောလျှော့နေတုန်းမှာပဲ ခေါင်းလောင်းသံလေးကြားလိုက်ရတာမို့ ချက်ချင်းလှည့်ကြည့်မိတော့ တွေ့လိုက်ရတာက မက်စ်၊ဦးထုပ် ခေါင်းစွပ် hoodieအပြည့်အစုံနဲ့
Hoodieပွပွကြီးထဲ မြုပ်ချင်သယောင်ဖြစ်နေသော သူ့ရဲ့ မင်းသားလေး တစ်နည်း ဝမ်ရိပေါ်လေး ဆိုင်ထဲခပ်သုတ်သုတ်ဝင်လာတာကို ဖြစ်လေတယ်။ယခင်ကဆိုရင်တော့ မှတ်မိနိုင်မှာမဟုတ်ပေမယ့် ယခုကား မတူတော့။
နေ့စဥ်ရက်ဆက် သူ့ဆီလာနေတဲ့ကောင်လေးတစ်ယောက်မို့ ဖွဲ့စည်းပုံအမူအရာတွေကို အရင်ကထက်ပိုမှတ်မိနေတတ်ပြီ။ ယခင်ကသိထားခဲ့တဲ့ ခပ်အေးအေးအမူအရာထက်
သွက်လက်တဲ့ အမူအရာလေးတွေကိုမြင်ဖူးခဲ့ပြီးပြီ။ အနှီကောင်လေးရဲ့ တစ်ဖက်ခြမ်းက ချစ်စရာအသွင်ကလေးကိုလဲ မြင်ဖူးခဲ့ပြီးပြီ။ ဒါက သူများတွေမရနိုင်တဲ့အခွင့်အရေးတွေပဲလေ။ ဒီလောက်နဲ့တင် လုံလောက်သင့်နေပြီ မဟုတ်လား။ဒါကို ဘာလို့များ သူကမလုံလောက်သေးဘူးလို့ခံစားနေရတာလဲ?
ဘာလို့များ အရင်လိုမရောင့်ရဲနိုင်တော့တာလဲ?"ကျန့်ကော!"
"အာ..ဟင်?"
"ကျွန်တော်ခေါ်နေတာကြာပြီ...ဘာတွေတွေးနေတာလဲ?ကျန့်ကောကလေ အမြဲအဲ့လိုပဲ"