ဆေးရုံမှ ၂ပတ်အကြာ ဆင်းခွင့်ရခဲ့ပေမယ့် လက်ကနဂိုအတိုင်း ပြန်ကောင်းသွားခြင်း မရှိသေး။ ဒဏ်အနည်းငယ်ကျန်သေးတာမို့ ရှောင်းကျန့်ဟာ ပတ်တီးတကားကားနဲ့ပဲ။
နောက် ဆေးရုံကဆင်းလာရပေမယ့် သူနဲ့ သူ့ idolလေးနဲ့က အဆက်အသွယ်ပြတ်သွားခြင်းမရှိခဲ့ပါဘူး။
ညနေဆိုလာလာကြည့်တတ်တဲ့ idolလေးကား တကယ့်ကြင်နာသူလေးဖြစ်တယ်။
ဝတ္တရားမပြတ် စေ့စပ်လွန်းလှတယ်။သူကတော့ ရိပေါ်လေးရှိနေတဲ့အချိန်တွေဆို စကားတွေအထစ်အထစ်နဲ့ အမှားတွေလုပ်မိတာကလွဲရင် ကျန်တာအားလုံးက ကောင်းကင်ဘုံလေးထဲရောက်နေသလိုပါပဲ။
တစ်ပြုံးပြုံး တစ်ပျော်ပျော်နဲ့ ရင်ခုန်ရသည်ပေါ့လေ။ရှောင်းကျန့်ဟာ ဒီနောက်ပိုင်းတွေမှာ ညနေခင်းတွေကိုချစ်တတ်လာတာကလဲ ရိပေါ်ဆိုတဲ့ကောင်လေးကြောင့်ပဲဖြစ်တယ်။
ဧည့်သည်ဆိုတဲ့ နာမ်စားလေးကိုခင်တွယ်မိတာကလဲ ရိပေါ်ကြောင့်ပဲဖြစ်တယ်။
အိမ်ရှေ့ကဘဲလ်လေးကို သန့်နေအောင် အရက်ပြန်နဲ့သုတ်တာက အကျင့်တစ်ခုအနေနဲ့ သူ့ထံကပ်တွယ်လာတာကလဲ ရိပေါ်လေးကြောင့်ပါပဲ။
နောက် ကျိုးချန်က မျက်စောင်းကြီးထိုးထိုးပြီးဆဲတာကလဲ ရိပေါ်လေးကြောင့် သူအမြဲပြုံးနေမိတာက စပြန်တယ်။အရာရာဟာ ရိပေါ်လေးပဲဖြစ်နေတော့ ရှောင်းကျန့်ဟာကိုယ်ရှိန်သတ်ရပါသေးတယ်။
သူကဒီလိုခင်မင်ခွင့်ရနေတဲ့ ဘဝလေးထဲ ပျော်မွေ့နေခဲ့ပြီ မဟုတ်ပါလား။
------------------------------
"ကျန့်ကော...လက်ကဘယ်လိုနေသေးလဲ"
"လုံးဝကောင်းနေပြီ ရိပေါ်ရဲ့ ၊ဒီမှာကြည့် ပစ္စည်းတွေကိုင်လဲအသာလေးပဲ"
သူ ရှေ့က ကော်ဖီခွက်ကလေးကို ကိုင်ပြလိုက်တဲ့အခါ ရိပေါ်က သွားလေးပေါ်တဲ့အထိပြုံးလာတယ်။
"ဟုတ်ပါပြီ၊ ကောအမြန်ကောင်းသွားတာကိုမြင်ရတော့ တကယ်စိတ်ချမ်းသာတယ်"
သူရိပေါ်ကိုကြည့်ပြီး ပြုံးပြလိုက်ကာ ကိုယ့်လက်ကလေးကို ကိုယ်ပြန်ငုံ့ကြည့်မိတယ်။
အနာတွေပင်မရှိတော့တဲ့လက်က အတော်လေးကောင်းနေခဲ့ပြီ။
ဒါက အလုပ်ပြန်ဝင်လို့ရပြီဆိုတဲ့သဘောပဲမဟုတ်ပါလား။