ရှောင်းကျန့်ရဲ့ဘဝက သာမန်မဟုတ်စွာ သာမန်လေးပဲဖြစ်ခဲ့တယ်။
စိတ်ကိုဒုံးဒုံးချလို့ စိတ်ဖြတ်ပြီးတဲ့နောက်ပိုင်း အတတ်နိုင်ဆုံး ရိုးရှင်းစွာသူနေတယ်။
အနားကိုတိုးလာသူက တိုးလာပေမယ့် သူဟာအလိုက်တသိနဲ့ တစ်လှမ်းချင်းပြန်ဆုတ်ပေးခဲ့ပါတယ်။သူလုပ်သမျှအားလုံးက သူရင်နင့်အောင်ချစ်ရပါတဲ့ ကောင်လေးအတွက်ဖြစ်မှန်း သေချာခံယူပြီးတဲ့နောက်ပိုင်း ချစ်ရသူကောင်ကလေးက အများကြီးပိုကပ်လာခဲ့တယ်။
ဘယ်ရှိုးပွဲမှာဘယ်လိုပါခွင့်ရလို့...အကပြိုင်ပွဲမှာ ပထမဆုရလို့...
စကိတ်စီးပြိုင်တာနိုင်သွားလို့... အကပြိုင်ပွဲမှာ ဒိုင်ဖြစ်ခွင့်ရလို့...
ချော်လဲလို့... နေမကောင်းဖြစ်လို့... အစရှိသဖြင့်နှင့် လို့ ပေါင်းများစွာကိုထပ်လို့
ချစ်ရသူက သူ့နားချည်းကပ်တယ်။သိနေပြီးသားတိုင်အောင် ကောင်လေးကသူနဲ့ကို အရေးတယူပြန်ကျင်းပတယ်။
ဒါပေမယ့် သူအတတ်နိုင်ဆုံးငြင်းခဲ့မိပါတယ်။
ကျန်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကလွဲလို့ သူဟာအတတ်နိုင်ဆုံးငြင်းခဲ့တယ်။ဘဝတစ်သက်လုံး ဝမ်ရိပေါ်ဆိုတဲ့ နာမ်စားလေးတစ်ခုနဲ့ပတ်သက်ရင် အငြင်းဝါကျဆိုတာ ရှိလာမှာမဟုတ်ဘူးလို့ ဖန်ကြိမ်များစွာ တွေးခဲ့မိပေမယ့် တကယ်တမ်းတော့ အငြင်းဝါကျတွေထပ်နေရောပါပဲ။
ဘူးခံလို့ တောင်းပန်ကာငြင်းရတိုင်း အသည်းခိုက်အောင် စူးရှနာကျင်ရပေမယ့်
ဟန်ဆောင်ပြုံးတွေပြုံးရင်း သူဟာသွားအကျဲသားနဲ့ရယ်နေခဲ့တယ်။ဘူးခံလို့ သူတောင်းပန်ကာငြင်းလေတိုင်း မှိန်ကျသွားတတ်တဲ့ မျက်နှာဖွေးဖွေးလေးကို ကြည့်မိရင်းလဲ လူတွေရဲ့မမြင်ကွယ်ရာရောက်ရင် ငြင်းခဲ့မိတဲ့ပါးစပ်တွေကို အပ်နဲ့ချုပ်ပစ်ချင်ရလောက်အောင် မုန်းလွန်းလို့ အော်ဟစ်သောင်းကျန်းခဲ့ရပါသေးတယ်။
လူတွေမြင်နိုင်တဲ့အရာအားလုံးက မ..ဘူး ဆိုတဲ့ ဝါကျလေးနှစ်လုံးနဲ့ လျှောလျှောရှူရှူပြီးမြောက်ခဲ့ပုံရပေမယ့် လူတွေမမြင်နိုင်တဲ့တစ်ဖက်ခြမ်းကတော့ သွေးစက်စက်ကျနေတဲ့ နာကျင်မှုတွေနဲ့ပဲ။