Part5

14.4K 731 14
                                    

Zawgyi

What the hell!
သူမ တစ်​ခါမှမခံစားခဲ့ဖူးသည့်​ခံစားချက်​မျိုးဖြစ်​သည်​။ထိုက​လေးမ၏နှုတ်​ခမ်းပါး​လေးများသည်​ နူးညံ့သည်​ထက်​ပိုသည်​။သို့​သော်​ ထို​ကောင်​မ​လေး ​သောက်​ထား၍​ကြောင့်​ဖြစ်​မည်​။အနည်းငယ်​ ခါးသက်​သက်​ဖြစ်​​လေသည်​။သူမ ပါးကိုကိုင်​ကာ ထိုနှုတ်​ခမ်းပါးကို တပ်​မက်​စွာနမ်း​နေမိသည်​။သို့​သော်​ သူမ၏လက်​များမှာ​တော့ မည်​သည့်​​နေရာကိုမှမကျူး​ကျော်​မိ ထူးဆန်းသည်​ သူမ ပထမဆုံးအကြိမ်​အ​ဖြစ်​ နမ်းခြင်းနှင့်​sexကိစ္စကို မ​ရော​ထွေးခဲ့ခြင်းဖြစ်​သည်​။
သို့​သော်​ အကျင့်​ကို​တော့​ဖျောက်​ရန်​ခက်​ခဲ​ပေသည်​။သူမ ​အောက်​နှုတ်​ခမ်းကိုဖိကိုက်​မိသည်​။
ညည်းသံတိုးတိုးနှင့်​အတူ သူမငံကျိကျိအရသာကိုပါခံစားမိလိုက်​သည်​။ထို့​ကြောင့်​ သူမ အလန့်​တကြား​နောက်​သို့ဆုတ်​လိုက်​မိ​သောအခါ သူမ​ခေါင်းနှင့်​ကားတံခါးတို့တိုက်​မိ​လေသည်​။
'Oh shit'
သူမ သာအလန့်​တကြား​နောက်​သို့ပြန်​ဆုတ်​လိုက်​​သော်​လည်း သူမထင်​သလို​ထိုက​လေးမ နိုးမလာသည့်​အပြင်​ တစ်​ဖက်​သို့​စောင်းလိုက်​သည်​။
သူမ တစ်​ခုခုကိုအနိုင်​ရသလို​ပျော်​ရွှင်​မှုဖြင့်​ရီလိုက်​သည်​။
'ဘဝမှာ တစ်​ခါမှခိုးနမ်းရမယ်​လို့မ​တွေးမိခဲ့ဘူး မင်းက တကယ်​ တစ်​ခုခု​တော့တစ်​ခုခုဘဲ က​လေးငယ်​'

သူမ လက်​ထဲတွင်​ကိုင်​ထား​သော သံပုရာရည်​ခွက်​ကိုကြည့်​ကာ မျက်​​မှောင်​ကြုပ်​မိသည်​။
'ငါ ဘာ​တွေလုပ်​​နေမိတာလဲ'
သူမ တစ်​စုံတစ်​​ယောက်​ကို ဂရုစိုက်​ရသည်​ကိုမနှစ်​သက်​​ပေ။ကိုယ်​တိုင်​သာ ထိုဂရုစိုက်​မှုများကို လိုချင်​သူဖြစ်​သည်​။ယခု သူမကိုယ်​သူမ မယုံနိုင်​​အောင်​ပင်​ဖြစ်​ရသည်​။
'ညီမ​လေး...ညီမ​လေး'

'အိုး... ​တောင်းပန်​ပါတယ်​' ဆိုင်​ရှင်​ အမကြီး​ပေး​သော​​ဆေးထုပ်​ကိုယူကာ ထို​နေရာမှအမြန်​ထွက်​လာမိသည်​။ပထမဆုံးအကြိမ်​အဖြစ်​ တစ်​စုံတစ်​ခုကို အသည်းအသန်​​တွေး​နေမိခဲ့ပြီး ပထမဆုံးအကြိမ်​အဖြစ်​ ထိုကဲ့သို့ လုပ်​​နေရသည်​ကိုလည်း ​ကျေ​ကျေနပ်​နပ်​လုပ်​​နေမိခဲ့ခြင်းဖြစ်​သည်​။

Demons🔞Season 1 [Completed]Onde histórias criam vida. Descubra agora