Part 8

9.8K 589 8
                                    

Zawgyi

'မန်​ စား​လေ နင်​အခုတ​လော ဘာမှလည်း​သေချာမစားဘူး ရုပ်​ရှင်သွားကြည့်​ပြီးပြန်​လာကတည်းက နင်​ တစ်​မျိုးကြီးဖြစ်​​နေတာ နင်​ဘာဖြစ်​​နေတာလဲ မန်​ ငါ့ကို​ပြော​လေ'

သူမ သက်​ပြင်းချလိုက်​ကာ မျက်​နှာကိုလက်​ဖြင့်​ အုပ်​လိုက်​ရင်း ​လေးပင်​စွာ​ပြောလိုက်​မိသည်​။
'ငါ ဘာ​မှမဖြစ်​ဘူး ဒီတိုင်းဘဲ ဒီတိုင်း​လေးဘဲ'

'ညီ ညီ လူ​တွေအများကြီးရှိတယ်​ ညီ စိတ်​​လျှော့ပါကွာ'

ဇေယျာ ကိုခန့်​ တား​နေသည့်​ကြားထဲမှ အတင်းဖယ်​ကာ ထို ​ဟေမန်​ဆိုသည့်​ အမျိုးသမီး ထိုင်​​နေသည့်​ စားပွဲဝိုင်းသို့သွားလိုက်​သည်​။ထို့​နောက်​ သူမတို့ဝိုင်းတွင်​ တင်​ထား​သော ​အ​အေးခွက်​ကို ယူကာ ထိုအမျိုးသမီး မျက်​နှာကိုလှမ်းပက်​လိုက်​သည်​။

'ခင်​ဗျား သိပ်​​အောက်​တန်းကျတယ်​ ခင်​ဗျား​ကြောင့်​ ကျွန်​​တော့်​သူငယ်​ချင်း အဲ့​နေ့ကတစ်​ချိန်​လုံးငို​နေတာ  အတင်းမရမက ​မေး​တော့မှ​ပြောပြတာ ဒါ​တောင်​ မသွားပါနဲ့တဲ့ ခင်​ဗျားကိုအ​နှောက်​အယှက်​သွားမ​ပေးနဲ့လို့ တား​နေတာ ခင်​ဗျားက​တော့ တကယ့်​ကို ကိုယ့်​ဘက်​ဘဲကိုယ်​ကြည့်​တဲ့ မ​ကောင်းတဲ့လူဘဲ ကျွန်​​တော်​တို့က သူငယ်​ချင်း​တွေရိုးရိုးသားသားဘဲ ခင်​ဗျားလို အချိန်​ပြည့်​​ခေါင်းထဲမှာ sexကိစ္စ ပြည့်​နှက်​​နေတဲ့ ​ကောင်​​တွေမဟုတ်​ဘူး'
ခန့်​ပိုင်​ ​ဒေါသထွက်​ကာ အသား​တွေပါတဆက်​ဆက်​ တုံ​နေသည့်​အ​ကောင်​​ပေါက်​​လေး ကိုဖက်​လိုက်​သည်​။ထို့​နောက်​ ​ခေါင်းကိုနမ်းကာ ပါးစပ်​မှလည်း စိတ်​​လျှော့ဖို့​ပြောရင်း ထို​နေရာမှပြန်​​ခေါ်ခဲ့သည်​။

သူမတို့ဝိုင်းကို အကုန်ဝိုင်းကြည့်​​နေကြ​သော​ကြောင့်​ ရတီ မလှုပ်​မယှက်​ ထိုင်​​နေ​သော သူမသူငယ်​ချင်းကို ဆွဲ​​ခေါ်ကာ ကန်​တင်း​ရှေ့တွင်​ရပ်​ထား​သော သူမ
ကား​ပေါ်သို့ ​ခေါ်လာရသည်​။ထို့​နောက်​ အိတ်​ထဲတွင်​ရှိ​သော tissueထုပ်​ကိုရှာကာ တစ်​ရွက်​ဆွဲယူလိုက်​ရင်း သူမသူငယ်​ချင်း​မျက်​နှာ​ ကိုသုတ်​​ပေးလိုက်​သည်​။ဘာတစ်​ခုမှမ​မေးမြန်းမိဘဲ ရှိုက်​သံထွက်​လာ​သော သူမသူငယ်​ချင်းကိုဖက်​ကာ အား​ပေးမိသည်​။
'သီရိ ငါ ငါတကယ်​ကို မ​ကောင်းတဲ့လူဘဲ ငါ သိပ်​ကို​အောက်​တန်းကျပါလား ငါဒီလက်​​တွေနဲ့အဲ့​ကောင်​မ​လေးကို ​စော်​ကားဖို့ကြံခဲ့မိတာ ငါလူစိတ်​​တောင်​မရှိတဲ့သူဘဲ'

Demons🔞Season 1 [Completed]Where stories live. Discover now