Part 17

7.1K 441 8
                                    

Zawgyi

ကတိ​တွေနဲ့အယုံသွင်းပါ
ဂရုစိုက်​မှု​တွေနဲ့ မာနကိုရိုက်​ချိုးပါ
ခင်​ဗျား အတ္တ​တွေကိုcoffeeထဲထည့်​တိုက်​ပါ
ပြီး​တော့ သိပ်​ချစ်​တာဘဲဆိုပြီးညာပါ။

'က​လေး ကိုယ်​ အိမ်​​ရှေ့​ရောက်​​နေပြီ​နော်​' မန်​ အိမ်​ထဲသို့မဝင်​ဘဲ ခြံအပြင်​မှာသာရပ်​​စောင့်​ရင်း က​လေးကို
ဖုန်းလှမ်းဆက်​လိုက်​မိသည်​။

သူမ ထိုအိမ်​ကို က​လေးမရှိတဲ့အချိန်​အကြိမ်​ကြိမ်​​ရောက်​ခဲ့ဖူးသည်​။မ နှင့်​​ဆေးခန်းအတူလိုက်​ပြ​ပေး​နေသည်​ကိုလည်း မ ၏မိဘများတစ်​နည်းအားဖြင့်​ ထိုက​လေးမ၏မိဘများလည်း သိ​ပေသည်​။မ မှာ မန်​အတင်းလိုက်​ပို့​နေ မှု​ကြောင့်​သာ ​​ဆေးခန်းကိုအပတ်​တိုင်းမှန်​မှန်​သွား​နေခြင်းဖြစ်​သည့်​အတွက်​လူကြီးများကိုယ်​တိုင်​ မန့်​ကိုအကူအညီ​တောင်းထားခြင်းဖြစ်​သည်​။သို့​သော်​ ထိုကဲ့သို့ကိစ္စအဝဝကို​တော့ က​လေး မသိ​ချေ။

'အထဲဝင်​ခဲ့​လေ မဟုတ်​ဘူး မြတ်​နိုးလာ​ခေါ်မယ်​ ခဏ​လေး​'

'မဟုတ်​ဘူး ရတယ်​ မ အပြင်​မှာ​စောင့်​လိုက်​​တော့မယ်​ ဟုတ်​ပြီလား က​လေးဘာသာလုပ်​စရာရှိတာလုပ်​'

'ဖြစ်​ရဲ့လား မြတ်​နိုး စိတ်​မချပါဘူး​နော်​'

'ဖြစ်​ပါတယ်​ဆို ချစ်​တယ်​ က​လေး'

'ဟုတ်​ က​လေးလည်း ချစ်​တယ်​ ဒါဆို ခဏဘဲ​နော်​ အခုချက်​ချင်း ထွက်​လာခဲ့မယ်​'

'မန်​ က​လေး ​ရောက်​​နေပြီဘဲ' ဖုန်းချပြီးပြီးချင်းကြားလိုက်​ရသည့်​အသံ​ကြောင့်​ အ​နောက်​သို့လှည့်​ကြည့်​မိသည်​။

'​​မ မ ကမန်​လာကြိုမှာကိုသိ​နေတာလား'

'အင်း..သိတယ်​​လေ မ​နေ့ညက ငယ်​​လေးလာ​ပြောတယ်​ က​လေးလာကြို မှာဘဲကို ဘာလို့ မ ကိုလိုက်​ပို့ခိုင်းလဲ​တော့မသိဘူး'

သူမ တို့စကား​ပြော​နေတုန်း အိမ်​ထဲမှထွက်​လာ​သော က​လေး​မ​ကြောင့်​ သူတို့စကားပြတ်​သွားသည်။

'​အော်​ မမရှိတာဘဲ မြတ်​နိုးက မ တစ်​​ယောက်​တည်း
ဖြစ်​နေပြီထင်​လို့ ဆို​တော့ကာ သွားကြရ​အောင်​​လေ'

Demons🔞Season 1 [Completed]Where stories live. Discover now