Part 20(Final)

13.5K 584 9
                                    

Zawgyi

မြတ်​နိုး အချိန်​အ​တော်​အကြာ အိပ်​​ပျော်​​နေခဲ့ရသည်​။သူမ အိပ်​​မောကျ​နေစဉ်​အတွင်း အရာအားလုံးကိုလည်း ​တွေ့ကြုံ ခဲ့ရသည်​။ဟေမန်​ ဆိုသည့်​ ထိုအမျိုးသမီး နှင့်​​တွေ့ဆုံခဲ့သည်​မှအစ ထိုအမျိုးသမီး သူမကို လှည့်​မကြည့်​ဘဲ ထားသွားခဲ့သည်​မှအဆုံး ဖြစ်​စဉ်​အစအဆုံးကို ကြုံ​တွေ့ခဲ့ရသည်​။သူမ နိုးထလာချိန်​မှာ​တော့ ​ဟေမန်​ ဆိုသည့်​ထိုအမျိုးသမီးကို မုန်းသည့်​စိတ်​အပြည့်​နှင့်​ပင်​ဖြစ်​သည်​။သို့​သော်​ သူမ နိုးထလာသည့်​အချိန်​မှစ၍ ထိုအမျိုးသမီး အ​ကြောင်းမကြားရ​တော့သလို သူမ ကိုယ်​တိုင်​လည်းမ​မေးဖြစ်​ခဲ့​ချေ။

'Good morning class'သူမ တက္ကသိုလ်​ဆရာမ အဖြစ်​ စစလုပ်​သည့်​အချိန်​က အ​တော်​ pressure များခဲ့သည်​။သို့​သော်​ ယခုအချိန်​တွင်​​တော့ အနည်းငယ်​ ​နေသားကျ​နေ​လေပြီ။သူမ ဒီအတန်းကိုဝင်​ရသည့်​အချိန်​တိုင်း စားပွဲ​ပေါ်တွင်​ Americanoတစ်​ခွက်​ ​အမြဲကြို​ရောက်​​နေ​လေ့ရှိသည်​။သူမ ဒီအတန်းကိုစဝင်​ပြီး​နောက်​ရက်​မှစ၍ ထို Americanoသည်​လည်း ​နေ့စဉ်​မပြတ်​ပင်​။မဆီမဆိုင်​ သူမ အကြိုက်​ကို အမြဲမ​မေ့တတ်​သည့်​ ထိုအမျိုးသမီး ကိုသတိရမိပါ​သေးသည်​။ယခုဆို သူမလည်း အိမ်​​ထောင်​ပြုပြီး​လေ​လောက်​​ပေမည်​။သတင်းအစ​အန ပင်​မရဘဲ ​ဘေးမှ ​နေ့တွင်းချင်း​ပျောက်​သွားသည့်​ ထိုအမျိုးသမီး ကို လိုအပ်​သည်​ထက်​ကိုပင်​ ပို၍ မုန်းမိ​ပေသည်​။

'Page 21က...'

သူမ နာမည်​က ဟန်​နီနွယ်​။E major first year ​ကျောင်းသူတစ်​​ယောက်​။ကျောင်းစတက်​သည့်​​နေ့ကပင်​ ပထမဆုံး​ မြင်​ဖူး​သော တီချယ်​တစ်​​ယောက်​ကို နွယ်​မြင်​မြင်​ချင်းသ​ဘောကျမိသည်​။သူမတို့အင်္ဂလိပ်​စာဠာန တွင်​ အသက်​အငယ်​ဆုံး​သော ဆရာမ တစ်​​ယောက်​ပင်​ဖြစ်​သည်​။နွယ့်​ စိတ်​ထဲဘာရယ်​​ကြောင့်​မှန်းမသိ မြင်​ဖူးသလို ခံစားမိသည်​။အတိတ်​ဘဝက ဖူးစာမပါဘဲလွဲ​ချော်​​ခဲ့​လေခြင်း​ဟူ၍ပင်​ ရူးရူးမိုက်​မိုက်​​တွေးမိပါ​သေးသည်​။တီချယ့်​ကို နွယ်​စ​တွေ့သည့်​​နေ့မှစ၍ အိမ်​မက်​ဆိုးတစ်​ချို့ သူမထံ​နေရာယူလာ​လေသည်​။

Demons🔞Season 1 [Completed]Where stories live. Discover now