01

14.1K 684 26
                                    

[Zawgyi]

" အားကျန့်လေး ... ပြန်တော့လေ ... အပြင်မှာ မိုးရွာတော့မယ်ထင်တယ် ... လေအေးတွေတိုက်နေပြီ ... ခွက်တွေက ကျဲပဲ ဆက်သုတ်လိုက်မယ် "

" ဟုတ်ကဲ့ ကျဲ ... ကျွန်တော် ပြီးတော့မှာပါ ... နည်းနည်းပဲကျန်တော့လို့ လက်စသတ်နေတာ "

ရှောင်းကျန့်ရဲ့စကားကြောင့် ကျဲလုယွမ်က မူပိုင်အပြုံး အေးအေးလေး ပြုံးပြရင်း ဆိုင်ရှေ့ကို ပြန်ထွက်သွားသည်။ လက်ထဲက သုတ်လက်စ ကော်ဖီခွက်လေးတွေကို အပြီးသတ်လိုက်ရင်း ဗီရိုထဲ စနစ်တကျ စီထည့်လိုက်သည်။

" အင်း ... အိမ်ပြန်မရောက်ခင် မိုးမရွာပါစေနဲ့ "

ထီးဆောင်ထားတတ်တဲ့ အကျင့်မရှိတာကြောင့် တလက်တလက်တောက်နေတဲ့ အပြင်က လျှပ်စီးတွေကို မှန်ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း ရှောင်းကျန့် ရေရွတ်မိသည်။

ခါးမှာပတ်ထားတဲ့ အေပရွန်လေးကိုချွတ်ကာ တိုင်မှာနေရာတကျ ချိတ်ထားလိုက်ရင်း ဆိုင်ထောင့်မှာ တင်ထားတဲ့ လွယ်နေကျ ကျောပိုးအိတ်လေးကို ရှောင်းကျန့် ကောက်လွယ်လိုက်သည်။

" ကျဲ ... ကျွန်တော်ပြန်တော့မယ်နော် ... တံခါးတွေ သေချာပိတ်နော် ကျဲ "

" ဟုတ်ပြီ အားကျန့်လေး ... ခဏ . ညစာစားဖို့ ဟင်းဘူးလေး ယူသွားဦး ... ကျဲ ထည့်ထားပြီးသား ... သွားယူလိုက်ဦးမယ် ခဏစောင့်နော် "

" ဟုတ် ကျဲ "

ကျဲလုယွမ်က ရှောင်းကျန့်ကို မောင်လေးတစ်ယောက်လို အရမ်းဂရုစိုက်ပြီး အိမ်ပြန်ချိန်တိုင်း တစ်ခုမဟုတ်တစ်ခု ထည့်ပေးတတ်သည်။ ငြင်းရင်လဲ မကြိုက်သူမလို့ အားနာနာနဲ့ပဲ ဟင်းဘူးလေးတွေကို လက်ခံရင်း လွယ်အိတ်လေးထဲ ထည့်လိုက်သည်။

" အများကြီးထည့်ပေးလိုက်တယ်နော် အားကျန့်လေး ... များများစား ... ကျဲ မောင်လေး အခုတလော ပိန်သွားတယ် ... အိပ်ရေးတွေပျက်လို့လား "

" ဟုတ်တယ် ကျဲ ... ဆွဲရမယ့် ဒီဇိုင်းလေးတွေက အပ်ဖို့နီးနေလို့ပါ "

" အိပ်ရေးမပျက်စေနဲ့လေ ... အရမ်းအရေးကြီးရင် မနက်ဖြန် ဆိုင်မလာနဲ့ အားကျန့်လေး ... ကျဲက တစ်ယောက်ထဲက အဆင်ပြေပါတယ် ... ဟိုဘက်က ကျိုးမိန်လေးကို ခဏခေါ်ထားလိုက်လို့ရတယ် "

Just To Be With You [ Completed ]Where stories live. Discover now