16

2.9K 254 11
                                    

[Zawgyi]

ရိပေါ်က ဟန်းနီးမွန်းအတွက် အချစ်ကို ဟာဝိုင်အီတွေ၊ ပဲရစ်တွေ၊ နယူးယော့ခ်တွေကို ခေါ်သွားဖို့ ဆန္ဒရှိပေမယ့် အနီးအနားက ပင်လယ်ကိုပဲ ကားမောင်းသွားချင်ဆိုတာကြောင့် လိုက်လျောရတော့တယ်။ အလိုလိုက်ရတာပေါ့။ ချစ်တာကိုး။

" အေးနေတုန်းနော် ... သားကျန့်ကို ရေထဲဆင်းမဆော့စေနဲ့ "

" ဟုတ်ကဲ့ပါ ပါပါးရဲ့ "

ကားပေါ်ကို လိုအပ်တဲ့ပစ္စည်းတွေတင်နေတုန်း ကျင်းကော်လေးကိုပွေ့ထားတဲ့ ဝမ်ဗိုက်ပူလေးက ရိပေါ်ကို သတိပေးတယ်။ ပေကျင်းမှာက ပထမဆုံး နှင်းကျပြီးကတည်းက အေးလိုက်တာမှ အရမ်းပဲရယ်။

မင်္ဂလာပွဲပြီးလို့ ပင်ပန်းနေပုံရတဲ့အချစ်က အနွေးထဲအင်္ကျီထူထူထဲမှာမြုပ်လို့ ကားထဲမှာဝင်ထိုင်နေတယ်။ အဲ့တော့ အချစ်ကလေးမပင်ပန်းစေဖို့အရေး ရိပေါ်အရေးထားလို့ လိုအပ်တာတွေမှန်သမျှ ကားပေါ်တင်ရင်း ရိပေါ်ကပဲ အစအဆုံးစီစဉ်တယ်။

" ပြန်လာရင် ခရုကောက်ခဲ့ "

" ခရုနဲ့ဆော့ရအောင် ပါပါးက ကလေးလား "

" ပြန်မပြောစမ်းနဲ့ ... အမလေး ဒီအဖေက အဆိုးကောင်ကို ပြုစုစောင့်ရှောက်ဖို့ ရှာရဖွေရတာနဲ့ ပင်လယ်ကိုမရောက်တာ ဘယ်လောက်ကြာနေပြီလဲ ... ခရုမမြင်ရတာကြာလို့ ကောက်ခဲ့ခိုင်းတာကို "

" ခရုမြင်ချင်ရင် ပင်လယ်ကိုလိုက်ခဲ့ပေါ့ "

မျက်လုံးကအရောင်လေးတွေ ဘလင်းဘလင်းဖြစ်သွားတဲ့ ဝမ်ဗိုက်ပူလေးကြောင့် ရိပေါ်ခိုးပြုံးလိုက်တယ်။ လိုက်ချင်လို့ တမင်သတ်သတ် စကားနာထိုးနေတာအသိသာကြီး။

" အဲ့လိုရလား မိုင်ဆန်း "

" ရတာပေါ့ "

" အိုကေ ... ခဏလေး "

အိမ်ထဲကိုပြေးဝင်သွားပြီး ပြန်ထွက်လာတော့ လက်တစ်ဖက်က ကျင်းကော်ကိုချီထားပြီး တစ်ဖက်က ခရီးဆောင်အိတ်ကိုဆွဲထားတဲ့ ဝမ်ဗိုက်ပူလေးက သိပ်တက်ကြွနေတယ်။ ခရီးဆောင်အိတ်က ဘယ်ကတည်းက ပြင်ဆင်ထားမှန်းမသိ။

" အဟမ့် ... ပင်လယ်ကို မသွားရတာကြာတော့ ပျော်ရဦးမှာပဲ "

ခရီးဆောင်အိတ်ကို ရိပေါ်ဘေးမှာထားလို့ ခပ်တည်တည်နဲ့ပဲ ကျင်းကော်လေးကိုချီထားတဲ့ ဝမ်ဗိုက်ပူလေးက ကားနောက်ခန်းမှာ ဝင်ထိုင်တယ်။ သဘောက ခရီးဆောင်အိတ်ကို ရိပေါ်ပဲ တင်လိုက်တော့ဆိုတဲ့သဘော။

Just To Be With You [ Completed ]Where stories live. Discover now