12

2.7K 312 4
                                    

[Zawgyi]

မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့ ရှောင်းကျန့်က သီချင်းလေးတညည်းညည်းနဲ့။ ရိပေါ်အတွက်ချက်နေတဲ့ ဟင်းအိုးလေးကိုမွှေနေရင်း ခြေထောက်တစ်ဖက်ကလည်း သီချင်းနဲ့အပြိုင် စီးချက်ကျကျတလှုပ်လှုပ်နဲ့ရယ်။

" အိုက်ယိုး ... ကျင်းကော် . ပါပါးသမီးလေးက ဗိုက်ဆာလို့လား ... ဟင် ~ ပျင်းနေပြီလား "

ဟင်းချက်နေရင်း ရှောင်းကျန့်ခြေထောက်ကို ခေါင်းလေးနဲ့ လာပွတ်သပ်တဲ့ကျင်းကော်လေးကြောင့် ဟင်းအိုးကိုမီးပိတ်ရင်း ကျင်းကော်လေးကို ပွေ့ချီပစ်လိုက်တယ်။

" ရန်ဖြစ်စရာ ရိပေါ်မရှိတော့ ပျင်းနေတယ်ပေါ့လေ ... ဟုတ်လား သမီးလေး . ဟမ် "

" ညှောင် ~ "

" ဟ ဟ ... ပါပါးသမီးလေးကတော့ကွာ "

အသည်းတယားယားနဲ့ ကျင်းကော်လေးရဲ့ နှာဖျားနီတာရဲလေးကို ရှောင်းကျန့်က တဖွဖွနမ်းပစ်လိုက်တယ်။ အလုပ်များနေတဲ့ရိပေါ်က အိမ်ကိုမလာတာကြောင့် ကျင်းကော်လေးကတော့ အတော်ပျင်းနေပုံရတယ်။

" အောက်ဆင်းဆော့နေနော် သမီးလေး ... ပါပါး ဟင်းချက်ဦးမယ် "

အောက်ချပေးလိုက်တော့ အိမ်ရှေ့ခန်းကို လှုပ်လှုပ်၊ လှုပ်လှုပ်နဲ့ ထွက်သွားတဲ့ကျင်းကော်လေးကြောင့် ရှောင်းကျန့်ပြုံးမိတယ်။ မီးဖိုချောင်ထဲကထွက်ကာ ဧည့်ခန်းထဲကနာရီကိုလှမ်းကြည့်ပြီးတော့ ရှောင်းကျန့်မှာ မီးဖိုချောင်ထဲ အမြန်ပြန်ပြေးရတော့တာပဲ။

" အိုက်ယားးး ... နောက်ကျတော့မှာပဲ "

အမှန်တိုင်းပြောရရင် အလုပ်များနေလို့ ဖုန်းဆက်ပြီး ဗီဒီယိုကောလ်ပြောရုံကလွဲလို့ နှစ်ရက်တောင်မတွေ့ရသေးတဲ့ ရိပေါ်ကို ရှောင်းကျန့်ကလွမ်းနေပြီဖြစ်တယ်။ ဒါကြောင့်မလို့ ဒီနေ့တော့ ရိပေါ်အတွက် နေ့လည်စာလေးချက်ပေးပြီးတော့ ကုမ္ပဏီကိုလိုက်သွားပြီး တူတူစားဖို့ စဉ်းစားထားတယ်။

" ဒီလောက်ဆို ကောင်းကောင်းစားမှာပါ "

ချက်ပြုတ်ပြီးတော့ စားပွဲပေါ်မှာပြင်ဆင်ထားတဲ့ ဘူးလေးတွေကိုကြည့်ပြီး ရှောင်းကျန့်ရေရွတ်လိုက်တယ်။ နောက်တော့ အိတ်ကလေးတွေနဲ့ သေသေချာချာစီထည့်ပြီး ရိပေါ်ဆီသွားဖို့ပြင်ရတော့တယ်။

Just To Be With You [ Completed ]Where stories live. Discover now