part 11(Unicode)

353 24 0
                                    

မိုးရာသီရဲ့မနက်ခင်းက အေးချမ်းမှုကိုပေးစွမ်းနေ၏။ရွာမလိုလိုနှင့်မိုးရိပ်ဆင်နေတဲ့တိမ်တိုက်တို့က နေမင်းရဲ့အလင်းရောင်မထိုးဖောက်နိုင်အောင် ကြယ္ထား၏။

ခေါင်းလျှော်ပြီးစ ဆံပင်တို့ကို သဘက်တစ်ထည်နဲ့သေချာပြောင်အောင်သုတ်နေရင်း တစ်ခါတည်းမှာပဲ ဘီရိုထဲက ဝတ်မယ့် အကျီနဲ့ပုဆိုးကို အတင်သင့်ထုတ်ထားလိုက်သည်။

မှန်ရှေ့မှာ ဝမ်းဗိုက်ကအဖုအထစ်တွေကို အထင်းသားမြင်ရသည်။လည်ကတုံးလက်ရှည်တစ်ထည်ကိုဝတ်ကာ တံတောင်ဆစ်နားထိ မရောက်တတ်ရောက်တတ် ခေါက်တင်ထားပြီးအဖြူနဲ့အပြာရောင်နှစ်မျိုးစပ်ထားတဲ့ အင်းမပုဆိုးကို ကျနစွာလိုက်၏။

နဖူးပြင်ပေါ်အစီစဉ်မကျ ကျနေတဲ့ဆံပင်စတို့ကို ဂျယ်နှင့်အပြောင်သိမ်းကာ လှန်တင်ထားလိုက်သည်။
ဝက်ခြံဖုတွေကင်းစင်တဲ့ မျက်နှာထက်ကိုတော့ ဘာမှမလိမ်းတော့ပါ။စွတ်နေကျ ခပ်သင်းသင်းရေမွှေးလေးကို စွတ်ဖြန်းလိုက်တော့ ရနံ့သင်းလေးက မနေ့က နှင်းဆီပန်းနံ့လေးလောက်တောင် စွဲမက်စရာမရှိတော့ပါလားဟု တွေးမိလိုက်သည်။

"သားငယ်...အဆင်သင့်ဖြစ်ရင် ဘုန်းကြီးသွားပင့်လိုက်တော့လေ"

"ဟုတ်တယ်မောင်လေး..တော်ကြာလူတွေရှုပ်လို့ ဧည့်ခံနေရရင် မသွားတတ်ပဲနေမယ် ခုသွားလိုက်တော့"

"ဟုတ်..သွားလိုက်တော့မယ်"

ကားသော့ကိုယူကာ အိမ်ရှေ့ကိုထွက်လာတော့ ကီကီက အမြီးတနှံ့နံှံ့လုပ်ကာ သူပါလိုက်ချင်ကြောင်းဆန္ဒထုတ်ဖော်နေ၏။
ချီပါဆိုတဲ့အကြောင်း လက်နှစ်ဖက်ကိုထောင်ကာ အသံစာစာလေးနဲ့ ဟောင်နေ၏။

"လိုက်လို့မရဘူးကွ။ငါက ဘုန်းကြီးသွားပင့်မှာ အိမ်မှာနေခဲ့"

လျှာလေးထုတ်ကာ ကျွန်တော့မျက်နှာကို မော့ကြည့်ရင်းဟောင်နေတဲ့ ကီကီက တကယ့်ကိုအစွာလေး။ခွေးလေးတစ်ကောင်မွေးချင်တယ်ဆိုတဲ့ မမရဲ့စနက်ကြောင့် သွားဝယ်ဖြစ်ခဲ့တာဖြစ်သည်။
ဝယ်ခါစက ကီကီက ပေါက်စသေးသေးလေးဖြစ်သည်။ဆိုင်ကတခြားခွေးလေးတွေက ငြိမ်ကုတ်နေပေမယ့် ကီကီကေတာ့ ကျွန်တော်တို့မောင်နှမကိုကြည့်ကာ အဆက်မပြတ်ဟောင်နေတာကြောင့်စွာလွန်းတဲ့ကီကီကို အဲ့တည်းက မမက ဈေးမလျှော့ဘဲဝယ်ခဲ့ကာ သဲသဲလှုပ်ချစ်ပြ၏။

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Where stories live. Discover now