part 17(Zawgyi)

176 12 1
                                    

မတွေ့ခဲ့ရင်သိပ်ကောင်းမယ် ဆိုတဲ့အတွေးတွေကို အချိန်ပြည့်တွေးနေမိတဲ့ ကိုယ့်ကိုကိုယ်စိတ်တိုမိသည်။သူ့အကြောင်းတွေမေ့ထားမယ်၊မျက်စိရှေ့မှာ ပေါ်လာရင် အကြည့်လွှဲလိုက်မယ်ဆိုပြီး တွေးမိပေမယ့် လက်တွေ့မှာတော့ အတွေးနဲ့ခြားနားစွာ ထိုကောင်လေးကိုသာ မသိမသာငေးကြည့်နေမိတယ်။
သူ့အသံမှမကြားရရင်၊သူ့ကိုမှမတွေ့ရရင် တစ်ခုခုလိုနေတဲ့ခံစားချက်ကို ဖျောက်ထားလိုက်ချင်သည်။

စစ်မှန်တယ်လို့ထင်တဲ့ချစ်ခြင်းကို ရှာတွေ့ခဲ့တယ်။သူ့ရဲ့အလွဲနဲ့တွေ့ဆုံခဲ့တာလေးတွေ၊အမြဲအားငယ်နေတဲ့ မျက်နှာလေးဟာ ရင်ထဲမှမထွက်ပါ။ဖအေတူ မအေကွဲ ညီအစ်ကိုတဲ့လား။ဟက်...ဒါလားတွေ့ဆုံမှု၊ဒါလားအချစ်။တစ်အိမ်ထဲနေပြီး လွမ်းနေရတဲ့ အဖြစ်ကိုလည်းသဘောမကျချင်တော့ပါ။

"တစ်ခုခု ပြောစရာရှိလို့လားကောင်လေး"

ကော်ဖီခွက်ကို ကိုင်လိုက်၊ချလိုက်၊ကျွန်တော့်မျက်နှာကိုမော့ကြည့်လိုက်လုပ်နေတဲ့ကောင်လေးကို မေးလိုက်တယ်။

"ဟုတ်..ဟုတ်၊ခွင့်တောင်းစရာလေးရှိလို့ပါဗျ၊"

"အင်းပြောလေ"

ကော်ဖီခွက်ကိုမှုတ်ရင်း တစ်ငုံသောက်လိုက်ကာ ကောင်လေးရဲ့အပြောကိုစောင့်နေမိသည်။ဘာတွေ ဒီလောက်ကြောက်နေတာလဲတော့ မသိ။

"ဟိုလေ..ပျိုးပင်လေးတွေဝယ်ဖို့ ဖေဖေ့ကို ပြောတော့ ကိုလေးကလိုက်ပို့လိမ့်မယ်ပြောလို့ ကိုလေးအားရင် လိုက်ပို့ပေးပါလား၊ပြီးတော့ ဝယ်စရာလေး နည်းနည်းရှိလို့"

"ခုနေ့လား"

"ဟုတ်..ကိုလေး အားရဲ့လား၊အရေးမကြီးပါဘူးဗျ"

"အင်း...ဒါဆို မြန်မြန်စား။ကို အဝတ်စားလဲပြီး ဧည့်ခန်းထဲကစောင့်မယ်"

အေးနေတဲ့ကော်ဖီကိုမော့ပြီးမနက်စာကို အဆုံးသတ်ကာအဝတ်စားလဲဖို့ အခန်းထဲပြန်ဝင်လိုက်သည်။

မေမေရဲ့တစ်လပြည့်အတွက် အသွားမှာ ဘုရားကို လိုက်ပို့ပေးဖို့ ခွင့်တောင်းရအုံးမယ်။မေမေ့ကြောင့်လို့ပြောရင် ကိုလေးများ စိတ်ကွက်သွားမလားဆိုပြီး ထုတ်မပြောခဲ့တာ။ဒါပေမယ့် ကိုလေးက လူကောင်းတစ်ယောက်ဆိုတာကျွန်တော်သိပါတယ်။

ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)Where stories live. Discover now