Privacy 1

4.1K 416 18
                                    

ဘတ်ဟျွန်းအလုပ်ရောက်တော့ ရောက်နှင့်နေပြီဖြစ်တဲ့ သူတို့ team က လူတွေက ပြုံးစိစိနဲ့.. ။ နောက်ကျပြန်ပြီလား ဆိုတဲ့ သဘောနဲ့ ခေါင်းခါတဲ့ လူက ခါ။

သူ့ကို ကြည့်ပြီး ရယ်ချင်နေတဲ့ လူတွေကြောင့် ဘတ်ဟျွန်းစိတ်မလုံတော့။ ခြေချောင်းတွေကို ကုတ်ထားမိသည်။ စီးလာမိတဲ့ ဖိနပ်က အိမ်စီးဖိနပ်အဖြူရောင်လေး။ ရယ်နေတဲ့လူတွေကြောင့် ရှုံ့မဲ့မဲ့နဲ့ မိမိနေရာသာ သွားထိုင်လိုက်သည်။ ထိုင်ပြီး မကြာလိုက် မကြားချင်သော အသံဆိုးက ဆီးကြိုပြီး လာပြီ။

”ဘတ်ဟျွန်းရှီ ဒီနေ့လည်း နောက်ကျပြန်ပြီလား ”

ဒီအသံသြသြက သိပ်မုန်းဖို့ကောင်းတာ
မသိမသာ ခြေဆောင့်လိုက်ပြီး ဘတ်ဟျွန်း မတ်တပ်ထရပ်လိုက်သည်။

”ဟုတ်ကဲ့ အယ်ဒီတာကြီး
အိမ်မှာ ဖိနပ်ရှာနေရလို့ပါ ”

သွားကြားထဲက ထွက်လာတဲ့ လေသံ ခပ်တင်းတင်း။

”အို! ဖိနပ်တောင် ပျောက်တဲ့အထိ ဘတ်ဟျွန်းက စည်းကမ်းမရှိလိုက်တာ ”

ပြုံးစစနဲ့ စည်းကမ်းမရှိဘူးဆိုပြီး နှိမ်သွားတဲ့ အယ်ဒီတာဆိုတဲ့ကောင်ကို နောက်ကနေ ပြေးရိုက်ချင်လိုက်တာ...

ဖိနပ်ပျောက်တာ ဘယ်သူ့ကြောင့်လဲ
ဒင်းမသိဘူးလား !!!

နောက်ကျကြေးဖျက်ဦးမဲ့အကြောင်းတွေးရင်း ဘတ်ဟျွန်း သွေးတက်လာရပြီ။

__________ ♡︎♡︎♡︎

”ဒုန်း ”

အိမ်ထဲဝင်လိုက်တာနဲ့ သူ့စီ လွင့်ပျံလာတဲ့ အရာကြောင့် ချက်ချင်း ရှောင်လင်သိုင်းကွက် ထုတ်သုံးလိုက်ရသည်။

ဘာလဲဟ!

သေချာကြည့်မှ နံရံနဲ့ တိုက်မိပြီး ပြုတ်ကျနေတဲ့ အမဲရောင် လည်သာရှူးဖိနပ်တစ်ဖက်

”မင်း!!! ”

အော်ပြီးထွက်လာတဲ့ ကောင်လေးက ဒေါသထွက်နေမှန်း သိသာသည်။ မျက်နှာဖြူဖြူလေးက နီနေလိုက်တာ ။

”မင်း တော်တော် အလုပ်မရှိနေလား ပတ်ခ်ချန်းယောလ်
ငါ့ဖိနပ်ကို ဘီဒိုထဲ ထည့်ထားရတဲ့အထိ!!! ”

Privacy ❗(Completed) حيث تعيش القصص. اكتشف الآن