Chapter-19

1K 153 10
                                    

နံရံပတ်ပတ်လည်ကို အုတ်ခဲများဖြင့် စနစ်တကျ
​ဆောက်လုပ်ထားသည်။ ​မှောင်​နေ​သော အခန်းအတွင်း ​တောက်​လောင်​နေ​သော မီးတိုင်များကို ​နံရံတွင်
အကွာအ​ဝေးတူညီစွာ ချိတ်ဆွဲထားသည်။ မြင့်မားလှ
​သော အုတ်နံရံကြားတွင် လူသွားစင်္ကြန်သည် လူတစ်
ကိုယ်စာသာ သွားလာလို့ရသည်။ ​လမ်းအဆုံးတွင်​
​တော့ သံတိုင်များဖြင့် ကာရံထားသည့် အကျဥ်းချရာ
အခန်းများကို​တွေ့ရမည်။ တွဲဆက်ထား​သော အခန်းများ
မှာ မျက်စိတဆုံးကြည့်၍ပင် မ​လောက်နိုင်​အောင်
ကြီးမားလွန်းလှသည်။

မီး​​ရောင်ဖျဖျသာရ​​သော ထိုအခန်းအတွင်းတွင်
ညည်းတွားသံများနှင့် ရိုက်နှက်သံများမှအပ
တခြားအရာများရှိမ​နေ​ပေ၊၊

' ရွှတ် '

' ရွှတ် '

အ​ရှေ့မျက်နှာစာကို သံတိုင်များကာထားသည့်
အကျဥ်း​ထောင် အခန်းကျဥ်ငယ်ထဲတွင်​တော့
အပြင်က ထက်ပင် ​မှောင်လို့​နေသည်။ မီးတိုင်
တစ်ခုသာ ချိတ်ဆွဲထား​သော အခန်းငယ်အတွင်း
မည်သည့်အရာမျှကို ​ကောင်း​မွန်စွာ မ​တွေ့ရ။

နရံတဖက်တချပ်စီက​နေ တွဲ​လျောင်းကျ​နေ​သော
သံကြိုးများကို လက်​ကောက်၀တ်တွင် ချိတ်ခံထား
ရ​သော လူငယ်တစ်ဦးသည် နံရံ၏အလယ်တွင်
ရှိ​နေ၏။ ရုပ်​သေးရုပ်ပမာ ချိတ်ဆွဲခံရ​​သော လူငယ်
သည် ​ခေါင်းပင်မော့မကြည့်နိုင်​လောက်​အောင်
နာကျင်မှုကို ခံစားပြီးဖြစ်သည်။

ကြိမ်ဒဏ် အချက်၅၀၀အထိ အရိုက်ခံပြီး​သော​ကြောင့်
ထိုလူမှာ ​မျော့​မျော့သာကျန်​တော့၏။အ​ပေါ်ပိုင်းအ၀တ်
ဗလာ ၊ ​အောက်တွင်သာ ​ချည်ကြမ်းသား ​ဘောင်းဘီ
ရှည်အနက်​ရောင်ကို ၀တ်ထားရသည်။ ကြိမ်ဒဏ်
​ကြောင့် အ​ပေါ်ပိုင်းတခုလုံးမှာ အချိုးရာ​တွေက
​နေရာမလပ်ရှိကြသည်။

" အရှင် "

​ရွှေ၀ါ​ရောင်လွှမ်းခြုံထား​သော ၀တ်ရုံပိုင်ရှင်သည် ​
ဖြေး​ဖြေးချင်းထိုလူငယ်အနားသို့​လျှောက်လာသည်။ ကြိမ်ကိုင်​ဆောင်ထား​သောသူသည် ချက်ချင်းပင် ​ခါးကိုင်းညွတ် အရိုအ​သေ​ပေးလိုက်သည််။ အရှင်ဆိုသူက လက်ကာပြကာ ထွက်သွားခိုင်းသည်နှင့် ထွက်သွား​သည်။ အရှင်ဆိုသူနှင့်လူငယ်နှစ်ဦးသာ ကျန်သည့်အခန်းသည်
​ခြောက်ကပ်တိတ်ဆိတ်လှသည်။

PARALLEL [ Completed ]Where stories live. Discover now