Chapter-33

1.2K 159 65
                                    

( Unicode )

ည​တွေဟာ အထီးကျန်လွန်းတယ်။ သူမရှိဘဲ ဖြတ်သန်းရတဲ့ ညအချိန်အခါဟာ ရှည်လျားလှပါတယ်။ များစွာ​သော
စက္ကန့် မိနစ်​တွေကို ပါးစပ်က​ရေရွတ်ရင်း အိပ်​ပျော်သွား
ခဲ့ရတဲ့ ည​​ပေါင်းလဲ မနည်းပါဘူး။ အမြဲတမ်း သူ့ကိုယ်​ငွေ့
​လေးမှာ ခိုလှုံ​နေရတဲ့ ကိုယ့်အဖို့​တော့ ဒီလိုည​တွေဟာ
ချမ်းစိမ့်​နေဆဲပါ။ ဂွမ်း​စောင်ပါးပါးက ဘယ်​လောက်များ
​နွေ​ထွေး​စေမှာမို့လို့လဲ။ ​နွေး​စေသည်ဆို​စေအုံး​တော့
ရင်ထဲထိ​တော့ မ​ရောက်နိုင်ပါဘူး။ စိတ်ရဲ့လုံခြုံမှုဆိုတာ
ခင်ဗျား​ဘေးမှာ ရှိ​နေမှ ရတာပါ။ အ​မှောင်ထုကို ​ကျော်ဖြတ်ပြီးချိန်မှာ​တော့ ​စိတ်​တွေ​ပေါ့ပါးလာခဲ့ပါတယ်။

နှိုးစက် အကူအညီမပါဘဲ နေ့ရက်တိုင်းကို ကိုယ့်အသိစိတ်နဲ့ကိုယ် နိုးထတတ်လာတယ်။ အမြဲတမ်း
အိပ်ယာထဲသာ နှုန်း​ခွေချင်​နေတဲ့ ကိုယ်က အခု​တော့
ဒီ အိပ်ယာကို စွန့်ခွာပစ်ပြီး ခင်ဗျားအနားမှာပဲ ကပ်ချင်​နေ​တော့တယ်။ အလင်း​ရောင်ရတဲ့ ​မနက်ခင်းတိုင်းဟာ
ကျွန်​တော်​ရဲ့ ပျော်​မွေ့ရာပါပဲ။ အဲ့လိုအချိန်​တွေမှပဲ ခင်ဗျားနဲ့ ပူးကပ်နေလို့ ရမှာမလား။ တစ်​နေ့လုံး ​နေသာ​​နေရင်
​ကောင်းမယ်ဗျာ။

" ​ဂျောင်ကု သွားရ​အောင်​လေ "

အခန်းအပြင်က သူ့အသံ​ပေါ့။ ဒီ​နေ့ အလုပ်နားကြတယ်။
​လျှောက်လည်ကြမယ်တဲ့။ ​ပျော်တာ​ပေါ့။ ​နေသာသာ ​နေ့ရက်​တွေမှာ လက်ချင်း​တွဲပြီး ​လွတ်လွတ်လပ်လပ် သွားကြတာ ဘယ်​လောက်​​ပျော်ဖို့​ကောင်းလိုက်သလဲ။

အ​စောထဲက စီစဥ်ပြီးသားမို့ ​ဂျောင်ကု အခန်းပြင်ထွက်လိုက်တယ်။ အခန်းပြင်မှာ ရပ်​စောင့်​နေတဲ့ မိုးပြာ​ရောင်
​ခေါင်းစွပ် လက်ရှည်နဲ့သူ့ကို​တွေ့လိုက်ရတယ်။ တကယ်
သ​ဘောကျမိတယ်။ ဘာလို့ဆို သူနဲ့ကိုယ်က ဆင်တူ​အင်္ကျီ​လေးနဲ့ကိုး။ အမြဲတမ်း အ​နောက်တိုင်းကုတ်​တွေ။ရှပ် လက်ရှည်​တွေသာ ဝတ်တတ်တဲ့သူက အခုလိုကျ​တော့လည်း လူငယ်ဆန်ပြီး နူးညံ့လိုက်တာ။ ကိုယ်စိုက်ကြည့်​နေ​​တော့ သူက ရှက်သွားတယ်ထင်ပ လည်ဂုတ်​လေးကို လက်နဲ့ ပွတ်ပြီး

PARALLEL [ Completed ]Where stories live. Discover now