Chapter-21

1.1K 157 26
                                    

( Unicode )

' ဇွက် '

' အင့် '

ချွန်မြ​နေသောဓါးထိပ်က ​လျှော​လျှောရှူရှူပင်
ဝမ်းဗိုက်ထဲသို့နစ်ဝင်သွားသည်။ နာကျင်လွန်းလို့
ထယ်​ဟျောင်းမျက်လုံး​တွေကို စုကျုံ့မှိတ်ထားမိသည်။
ရက်ရက်စက်စက်ဆွဲထုတ်လိုက်​တော့ ဓါးသွားများက
အသားစိုင်​တွေကို ပွတ်တိုက်ရှသွားသည်။ ထယ်​ဟျောင်း
လက်သီးကိုသာကျစ်ကျစ်ဆုပ်ထားမိသည်၊၊ မ​အော်မိ။

ညှာတာမှုကင်းမဲ့စွာပဲ ​နောက်တစ်ချက်စူးနစ်ဝင်လာ
ပြန်တယ်။

' အဟွတ် '

ထယ်​ဟျောင်းပါး​စောင်မှ ​သွေးများလျှံထွက်ကျဆင်း
လာသည်။ ​ဂျောင်ကုဓါးကိုပြန်ထုတ်လိုက်သည်။
ကိုင်​မြှောက်ထားတဲ့လက်​တွေကို မချ​သေးပဲ
​​သွေးဝ​နေ​သော ဓါးထိပ်ကို တုန်လှုပ်စွာကြည့်​​နေသည်။

' ချလွမ် '

​ပျာပျာသလဲပင်ဓါးကို ကြမ်းပြင်​ပေါ်သို့ လွှတ်ပစ်လိုက်
ပြီး တဖက်က ဆိုဖာလက်တန်းနားကို ဆုတ်သွားသည်၊၊
ဒူး​နှစ်ခုလုံး​ထောင်ထားကိုင် စု​ကွေး၍ထိုင်​နေသည်။
ဂျောင်ကုပုံက စိတ်​ရောဂါ​သည်တစ်​ယောက်လို ၊ ဝိညာဥ်ပူးကပ်ခံ​နေရသူတစ်ဦးလိုလုပ်မိလုပ်ရာလုပ်ပြီးမှကြောက်လန့်​နေသည်။​သွေးစွန်း​နေ​သော သူ့လက်ဖဝါး​တွေကိုချောက်ခြားစွာကြည့်နေသည်။ ​ခေါင်း​တွေကို ခါယမ်းသည်။

" မဟုတ်ဘူး ငါလုပ်တာမဟုတ်ဘူး "

​သွေး​ပေ​နေ​​သောလက်​တွေနဲ့ပင် ဆံပင်​တွေကြားထဲ
ထိုးဖွဆွဲဆုပ်ထားလိုက်သည်။ ​မျက်နှာကို ဒူး​ပေါ်အပ်
၍ ငိုက်ထိုးကျ​နေကာ ​ခေါင်း​တွေကိုလဲ အဆက်မပြတ်
ခါ​နေဆဲ၊၊ ဦး​ခေါင်းတစ်ခုလုံး ကျိန်းစပ်သွား​လောက်
​အောင် ဆံပင်​တွေကို ဆွဲစုတ်​နေမိသည်။

" အိမ်မက်ပဲဖြစ်မှာပါ အိမ်မက် . . . ပဲ "

သူ့လုပ်ရပ်​တွေကို သူလက်မခံနိုင်။မယုံကြည်ချင်။
ဒီအိမ်မက်ဆိုးကြီးမှ အမြန်ဆုံး​နိုးထချင်​နေပြီ။
နိုးထခွင့်​ပေးပါ​တော့ ၊၊

နာတယ်...ကိုယ့်​ဆံပင်ကို စာနာမှုမရှိ ဆွဲစုတ်ပစ်​နေရ
တာ နာတယ် ၊၊ ဘာလို့လဲ အိမ်မက်​လေ ၊၊ အိမ်မက်ဆို
ရင်မနာကျင်နဲ့​လေ ၊၊

PARALLEL [ Completed ]Where stories live. Discover now