Part 14(U&Z)

8.5K 513 5
                                    

Zawgi

"တီလေး ဒါက သားပါပါး ဉီးခွန်းနေလူတဲ့"

"ဟုတ်တွေ့ရတာဝမ်းသာပါတယ်ရှင် ကျွန်မကသားရဲ့ အဒေါ် ဒေါ်သီတာဈာန်ပါ"

"ဟုတ် တွေ့ရတာဝမ်းသာပါတယ် ဒါနဲ့သားနဲ့ကဘယ်လို....."

"အော် သားငယ်နဲ့ ကျွန်မက မြန်မာပလာဇာမှာတွေ့တာလေ ကျွန်မ မူးလဲမလိုဖြစ်တော့ သားငယ်က ကျွန်မကိုကူညီတာ အဲ့မှာတွေ့တာပေါ့"

"အော် .."

"တီလေး ခဏစောင့်နော် သား အအေးဖျော်ပေးမယ်"

"အေးပါကွယ် ဉီးခွန်းနေလူက အရမ်းလိမ္မာတဲ့ သားလေးရထားတာ ကျွန်မမှာတော့ သားငယ်လေးကိုထပ်ပီးမတွေ့ရတော့ဘူးတောင် ထင်ထားတာ"

ဉီးခွန်းနေလူ ဒေါ်သီတာဈာန်ရဲ့ စကားကြောင့် သူ့တို့ဖြစ်နေတဲ့ပြဿနာကို ဒေါ်သီတာဈာန်မသိသေးဘူးဆိုတာ သူသိလိုက်သည်။

"ဟုတ်ကဲ့ သားလေးက ကျွန်နော့်ကိုဆိုကလေးဆိုးလေးတော့နဲနဲဆိုးတယ် ဒါပေမဲ့သားကအရမ်းနူးညံ့တယ်"

"ဟုတ်တယ် အန်တီ ခွန်သာက အသံကအစနူးညံ့တာ ကျွန်နော်နဲ့ ရန်ဖြစ်တာတောင်သူ့အသံကနားထောင်လို့ကောင်းတယ်"

ဝေယံက မီးဖိုခန်းထဲမှ အအေးခွက်ကိုင်ပီးထွက်လာရင်းပြောလိုက်သည်။

"အန်တီသိပါတယ်ကွယ်"

"သားငယ် တီလေးနားလာပါအုံးကွယ် တီလေးမှာ သားကိုအရမ်းတွေ့ချင်နေတာ"

"ဟုတ်တီလေး"

ခွန်သာလဲ ပါပါး နားမှထပီး တီလေးဘေးဝင်ထိုင်လိုက်သည်။

"သားငယ် အခုတီလေးဒီကိုဘာကြောင့်လာတယ်ဆိုတာသားသိတယ်မလား"

"ခွန်သာသိပါတယ် ဘာကြောင့်လဲဆိုတော့ ဈာန်က ​လူကြီးဆုံရာနဲ့လာတောင်းမယ်လို့ပြော်ပီးသားမို့ပါ"

"ဟုတ်သားသိပါတယ်"

"သားငယ်သဘောကရော"

"ဟုတ် သား....."

"ခွန်သာ ဈာန်ကိုကြည့်လိုက်တော့ သူကိုစူးစိုက်ကြည့်နေတာများ ထသတ်တော့မည့်အတိုင်း"

"သား လက်ခံပါတယ် ဒါပေမဲ့ သား မင်္ဂလာမးပွဲကိုအကျဉ်းချုံး ပဲဆောင်ချင်တယ်"

My Baby's Father is not You (Complete)Där berättelser lever. Upptäck nu