Part 33 (U&Z)

9.1K 433 4
                                    

Zawgi

ခွန်သာဒီနေ့ ဆေးရုံက ဆင်းရမဲ့ရက်ဖြစ်သည့် အတွက် ပျော်နေသည်။

'ပါပါးရဲ့ ပေါက်စလေး ဒီနေ့ ပါပါးတို့Daddyဆီကို ပြန်ရတော့ မယ် ပါပါးကတော့ပျော်တယ် ကလေးလေးရောပျော်လားဟင်'

ခွန်သာပြားချပ်ချပ် ဗိုက်ကလေးကို ကိုင်ပီး သူ့ကလေးလေးနဲ့စကားတေပြောနေသည်။

"သားငယ်လေး ဘာတွေသဘောကျနေတာလဲ ဒီကလေးလေး ပြုံးတာဒီလောက်လှမှန်း တီလေး အခုမပဲသိတော့တယ် ကြည့်ပါအုံး"

"ဟီး😁 တီလေး သိလား သားအတွက် ဒီဗိုက်ထဲက ပေါက်စလေးက အရာရာထက်အကြီးတယ် သားဒီနေ့ အိမ်ပြန်ရောကမရင် ဉီးဈာန်ကမ္ဘာကိုပြောဖို့ဆုံးဖြတ်ထားတယ် ဒါပေမဲ့ ဟင့် တီလေး ဟင့် သူလက်ခံမှာပါနော်"

"လက်ခံမှာပါ သားငယ်ရယ် သားကိုယ်တိုင်သူ့ရဲ့ကိုယ်ပွားလေးကို မွေးပေးမှာဆိုတော့ သူလဲပျော်မှာပါ"

ဒေါ်သီတာဈာန် ငိုနေတဲ့သားငယ်လေးကို ပွေ့ဖတ်ပီးနေသိမ့်ပေးနေသည်။

ဈာန်တစ်ယောက် ၂ရက်ရှိပီ ဘာလုပ်လုပ်အဆင်မပြော မနက်ဆိုလဲ ဘာပြင်ဆင်မှုမှမရှိ အောက်ဆင်းပီးမနက်စာ စားဖို့ကြည့်လိုက်တော့လဲ ဘာမှာမပြင်ဆင်ထား ဒီလိုနဲ့ပဲတစ်ရက်ရက်ဒေါသတွေထွက်နေသည်။သူသိပါသည် ခွန်သာဆေးရုံတတ်နေရတဲ့တယ်ဆိုတာ။ဒါပေမဲ့ဖျားတာလောက်နဲ့ဘာကိစ္စ သုံးရက်တောင်ဆေးရုံတတ်ရတာလဲ။

"သားငယ် ​အောက်ဆင်းရင် ဖြေးဖြေးလေးလျှောက်နော် သတိထားရမယ်"

"ဟုတ်ကဲ့ပါ တီလေးရဲ့ သားကအဆင်ပြေနေသေးပါတယ်"

ဆေးရုံဆင်းဖို့ ပိုင်ထွေးကို ခေါ်ထားတာကြောင့်ဆေးရုံခန်းထဲမှာ စောင့်နေခြင်း။

"ညီလေး ဆေးတော့မှာဆို"

"ဟာ အကိုတို့ ဟုတ်ကဲ့ ဆင်းတော့မလို့"

"ကြည့်ပါအုံး အသေးလေး ဆေးရုံဆင်းရမယ်ဆိုတော့ မျက်နှာလေးက လန်းနေတာပဲ ပျော်နေတာပေါ့ ဟုတ်လား"

မင်းခန့်က ခွန်သာလေးရဲ့ ခေါင်းလုံးလုံးကဆံပင်ညိုညိုလေးတွေကိုဖွပီးပြောနေသည်။

My Baby's Father is not You (Complete)Where stories live. Discover now