Chapter (1)_ အမေပေးတဲ့ အဆိပ် (U+Z)
ကိုယ့်မပိုင်ဆိုင်တဲ့အရာတစ်ခုက ဘယ်လိုလုပ်ပြီး ဆုံးရှုံးနိုင်မှာတဲ့လဲ....
ကျွန်မက ချစ်ခြင်းမေတ္တာမပါပဲ မွေးဖွားလာတဲ့သူပါ။
ကျွန်မ အမေက အိမ်တော်သခင် အမတ်ကြီးရဲ့ အိပ်ရာပေါ် တွယ်တက်ခဲ့တဲ့ အစေခံမတစ်ယောက်ဖြစ်တယ်။ အမတ်ကြီးနဲ့ တစ်ခါ အိပ်စက်လိုက်ရာကနေ ကျွန်မကို မွေးဖွားခဲ့ပြီးနောက်ပိုင်း သူမက အစေခံ ကိုယ်လုပ်တော် ဖြစ်လာခဲ့တယ်။
နဂိုကတည်းက အလိုလောဘကြီးတဲ့ အမေက အခုအဆင့်ထက်ပိုသာအောင် အစီစဉ်တွေလုပ်ခဲ့တယ်။ ကျွန်မက အမေ့ရဲ့အဓိက အစီစဉ်ထဲက အရာတစ်ခုဖြစ်လာခဲ့တယ်။
တကယ်လို့ မင်းကိုမွေးခဲ့တဲ့ အမေရင်းက အခြားလူဆီက သနားကြင်နာမှုကိုရဖို့အတွက် မင်းကို အဆိပ်ခတ်ခဲ့မယ်ဆိုရင် မင်း ဘယ်လို ခံစားရမလဲ...။
အမေက ကျွန်မရဲ့ မနက်စာ ဆန်ပြုတ်ထဲကို အဆိပ်မှုန့်ဖြူဖြူတွေကို ထည့်ပြီး စကျွေးတဲ့အချိန်က ကျွန်မက ခုနစ်နှစ် သမီးပဲ ရှိသေးတယ်။
ကျွန်မရဲ့ ကလေးခန္ဓာကိုယ် သေးသေးလေးရဲ့ ခံနိုင်ရည်ကို သိဖို့ အမေက စစချင်းမှာ အဆိပ်ပမာဏ နည်းနည်းချင်းပဲ စကျွေးခဲ့တယ်။
အမေ့ရဲ့ဆန်ပြုတ်ကို သောက်ပြီးတဲ့အချိန်မှာ ကျွန်မ ဗိုက်အောင့်တာကို စပြီး ခံစားခဲ့ရတယ်။ နောက်ပိုင်း အမေ့ရဲ့အဆိပ်ပါတဲ့ ဆန်ပြုတ်ကို စားလေလေ ရက်ကြာလာတဲ့အချိန်မှာ ကျွန်မက
အိပ်ရာထဲ လဲသွားတဲ့အထိ နေမကောင်း ပိုဖြစ်လာလေပါပဲ။
ကျွန်မ အသက် ဆယ်နှစ်ပြည့်တော့ အမေက အဆိပ်ပမာဏကို တိုးမြှင့်ပြီးကျွေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ ခန္ဓာကိုယ်က အဆိပ်ဒဏ်ကို အထိုက်လျောက် ခံနိုင်ရည် ရှိနေပြီး တော်ရုံဆို နေမကောင်း မဖြစ်တော့လို့ပါပဲ။
အမတ်ကြီးအိမ်တော် တစ်အိမ်လုံးဆီက အထူးသဖြင့် အဖေ့ဆီက သနားကြင်နာမှုကို ရဖို့ ကျွန်မက အမြဲ အားနည်းပြီး ထိခိုက်လွယ်တဲ့ ပုံစံ ရှိနေရမယ်လို့ အမေက တွေးခဲ့တယ်။
ကျွန်မ ဘာကြောင့် နေမကောင်း ဖြစ်ရသလဲဆိုတဲ့ အဓိက အကြောင်းရင်းကို ရှာဖို့ တအိမ်လုံးမှာ ဘယ်သူမှ စိတ်မဝင်စားဘူး။ အဲ့ဒီအစား ကျွန်မဆီက ရောဂါ သူတို့ဆီကို မကူးအောင် ကျွန်မကို ခပ်ဝေးဝေးကနေ ရှောင်ဖယ်ကြတယ်။
အမေက ကျွန်မ ရောဂါဖြစ်စေတဲ့ အဓိက အရင်းမြစ်ဆိုတာ အဖေအပါအဝင် ဘယ်သူမှ မသိကြဘူး။
နောက်ဆုံးမှာတော့ အမေက သူမ လိုချင်တောင့်တနေတဲ့ သားတစ်ယောက်ကို ရရှိခဲ့ပြီးနောက်မှာ ကျွန်မကို အဆိပ်ကျွေးတာကို ရပ်လိုက်တယ်။ သားတစ်ယောက်မွေးပေးလိုက်တာနဲ့ အမေက ကိုယ်လုပ်တော် အစေခံအဖြစ်ကနေ အမတ်ကြီးလီရဲ့ ငါးယောက်မြောက် ကိုယ်လုပ်တော် နေရာကို ရနိုင်ခဲ့တယ်လေ။
ကျွန်မ အသက် ဆယ့်ငါးနှစ် အရွယ်ရောက်တော့မှ ကျွန်မဘဝက အဆိပ်ပါတဲ့အစားစာကို စားရတဲ့ ဒုက္ခကနေကင်းဝေးပြီး ကျွန်မလည်း အေးအေးချမ်းချမ်းနေခဲ့ရတယ်။
လူတိုင်းက ကျွန်မရဲ့ တည်ရှိမှုကို မေ့လျော့နေကြတယ်။
အမေက သူ့သားလေးကို ကာကွယ်နေရတဲ့အတွက် ငါ့ကို ဂရုစိုက်ဖို့ အချိန်မရှိသလို လူတိုင်းရဲ့ အာရုံကလည်း မွေးလာတဲ့ ကလေးလေးအပေါ်ရောက်နေတဲ့အတွက် ကျွန်မရဲ့ ရောဂါ ပျောက်သွားပြီဆိုတာ ဘယ်သူမှတောင် သတိမထားမိခဲ့ကြဘူး။
ကျွန်မက ဘယ်သူမှ မမြင်ရတဲ့ တစ္တေ တစ်ယောက်လို ဘဝနဲ့ ကျွန်မရဲ့ ခြံဝင်းသေးသေးလေးထဲမှာ တစ်နေ့တာကို စာဖတ်ရင်း ငြိမ်းငြိမ်းချမ်းချမ်း ကုန်လွန်ခွင့်ရလာခဲ့တယ်။
**********-********
Chapter (2)_ စတေးခြင်း
တနေ့မှာ အိမ်ကြီးရှင်သခင်တွေက ကျွန်မကို တွေ့ချင်တယ်လို့ အကြောင်းကြားလာတဲ့ အခါမှာတော့ အေးချမ်းတဲ့ ကျွန်မ နေ့ရက်လေးတွေ ကုန်ဆုံးသွားပြီ ထင်ပါရဲ့။
ကျွန်မ အသက် 16 နှစ်ရောက်တော့မှ အဖေ ဆိုတဲ့ အမတ်လီကို တွေ့ဖူးတာ 5 ကြိမ်တောင် မပြည့်ပါဘူး။ နေမကောင်းတဲ့ လူမမာ သမီးတစ်ယောက်ကို ဘယ်သူက လူမြင်ကွင်းကို ထုတ်ပြချင်ပါ့မလဲ။
ဘယ်သူမှ မျက်နှာသာ မပေးတဲ့၊ အမေရင်းကိုယ်တိုင်ကတောင် ဂရုမစိုက်တဲ့
သမီးတစ်ယောက်ကို အဖေက ဂရုစိုက်ပါမလား။
အမေ့လျော့ခံဘဝနဲ့နေလာရင်း ရုတ်တရက် ကျွန်မကို တွေ့ချင်တယ်ဆိုတော့ မကောင်းတဲ့ကိစ္စပဲဖြစ်ရမယ်။
အမတ်လီ၊ အမတ်ကတော်ကြီးနှင့် ကိုယ်လုပ်တော်အားလုံး အပြင် အဖွားနဲ့ အခြား အဖေ့ရဲက သားသမီးတွေ အားလုံးကို ပင်မဧည့်ခန်းဆောင်ကြီးမှာ လူစုံတက်စုံ စုဝေးနေပြီး သူမကို စောင့်နေတာကို မြင်ရတော့ ရူရိရဲ့ ထင်မြင်ချက်က ပိုသေချာလာခဲ့တယ်။
အမေကတော့ မောင်လေးကို လက်ထဲမှာ ပွေ့ဖက်ထားပြီး အရမ်းကို ချစ်မြတ်နိုးလွန်းတဲ့ အကြည့်နဲ့ ကြည့်နေခဲ့တယ်။
ရူရိကို အမြဲ အေးစက်စက် မျက်ဝန်းနဲ့ပဲ ကြည့်တတ်တဲ့ အဖေဆိုတဲ့ အမတ်လီက သူမကို လက်ထပ်ဖို့ ပြင်ဆင်တော့ ဆိုပြီး အမိန့်ပေးလာတဲ့အခါ ရူရိရဲ့ ထင်မြင်ချက်က ပိုမှန်လာခဲ့တယ်။ ရူရိက အမတ်လီရဲ့ အငယ်ဆုံးသမီးဖြစ်ပေမယ့် အလှဆုံးတော့ မဟုတ်ဘူး။ အလှဆုံးက အဖေ့ရဲ့ တရားဝင် အမတ်ကတော်ကြီးက မွေးတဲ့ သမီးအကြီးဆုံးဖြစ်တယ်။ သမီးအကြီးဆုံးတောင် လက်မထပ်ရသေးခင် အငယ်ဆုံးဖြစ်တဲ့ ရူရိကို ဘာကြောင့် လက်ထပ်ပေးချင်ရတာလဲ။
ရူရိရဲ့ အသက်က အခုမှ 16 နှစ်ပြည့်ပြီးတာလေ။ ပြီးတော့ အစ်မကြီးရဲ့မျက်နှာထက်က ကျေနပ်နေတဲ့ အပြုံးက ဘာအဓိပ္ပါယ်လဲ။
ရူရိလက်ထပ်ရမယ့် သတို့သားလောင်းက ဟိုက်ကျင်း နယ်စားဆိုတာ သိလိုက်ရချိန်မှာ အရာအားလုံးကို ရူရိ သဘောပေါက်သွားခဲ့တယ်။
ဟွေ့ကျင်းနယ်စားမင်းက ဝူရှီပြည်ရဲ့ မင်းသားကျန့်လို့လည်း လူသိများကြတယ်။
အင်အားအကြီးဆုံး ဝူရှီတိုင်းပြည်ရဲ့ ကြီးမြတ်သော ဧကရာဇ် ဝူဟွေ့ကျုံးရဲ့ အချစ်ဆုံး မြေးဖြစ်ပြီး အသက် နှစ်ဆယ့်သုံးနှစ်မှာပဲ "မဟူရာမျက်နှာဖုံး" လို့
နာမည်ကျော်တဲ့ တပ်စု နှစ်သိန်းနဲ့ စစ်သည်ပေါင်း ငါးသိန်းကို ဦးစီးနိုင်တဲ့ အမျိုးသားဖြစ်တယ်။
မင်းသားကျန့်က မီလုံတိုင်းပြည်မှာ နန်းတက်ကာ ငယ်ရွယ်သည့် ဧကရာဇ် ဖေကျွီကို ကူညီဖို့ မီလုံပြည်ကို ရောက်လာတာ ဖြစ်ပြီး အခုလို လာရောက်ကူညီပေးတဲ့ အတွက် "ဟွေ့ကျင်းနယ်စားကြီး" ဘွဲ့ကို လွန်ခဲ့သောငါးနှစ်က ဖေကျွီဘုရင်က ပေးအပ်ခဲ့တာဖြစ်တယ်။
မင်းသားကျန့်ဆီမှာ တရားဝင် ဇနီး ဝမ်ဖေး မရှိပေမယ့် ကိုယ်လုပ်တော် အယောက် နှစ်ဆယ်ကျော် ရှိတယ်ဆိုတာ မီလုံတပြည်လုံး သိထားပြီးဖြစ်သည်။
ကောလဟာလတွေအရ မင်းသားကျန့်က
မိန်းမတွေကို စက္ကူလို ထည်လဲ အသုံးပြုကြောင်း၊ အသုံးပြုပြီးသွားလို့ သူ ငြီးငွေ့သွားရင် အမှိုက်လို စွန့်ပစ်တတ်ကြောင်းကိုလည်း ကြားဖူးတယ်။
ဒါပေမယ့် ရူရိရဲ့ ဖခင်ဖြစ်သူ အမတ်လီကတော့
ရူရိက မင်းသားကျန့် ရဲ့ တရားဝင် ဇနီး ဝမ်ဖေးအဖြစ် လက်ဆက်ခွင့်ရမှာဖြစ်လို့ကံကောင်းတယ်တဲ့။
မင်းသားကျန့်ရဲ့ စိတ်ရင်းက ဘယ်လိုဆိုတာ မသိပေမယ့် အခု လက်ထပ်ပွဲမှာ ရူရိက မင်းသားကျန့်ဆီကို ထိုးကျွေးခံလိုက်ရတဲ့ စတေးခံသက်သက် ဆိုတာကို သိလိုက်ရတယ်။
လက်ထပ်ဖို့ကို ဘယ်လို လုပ်ကိုင်ပါဆိုတဲ့ အမိန့်အမျိုးမျိုးကို နာခံရပြီးနောက် ရူရိက သူမရဲ့ အခန်းလေးထဲကို ပြန်လာခဲ့တယ်။ ကြည့်ရတာ ဒီအခြေနေကနေ ရူရိ မလွတ်မြောက်နိုင်တော့ဘူး ထင်ပါရဲ့...
************-***********
Chapter (3)_ လရောင် ကြယ်ရောင် ပျောက်ကွယ်သော
ရူရိ အသက်(၁၇) နှစ် ပြည့်သည့်နှစ်တွင် အနီရောင် ထမ်းစင်တစ်ခုနှင့် ဘယ်သူ့မှ နူတ်ဆက်ခြင်းမရှိတဲ့ အမတ်လီစံအိမ်တော်ကြီးကနေ သူမ ထွက်ခွာခဲ့ရတယ်။
မင်္ဂလာဦးအိပ်ခန်းထဲမှာ ရူရိက မင်္ဂလာကုတင်ကြီးပေါ်မှ မျက်နှာကို အနီရောင် ပိုးပဝါစ အုပ်ရင်း သတို့သားအလာကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့တယ်။ ကြိုဆိုသူ မရှိ၊
ရယ်မောသံတွေ မရှိ၊ အပြုံး မရှိ၊ မျက်ရည် မရှိ၊
ရူရိနေခဲ့ရတဲ့ အရင်က နေ့ရက်တွေနဲ့ ဘာမှ ထူးခြားမှုမရှိတဲ့ နောက်ထပ် နေ့တနေ့လိုပါပဲ..
တစ်ဖြည်းဖြည်း ညနက်လာပေမယ့် ရူရိရဲ့ ဦးခေါင်းထက်က အနီရောင် ပုဝါစကို ဖယ်ရှားပေးမယ့်
သတို့သားက ရူရိဆီကို ရောက်မလာဘူး။ ဒီအစား မင်္ဂလာခန်းနဲ့ကပ်လျက် ဘေးခန်းကနေ အမျိုးသမီး တစ်ယောက်ရဲ့ သာယာမှုအပြည့်နဲ့ ညည်းညူ လိုက်တဲ့ ခပ်ညုညုအသံကို ကြားလိုက်ရတဲ့အချိန်မှာ အဲ့ဒီ အမျိုးသားရဲ့ ရက်စက်မှုကို ရူရိ နားလည်လိုက်တယ်။
နံရံပါးပါးလေးကနေ တစ်ဆင့် ခပ်ကြမ်းကြမ်း လိင်ဆက်ဆံနေတဲ့ အသံအားလုံးကို ရူရိ ကြားနေရတယ်။ အသံတွေ တဖြည်းဖြည်း ကျယ်လောင်လာတဲ့အခါ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကို ရူရိ သဘောပေါက်လာခဲ့တယ်။
သူက ရူရိကို ဟာသလုပ်နေခဲ့တာပဲ။
အစတည်းက ကိုယ်မပိုင်ဆိုင်တဲ့ အရာတစ်ခုအတွက် ဘာတွေ ဂရုစိုက်နေရဦးမှာလဲ...
ယောကျာ်းမိန်းမ လိင်ဆက်ဆံတဲ့ အသံတွေ ပိုကျယ် လာပြီး အခန်းနံရံပါးလေးတွေ တုန်ခါလာတဲ့ အချိန်မှာ ရူရိက ခေါင်းပေါ်မှ အနီရောင် ပုဝါစကို ကိုယ့်ဖာသာ
တည်တည်ငြိမ်ငြိမ်ပဲ ဖယ်ရှားလိုက်တယ်။
ရူရိရောက်နေတဲ့ အခန်းက အမတ်လီအိမ်တော်မှာ ရူရိနေခဲ့ရတဲ့ အခန်းလေးလို စုတ်ချာချာ အခန်းလေးတစ်ခုပါပဲ။
အခန်းထောင့်က သာမန်သစ်သား စားပွဲလေးတစ်ခုဆီကို ရူရိ လျှောက်လာခဲ့တယ်။ ပြီးတော့ ခေါင်းပေါ်က လေးလံတဲ့ သတို့သမီးရဲ့အဆင်တန်ဆာတွေကို အေးအေးဆေးဆေး ဖြုတ်လိုက်တယ်။ အမျိုးသမီး
တစ်ယောက်ဟာ မင်္ဂလာဦးညမှာ အလှဆုံးလို့ ပြောကြပေမယ့် ကြေးမုံပင်မှာ ထင်ဟပ်နေတဲ့ မျက်နှာ က ဖြူဖျော့လွန်းလို့ တစ္ဆေတစ်ကောင်လို့ တောင် ထင်ရမယ့် မိန်းကလေးတစ်ယောက် ပဲဖြစ် တယ်။ အနီရောင် နှုတ်ခမ်းဆိုးဆေးကို ဖယ်ရှားလိုက်တဲ့ အခါမှာ ရူရိရဲက နူတ်ခမ်းတွေက တ်ခမ်းများက လူမမာလို ဖြူဖျော့လို့နေတယ်။
ပူနွေးတဲ့ နွေဦးရာသီ ရောက်နေပြီဆိုပေမယ့် ရူရိရဲ့ လက်ချောင်းတွေ၊ အသားအရေနဲ့ ကိုယ်ထဲက သွေးတွေကအစ အေးစက်လို့နေတယ်။
နံရံတစ်ဖက်က ယောကျာ်းတစ်ယောက်ရဲ့ အသက်ရှုသံပြင်းပြင်းနဲ့ အသားချင်းရိုက်ခတ်သံတွေ၊ မိန်းမတစ်ယောက်ရဲ့ ကျေနပ်မှုနဲ့ ညည်းလိုက်တဲ့ နားပူစရာ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပေမယ့် ရူရိရဲက မျက်နှာက
ခံစားမှု ကင်းမဲ့နေသလို သူမကို လုံးဝ သက်ရောက်မှု မရှိသလိုပင် မျက်နှာပေါ်က လိမ်းကျံထားတဲ့ မျက်နှာချေနဲ့ သတို့သမီးဝတ်စုံကို တည်ငြိမ်စွာ လဲလှယ်ဖယ်ရှားနေလိုက်တယ်။
ပြီးတော့မှ ရူရိက တဖက်ခန်းက ချစ်တင်းနှောနေလို့ တဒိုင်းဒိုင်း ဆောင့်လို့ တုန်ခါနေတဲ့ နံရံနဲ့ ကပ်လျက်ရှိနေသော မင်္ဂလာဦးကုတင်နှင့် အဝေးဆုံး က ပြတင်းတံခါးဆီကို အေးအေးဆေးဆေး လျှောက်လာခဲ့တယ်။
ပြတင်းပေါက်ကနေ မိုးပေါ်ကို မော့ကြည့်လိုက်တော့ ကောင်းကင်ထက်မှာ လင်းလက်နေတဲ့ လမင်းနဲ့ ကြယ်ရောင်တွေလုံးဝမရှိပဲ ပိန်းပိတ်အောင် မှောင်နေသည့် မိုးကောင်းကင်ကိုသာ တွေ့လိုက်ရတယ်။
ရူရိက သစ်သားကုလားထိုင် တစ်ခုမှာ ထိုင်ရင်း ပြတင်းပေါက် ဘောင်ကို မှီလိုက်တယ်။ ပြီးတော့ အလင်းရောင် ကင်းမဲ့နေတဲ့ လမင်းနဲ့ ကြယ်စင် ကင်းမဲ့နေတဲ့ မိုးသားဆီကို မျှော်ငေးကြည့်နေ တော့တယ်။
ပတ်ဝန်းကျင်တစ်ခုလုံးက လေပြည်လည်း မတိုက်ခတ် သလို ပုစဉ်းရင်ကွဲသံ၊ ဖားသံလည်း လုံးဝမကြားရပေ။ ထိုညလုံးကို ရူရိက ပြတင်းဘောင်ကို မှီရင်း တညတာကို ဖြတ်သန်းခဲ့တယ် ။
ရူရိဆီမှာ လိုအပ်ချက်မရှိ၊ မျှော်လင့်ချက် မရှိ၊ အနာဂါတ်အတွက် အိပ်မက် မရှိ၊ သူမက ဒီလောကမှာ တစ်ယောက်တည်းဆိုတဲ့ အသိတစ်ခုတည်း ရူရိဆီမှာ ရှိနေခဲ့တယ်။
**************-*************
Chapter (4)- တူညီသော ဖြစ်စဉ်
မင်းသားကျန့်ရဲ့ အိမ်တော်မှာ နေရတဲ့ရက်တွေက ကျွန်မရဲ့ ဖခင် အမတ်လီအိမ်တော်မှာ နေရတဲ့ ရက်တွေနဲ့ အတူတူပါပဲ။ ကျွန်မ တစ်ယောက်တည်း သေးငယ်တဲ့ခြံဝင်းထဲက အခန်းစုတ်စုတ်လေးထဲမှာ တနေကုန်နေခဲ့ပြီး အစေခံနဲ့ အခြွေရံတွေတောင်မှ ကျွန်မကို လာနူတ်ဆက်တာမျိုးမရှိခဲ့ဘူး။ လူတိုင်းက ကျွန်မရဲ့တည်ရှိမှုကို မေ့လျော့နေကြသလိုပါပဲ။
ဘာဆိုဘာမှ မရှိပဲ ရှင်းလင်းနေတဲ့ အဆောင်လေးမှာ ကျွန်မရဲ့ အချိန်တွေကို ကုန်ဆုံးစေဖို့ ကျွန်မ ယူဆောင်လာတဲ့ စာအုပ်တွေကို အဖော်ပြုရင်း နေခဲ့ရတယ်။ ထမင်းစားချိန်တွေမှာ အစေခံတွေက အခန်းတံခါးလေးရဲ့ အပြင်ဘက်က ကြမ်းပြင်မှာ လင်ဗန်းနဲ့ချပေးခဲ့ပြီး ကျွန်မ မမြင်ရခင်မှာ သူတို့က အရိပ်လို ထွက်ပြေးသွားခဲ့ကြတယ်။ အစားအသောက်တွေ ပို့ဆောင်တဲ့ အစေခံက တစ်ယောက်တည်းလားဆိုတာတောင် ကျွန်မ မသိခဲ့ဘူး။ သူတို့က ကျွန်မနဲ့မျက်နှာချင်းဆိုင်ရမှာ ကြောက်နေကြသလို မြန်မြန်လာကာ မြန်မြန် ပြန်သွားတတ်ကြတယ်။ သူတို့ရဲ့နာမည်ကိုလည်း ကျွန်မ သိခဲ့ဘူး။
ဘယ်သူမှ ကျွန်မနဲ့မပတ်သတ်ချင်တဲ့ အခြေနေကို ကျွန်မ နေသားကျလို့နေပါပြီ။
ရက်သတ္တပတ်တွေ လျင်မြန်စွာ ကုန်ဆုံးသွား ခဲ့ကြတယ်။ ကျွန်မရဲ့ ဘဝက ဒီလိုပဲ မင်းသားကျန့်ရဲ့ အနောက်ဘက် ခြံဝင်းထဲမှာ အမေ့လျော့ခံအဖြစ် တဖြည်းဖြည်း ကုန်ဆုံးသွားဖို့ပဲ ကျွန်မ မျှော်လင့်နေမိတယ်။
တိတ်ဆိတ်တဲ့ဘဝနဲ့ နေသားကျချိန်မှာ အရိပ်လိုပဲ ရှောင်ပြေးနေတဲ့ အစေခံတွေက ပိတ်ထားတဲ့ တံခါးနောက်ကွယ်ကနေ မင်းသားကျန့်က သူ့ကို လာတွေ့ဖို့ ပင်မခြံဝင်းက အဆောင်ကို လာဖို့ အမိန့်ချလိုက်တယ်ဆိုတာကို အကြောင်းကြားလာခဲ့တယ်။
အစေခံက သတင်းပေးပြီး အလာတုန်းကလို အလျင်စလို ပြန်ထွက်သွားခဲ့တယ်။
ကျွန်မက စိတ်ရှုပ်ထွေးသွားပေမယ့် မသွားရင် မင်းသားကျန့်ရဲ့ အမိန်ကို ဖီဆန်ရင် ပြဿနာတက်မည်ကို သိလိုက်တယ်။
ကျွန်မကလွဲပြီး ဘယ်သူမှ မရှိတဲ့ ဘဝကို အေးအေးချမ်းချမ်းနေဖို့ မင်းသားကျန့်ခွင့်ပြုဖို့ကိုပဲ ကျွန်မ မျှော်လင့်နေမိတယ်။
လမ်းပြပေးမယ့် အစေခံ မရှိတဲ့အတွက် ကျွန်မက စမ်းတဝါးဝါးနဲ့ လာခဲ့ရင်း နောက်ဆုံးမှာ ပင်မခြံဝင်းထဲက မင်းသားကျန့်ရဲ့ အဆောင်တော်ကို ရောက်လာခဲ့တယ်။ လမ်းမှားသွားလို့ ကျွန်မ မင်းသားကျန့်ကို စောင့်နေရအောင် လုပ်ခဲ့မိတယ်။
အစေခံတွေက ကျွန်မရောက်လာပြီဆိုတာ မင်းသားကို လျှောက်တင်လိုက်ချိန်မှာ ပန်းကန်ကို ပေါက်ခွဲလိုက်တဲ့ ကျယ်လောင်တဲ့ အသံကို ကြားလိုက်ရလို့ ကျွန်မရဲ့ကိုယ် တုန်ခနဲ ဖြစ်သွားမိတယ်။
လက်သီးဆုပ်တစ်ခုက ကျောက်စားပွဲကို ထုချလိုက်တဲ့ အတွက် အဲ့ဒီကျောက်စားပွဲရဲ့မျက်နှာပြင် အစိတ်စိတ် အမွှာ မွှာ ကွဲကြေသွားခဲ့တယ်။
ကျွန်မက အခန်းအလယ်မှာ ရပ်နေရင်း မြေကြီးထဲကို ခေါင်းဝင်သွားတော့မလိုကို ငုံ့နေမိတယ်။ အခန်းအလယ်က ဒေါသထွက်နေတဲ့ အမျိုးသားကို ကျွန်မ မော့မကြည့်ရဲဘူး။ မင်းသားက ကျွန်မကို စောင့်နေရလို့ ဒေါသထွက်နေတာပဲ။ အမေလည်း ကျွန်မကို ဒေါသထွက်တဲ့အခါ ခုလို လုပ်တတ်တယ်။
မိန်းကလေးတချို့ရဲ့ ရယ်သံ ခိုးခိုးခစ်ခစ်ကို ကြားတဲ့အခါ ကျွန်မ မော့ကြည့်လိုက်မိတယ်။ ကျွန်မရဲ့ရှေ့မှာ လှလှပပ ဝတ်စားထားတဲ့ မင်းသားရဲ့ကိုယ်လုပ်တော် တွေ ထိုင်နြေ့တယ်။ ကိုယ်လုပ်တော် တစ်ယောက်က မင်းသားရဲ့ ရင်ဘတ်ထဲတွင် သူမရဲ့တစ်ကိုယ်လုံးကို မှီထားပြီး မင်းသားကို ဒေါသလျှော့ဖို့ ပြောနေတယ်။
ကျွန်မက မင်းသားစီးထားတဲ့ အနီရင့်ရင့် ဖိနပ်နဲ့ ရွှေရောင် နဂါးရုပ်တွေ ထိုးထားတဲ့ ဝတ်ရုံ၏ အောက်ခြေအဖျားကိုပဲ အကြည့်လွှဲထားလိုက်တယ်။
"မင်းက ငါကိုယ်တော်ကို စောင့်ခိုင်းရအောင် လုပ်တယ် ဆိုတာ့ တော်တော် သတ္တိ ကောင်းနေတယ်ပေါ့"
မင်းသားရဲ့အသံက သြဇာနဲ့ပြည့်ဝပြီး နေရောင်လို နက်ရှိုင်းပြီး တဖက်သားရင်ထဲကို ထိုးဖောက် သွားနိုင်စွမ်းရှိနေတယ်။ ဒါပေမယ့် ကျွန်မ ဘာမှ ပြန်မပြောပဲ ဒီအတိုင်း ခေါင်းငုံ့ပြီး ရပ်နေမိတယ်။
လူတစ်ယောက် ဒေါသထွက်နေတဲ့ အချိန်မှာ စကားမပြောပဲ တိတ်တိတ်လေး နေရမယ်လို့ ကျွန်မ ဘဝနဲ့ရင်းပြီး သိခဲ့တယ်။ သူတို့က မင်းကို စော်ကားတာတွေ၊ အော်ဟစ်တာတွေကို သည်းခံနေရင် နောက်ဆုံး သူတို့က မောပန်းလာပြီးမင်းကို လျစ်လျူရှု လာ လိမ့်မယ်။
သို့ပေမယ့် လူတိုင်းက မတူကြဘူး။ မင်းသားကျန့်က ကျွန်မရဲ့ တိတ်ဆိတ်မှုက သူ့ကို ပမာမခန့်လုပ်တယ်လို့ ထင်သွားပုံရတယ်။
ဒါကြောင့် ကျွန်မရဲ့ လက်မောင်းကို ခပ်ကြမ်းကြမ်း ဆွဲဆောင့်လိုက်တယ်။
လက်မောင်းက ခွန်အားကြီးတဲ့ လက်အစုံရဲ့ ဆုပ်ကိုင်ခံလိုက်ရတဲ့ အတွက် နာကျင်လွန်းလို့ ကျွန်မ လွှတ်ခနဲ အော်မိမလို ဖြစ်သွားခဲ့တယ်။
ကျွန်မကို မော့ကြည့်ဖို့ အတင်းပြောနေတဲ့အတွက် ကျွန်မ မင်းသားရဲ့ ဒေါသ မုန်တိုင်းထန်နေတဲ့ မျက်ဝန်းတစ်စုံကို ပထမဆုံးအကြိမ် စိုက်ကြည့်ခဲ့မိတယ်။
မင်းသားနဲ့အကြည့်ချင်း ဆုံသွားတဲ့အခိုက်မှာ မင်းသားက ကျွန်မရဲ့ လက်မောင်းကို တင်းတင်းဆုပ်ကိုင် ထားရာကနေ သူ့အသားကို မီးလောင်လိုက်သလို အမြန်လွတ်လိုက်တယ်။
ဘာကြောင့်မှန်း ကျွန်မ မသိခဲ့ပေမယ့် မင်းသားရဲ့ခွန်အားကြောင့် ကျွန်မရဲ့လက်မောင်းမှာ အညိုအမည်းစွဲတဲ့ ဒဏ်ရာ ရသွားတယ်ဆိုတာ ကျွန်မ သိလိုက်တယ်။
************-***
Chapter (5)_ စကားပြောစမ်း
"အရှင်မင်းသားက မင်းကို မေးနေတယ်လေ။ ညီမလေး မြန်မြန် မဖြေရင် အရှင်မင်းသားကို ဒေါသထွက်အောင် လုပ်မိလိမ့်မယ်"
ကိုယ်လုပ်တော်တွေထဲက တစ်ယောက် ကြင်နာစွာ ပြောခဲ့ပေမယ့် သူမရဲ့ လေသံက စိတ်ရင်းမှန်နဲ့ မဟုတ်ဘူးဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ သူမရဲ့ အသံက အမေ့အသံလို ဟန်ဆောင်မှုတွေနဲ့ ပြည့်နေတယ်ဆိုတာ ကျွန် မခံစားမိလိုက်တယ်။
"မင်းသားကို စောင့်ဆိုင်းစေမိတဲ့အတွက် ရူရိ တောင်းပန်ပါတယ်။ မင်းသားရဲ့ အိမ်တော်က အရမ်းကြီးပြီး ပင်မအဆောင်က ဘယ်မှာရှိမှန်း ရူရိ မသိလိုက်လို့ပါ။"
ကျွန်မက နောက်ကျရသည့် အကြောင်းကို လိုရင်းပဲ ခပ်တိုတိုရှင်းပြလိုက်တယ်။ ဘယ်သူကမှ ခွင့်လွှတ်ပေးဖို့ ပြောတာကို မကြားချင်ကြဘူး။ သူ့ဆီကနေ ဘာစကားမှ မကြားရတော့ ကျွန်မ ခေါင်းမော့ပြီး ကြည့်လိုက်ချိန်မှာ အခုထိ ကျွန်မ နားမလည်နိုင်လောက်တဲ့ မျက်ဝန်းနဲ့စိုက်ကြည့်နေတဲ့ မင်းသားကို တွေ့လိုက်ရတယ်။
ရုတ်တရပ် မိန်းကလေးတစ်ယောက်ရဲ့ တခစ်ခစ် ရယ်သံလေးက အခန်းထဲက တိတ်ဆိတ်နေတဲ့ အခြေနေကို ဖျက်ဆိးလိုက်တယ်။
နှုတ်ခမ်းကို ယပ်တောင်နှင့် ကာရင်း ရယ်နေတဲ့ လှပတဲ့ အနီရောင်ဝတ်စုံနဲ့ကိုယ်လုပ်တော်မိန်းကလေးကို ရူရိ လှမ်းကြည့်လိုက်မိတယ်။ အဲ့ဒီအမျိုးသမီးရဲ့ စူးရှတောက်ပတဲ့ မျက်ဝန်း တွေက ကျွန်မရဲ့ အမေကို ပြန်သတိရစေတယ်။
ရူရိကို လမ်းမပြပေးတဲ့ အစေခံကို အပြစ်ပေး သင့်ကြောင်း သူမ က ပြောလိုက်တဲ့အခါ မင်းသားက အစေခံအား ရိုက်ပြီး အိမ်တော်ကနေ မောင်းထုတ် လိုက်ဖို့ အမိန့်ပေးလိုက်တယ်။ ဘယ်သူက အစေခံ၊ ဘယ်သူက သခင်မှန်း မသိတဲ့ အသုံးမကျတဲ့လူတွေကို မင်းသားအိမ်တော်က မလိုချင်ဘူးလို့ ပြောနေတယ်။
အစေခံက သူမကို ခွင့်လွှတ်ပေးဖို့ ငိုယို အော်ဟစ်ရင်း အစောင့်နှစ်ယောက် ဆွဲခေါ်တဲ့နောက် တရွတ်တိုက် ပါသွား ခဲ့တယ်။
အစေခံနှင့် အပျိုတော်တွေဆိုတာ အမှိုက်လို ဆက်ဆံခံနေရတယ်ဆိုတာကို ရူရိ တစ်ဘဝလုံး ကောင်ကောင်းမြင်ခဲ့ဖူးတယ်။ ဒါကြောင့် အမေက အစေခံဘဝက လွတ်ဖို့အတွက် အရာအားလုံးကို လုပ်ခဲ့တာဖြစ်တယ်။ အမေနဲ့ နှစ်ပေါင်းများစွာ နေခဲ့တဲ့အတွက် အစေခံဘဝက လွတ်အောင် အမေက ရူရိကိုတောင် အဆိပ်ခတ်ခဲ့တာကို ကြုံခဲ့ရပြီးနောက် ရူရိရဲ့စိတ်ထဲမှာ ချစ်ခြင်းဆိုတာ မရှိသလို မုန်းခြင်းဆိုတာလည်း မရှိတော့ဘူး။
ရူရိကို လမ်းမပြပေးလို့ အရိုက်ခံပြီးနှင်ထုတ်ခံရတဲ့ အစေခံမလေးက သူမကို ကူညီပေးဖို့ ရူရိကို တောင်းပန်တဲ့အချိန်မှာ ရူရိက ဘယ်လိုမှ မခံစားရဘူး။
သူမကို ဘယ်လိုလုပ်ပြီးတော့ ရူရိ က ကူညီနိုင်မှာတဲ့လဲ။ ရူရိကိုယ်တိုင်တောင် ဘယ်သူမှန်း မသိတဲ့အချိန်မှာ ဘာကြောင့် သူမကို ကူညီရမှာလဲ။
"ထွက်သွားကြ"
မင်းသားရဲ့ ပါးစပ်က အမိန့်ကြောင့် ရူရိက မင်းသားကို ဦးညွှတ်အရိုအသေပေးလိုက်ပြီး အမိန့်အတိုင်း ပြန်ဖို့လှည့်ထွက်လာတဲ့အချိန်မှာ မင်းသားက သူမရဲ့ လက်မောင်းကို ခပ်ကြမ်းကြမ်း ဆွဲခံလိုက်ရလို့ မင်းသားရဲ့ မျက်ဝန်းနက်တွေ ရှိရာကို ရူရိ နောက်တကြိမ် မော့ကြည့်လိုက်ရတယ်။
"မင်းကို ပြောတာ မဟုတ်ဘူး။"
ပြင်းပြင်းထန်ထန် စိုက်ကြည့်ခံရတဲ့အတွက် ရူရိ နေရခက်လာခဲ့တယ်။
"ထွက်သွားကြစမ်း!!"
သူရဲ့ ကျယ်လောင်ပြတ်သားတဲ့ အသံကြောင့် ရူရိ ကြောက်သွားပြီး ခန္ဓာကိုယ် တုန်တက်သွားပြန်တယ်။
ပင်မခန်းဆောင်ထဲမှာ ရူရိနဲ့ သူ နှစ်ယောက်တည်း ကျန်တဲ့အခါမှာ သူက ရူရိရဲ့ လက်ကို လွှတ်ပေးလိုက်ပြီး စိုက်ကြည့်နေတယ်။ သူသည် ရူရိထက် ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းလှပြိး အရပ်လည်း မြင့်မားလှတယ်။
မင်းသားသည် သူမကို သစ်ကိုင်းတစ်ခုကို ချိုးသလို အလွယ်တကူ ချိုးပစ်နိုင်တယ်ဆိုတဲ့ အတွေးဝင်လာပြီး ရူရိကို ပိုကြောက်လာစေတယ်။ ဒါ့အပြင် မင်းသားက ဘာစကားမှမပြောပဲ ရူရိကိုပဲ စိုက်ကြည့်နေလို့ ရူရိရဲ့ရုပ်ရည်က သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသလားဟု တွေးလိုက်မိတယ်။
ရူရိရဲ့ ဖခင် အမတ်လီက သမီးချောတွေကို ပိုင်ဆိုင်ထားလို့ မြို့တော်မှာ နာမည်ကြီးတယ်။ ဒါပေမယ့် ရူရိက ငန်းတွေကြားက ဘဲရုပ်ဆိုးလေးပဲ ဖြစ်တယ်။ အခု မင်းသားက သူ့ကိုယ်လုပ်တော် တွေရဲ့အလှနဲ့ မယှဉ်နိုင်လို့ ရူရိရဲ့ ရုပ်ရည်ကို မကျေနပ်လို့ စိုက်ကြည့်နေတာလို့ ရူရိက ထင်လိုက်မိတယ်။
သမီးတွေရဲ့ အလှအကြောင်း အမြဲ ကြွားဝါလေ့ရှိတဲ့ အဖေရဲ့ လှည့်စားမှုကို ခံလိုက်ရလို့ သူ ဒေါသထွက်နေတာလို့ ရူရိတွေးလိုက်မိတယ်။
"ဘာလို့ မင်းက အရမ်း ဖြူဖျော့နေတာလဲ?"
မင်းသားကျန့်က ရူရိရဲ့ပါးပြင်ကို ညင်ညင်သာသာ ပွတ်သပ်လိုက်တဲ့အခါမှာတော့ ရူရိရဲ့ ရင်ထဲက တုန်လှုပ်မှုကို ဆက်လက် မဖုံးကွယ်နိုင်တော့ဘူး။
***********-*
YOU ARE READING
(Completed) ရူရိ/႐ူရိ (MM translation)
Historical Fictionဘာသာျပန္သူ - May King *မင်း တစ်ခါမှ မပိုင်ဆိုင်တဲ့အရာကို ဘယ်လို ဆုံးရှုံးနိုင်မှာလဲ။ *သူများ သနားတာကို လိုချင်တဲ့အတွက် မင်းရဲ့ အမေရင်းကိုယ်တိုင် အဆိပ်ခတ်တာကို ခံရရင် မင်း ဘယ်လို ခံစားရမလဲ။ *အငယ်ဆုံးသမီးတစ်ယောက်ဖြစ်ပေမယ့် ဘာကြောင့် အရင်ဆုံး အိမ်ထောင်...