(U+Z) Chapter (47)_ ဟိုင်ကျင်းနယ်စားမင်း၏ ဆုံးမစကား

7K 660 7
                                    

(U+Z) Chapter (47)_ ဟိုင်ကျင်းနယ်စားမင်း၏ ဆုံးမစကား



လုံခြုံရေး တင်းကျပ်ပြီး ရှုပ်ထွေးသည့် ဖွဲ့စည်းပုံရှိသည့် ဟိုင်ကျင်းနယ်စားမင်း အိမ်တော်နှင့် ယှဉ်ရင် လီအမတ်ကြီး အိမ်တော်ရဲ့ ဖွဲ့စည်းပုံက အတော်ကို ရိုးရှင်းပါသည်။ စစ်ဗျူဟာသမား ဖြစ်သည့် ဝူကျန့်က ပထမဆုံး အကြိမ်ရောက်လာတာ ဖြစ်ပေမယ့် သူ ဘယ်ကို သွားရမည်ကို သိနေသည်။


လမ်းပြမလိုပဲ သူက အမတ်ကြီးလီတို့ စောင့်နေသည့် အဓိက ခန်းမဆောင်ကို ရောက်အောင်လာနိုင်ခဲ့သည်။


ပင်မခန်းမဆောင်၏ စားပွဲထိပ်တွင် ပတ်ဝန်းကျင်ကို လျစ်လျူရှုကာ လက်ဖက်ရည် သောက်နေသော အမတ်ကြီးလီကို မြင်သောအခါ ဝူကျန့်ရဲ့ နှုတ်ခမ်းက မဲ့သွားလိုက်သည်။


အမတ်ကြီး၏ ဘေးတွင် အမတ်ကြီး၏မိခင်ဖြစ်ဟန်တူသည့် အဖွားကြီးတစ်ယောက်က မျက်နှာသေဖြင့် ထိုင်နေသည်။ ခန်းမထဲက အခြားခုံများတွင် အမတ်ကြီး၏သားများက ပျင်းရိဟန်ဖြင့် ထိုင်နေသည်။ တချို့က စိုးထိတ်နေဟန်ပေါ်သည်။


"အမတ်ကြီးတို့ အိမ်တော်က ကြိုဆိုပုံက အတော်လေးကို တိတ်ဆိတ်တာပဲနော်...."


တံခါးဝတွင် သူ့ဝမ်ဖေး၏လက်ကို ဆုပ်ကိုင်ကာ ရပ်နေသော ဟိုင်ကျင်းနယ်စားမင်းကို မြင်လိုက်ရချိန်မှာ အံ့သြလို့ အမတ်ကြီးလီက ပါးစပ်ထဲက လက်ဖက်ရည်ကို ထွေးထုတ်လုနီးပါးဖြစ်သွားသည်။


နယ်စားမင်း ရောက်ရှိကြောင်း ဘယ်အစေခံကမှ မကြေငြာကြပါလား....


အမတ်ကြီးလီ၏ မိခင် အဖွားကြီးက ချောမောခန့်ညားလွန်းသည့် နယ်စားမင်း၏ရုပ်ရည်ကို မြင်လိုက်ရချိန်မှာ မျက်လုံးပြူးသွားခဲ့သည်။


သူမရဲ့ မြေးမ အားလုံး ဘာကြောင့် ဒီယောကျာ်းကို အသည်းအသန် ဖြစ်နေသည်ကို သဘောပေါက်သွားခဲ့သည်။

(Completed) ရူရိ/႐ူရိ (MM translation)Where stories live. Discover now