Chapter (38)_ လျှို့ဝှက်ထားတဲ့ အလှတစ်ပါး (U+Z)

8.2K 722 3
                                    

Chapter (38)_ လျှို့ဝှက်ထားတဲ့ အလှတစ်ပါး



" ဝူကျန့် နဲ့ ဝမ်ဖေး...မယ်တော်ကြီးနဲ့ ဧကရာဇ်ကို နှုတ်ခွန်းဆက်သပါတယ် "


ဟိုင်ကျင်းနယ်စားမင်းက နှုတ်ဆက်လိုက်ချိန်မှာ ရူရိက ဘေးမှာ တိတ်ဆိတ်စွာနှင့် ဂါရဝပြုလိုက်သည်။
 

" ဒီနှစ်မှာ မင်း ပွဲကို တက်ရောက်လို့ ငါကိုယ်တော် တကယ်ကို ဝမ်းသာတယ် ဟိုင်ကျင်းနယ်စားကြီး။   မင်း ဒီပွဲကို တက်ရောက်လိမ့်မယ်လို့   ပြောလာတုန်းက ငါကိုယ်တော်က နောက်ပြောင်တာလို့  ထင်ခဲ့တာ။ မင်းက ဒီလို ပွဲမျိုးကို မနှစ်သက်ဘူးဆိုတာ ငါကိုယ်တော် သိတယ်လေ "


" အရှင်မင်းကြီးက ဝူကျန့်ကို ပွဲမဖြစ်မနေ တက်ရအောင် လုပ်နေတာကိုး... "


" မယ်တော်ကြီးလည်း ဒီလိုကြားထားတယ်...."


အရပ်ရှည်ပြီးချောမောတဲ့ နယ်စားမင်း ဘေးနားက မိန်းမငယ်လေးဆီအကြည့်ရောက်ရင်း  မယ်တော်ကြီး   ငြင်သာစွာရယ်မောကာ ဝင်ပြောလိုက်သည်။


မယ်တော်ကြီးက နယ်စားမင်းရဲ့ဝမ်ဖေးကို ရှုစားနေချိန်မှာ ရွှေပွဲလာပရိတ်သတ်အားလုံး ငြိမ်သက်ကာ စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။ လူအားလုံးက ဝမ်ဖေးလေးက မယ်တော်ကြီးရှေ့မှာ စိတ်လှုပ်ရှားနေမယ် ထင်ပေမယ့် ဝမ်ဖေးလေးက တည်ငြိမ်အေးချမ်းစွာရှိနေပုံက  ဟန်ဆောင်တာ မဟုတ်ပဲ ပကတိဟန်ပန်လေးမှန်းသိသာလှသည်။
 

 " လီရူရိ...  ခေါင်းကို မော့လိုက်မှ မယ်တော်ကြီးက မင်းရဲ့မျက်နှာကို ကောင်းကောင်းမြင်နိုင်မှာပေါ့... "


မယ်တော်ကြီး၏ စကားသံကြောင့် ရှုရိက တည်ငြိမ်စွာနဲ့ ခေါင်းကိုမော့လိုက်သည်။ သူမ ခေါင်းပြန်မငုံ့ခင် မယ်တော်ကြီးကို ခဏ ကြည့်လိုက်သည်။
 

" ကြည့်ရတာ လီအမတ်ကြီးက မင်းကို ဒီနှစ်တွေအတွင်းမှာ  သေချာဖုံးကွယ်ထားခဲ့တာပဲ! မင်းအဖေက သူ့သမီးအကြောင်းကို ကြွားဝါးကတည်းက ချဲ့ကားနေတယ်လို့ မယ်တော်ကြီးက ထင်ခဲ့မိတယ်။ ဒါပေမယ့် မင်းကို တွေ့လိုက်ရမှ မင်း အဖေ မင်းကို လျှို့ဝှက်ထားတာ မထူးဆန်းတော့ဘူး။  "


မယ်တော်ကြီးက ရယ်ရွှင်မြူးစွာပြောခဲ့သည်။


 မယ်တော်ကြီး၏စကားများကို ရူရိ ဘယ်လိုမှ မတုန့်ပြန်ခဲ့ပေ။ တည်ငြိမ်အေးချမ်းလွန်းတဲ့ သူမရဲ့ အမူယာနဲ့ ခံစားချက်ကို ဘယ်သူမှ မသိနိုင်ကြပေ။


" ဘယ်လောက်ချစ်ဖို့ကောင်းလိုက်တဲ့ မိန်းကလေးလဲ... "


 မိန်းကလေးရဲ့ အေးဆေးတည်ငြိမ်တဲ့ အမူယာကို မယ်တော်ကြီး နှစ်သက်သဘောကျကာ ပြောလိုက်တော့ ဘေးက ကြည့်နေတဲ့ မင်းကြီးကပါ ဝင်ရောက်ထောက်ခံလိုက်သည်။

 
" ဟုတ်တယ်။ တကယ်ချစ်ဖို့ကောင်းတယ် "  


မင်းကြီးဆီက ဒီစကားထွက်လာတော့ နယ်စားမင်းဟိုင်ကျင်းရဲ့ အေးစက်စက်အကြည့်တွေက မင်းကြီးဆီကို ဒိုင်းခနဲရောက်သွားခဲ့သည်။ မင်းကြီးက ဘာရယ်လို့ ဖော်ပြလို့မရသည့်အပြုံးနှင့် နယ်စားမင်း၏အကြည့်ကို လျစ်လျူရှုလိုက်သည်။

 
" မင်းအတွက် လိုက်ဖက်တဲ့ လက်ဆောင်တစ်ခုကို မယ်တော်ကြီး ပြင်ဆင်ထားပေးတယ် လီရူရိ "


မယ်တော်ကြီး၏စကားအဆုံးတွင် နန်းတော်သူတွေက ငွေရောင်လင်ဗန်းတစ်ခုကို သယ်ဆောင်လာခဲ့သည်။ မယ်တော်ကြီးက ထိုလင်ဗန်းထဲက  ကြည်လင်စိမ်းမြသည့်  ကျောက်စိမ်းလက်စွပ်တစ်စုံကို ရွေးချယ်ပြီး ရူရိ ကို ပေးခဲ့သည်။


" အဲ့ဒီလက်စွပ်တွေက နွေးတယ် မဟုတ်လား... "


ထိုကျောက်စိမ်းလက်စွပ်ကို ချီးမြှင့်လိုက်စဉ် ရူရိက လက်နှစ်ဖက်ဖြင့် ရိုသေစွာလက်ခံလိုက်သည်။ ကျောက်စိမ်းလက်စွပ်နဲ့ ထိမိစဉ် အေးစက်သည့် သူမရဲ့ အရေပြားပေါ်တွင် နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် ရူရိ အံ့အားသင့်သွားခဲ့သည်။


" ဒီကျောက်စိမ်းကို တုန်းဖားမီးတောင်ပေါက်ကွဲတဲ့နေရာကနေ ရှာတွေ့ခဲ့တာ။    တခြားကျောက်စိမ်းတွေနဲ့မတူတာက ဒီကျောက်စိမ်းက အပူကို ထိန်းထားနိုင်ပြီး တစ်ကမ္ဘာလုံးမှာ နည်းနည်းပဲရှိတယ် "


မယ်တော်ကြီး မိန့်လိုက်သည့် စကားကိုကြားလိုက်ရပြီးနောက် ပရိသတ်အားလုံး အံ့အားသင့်သွားခဲ့ရသည်။ ဒီလောက်တန်ဖိုးရှိသည့် ကျောက်စိမ်းကို မယ်တော်ကြီးက ဘာကြောင့် ဟိုင်ကျင်းနယ်စားမင်းရဲ့ဝမ်ဖေးကို ပေးလိုက်ရတာလဲ.....
 

" အဲ့ဒီကျောက်စိမ်းက မင်းနဲ့လိုက်ဖက်တယ် လီရူရိ ။ ကျောက်စိမ်းကော၊ အရောင်နဲ့ကော မင်းနဲ့ အလိုက်ဖက်ဆုံးပဲ "


မယ်တော်ကြီးက ရိုးရှင်းစွာ မိန့်ခဲ့သည်။
 


" မယ်တော်ကြီးကို ရူရိ ကျေးဇူးတင်ပါတယ် "


နောက်ဆုံး ရူရိ ကျေးဇူးတင် စကားစပြောလိုက်ချိန်မှာ မင်းပရိတ်သတ်အပေါင်းက သာယာချိုအေးသော အသံလေးကို ကြားလိုက်ရသည်။
 

" ဝူကျန့်နဲ့ ဝမ်ဖေးက နေရာယူပါတော့မယ်"


ဧကရာဇ်နဲ့ မယ်တော်ကြီးဆီက ပြန်ကြားချက်ကို မစောင့်တော့ပဲ နယ်စားမင်းဝူကျန့်က သူ့ဝမ်ဖေးရဲ့လက်ကို ဆွဲကာ သူတို့အတွက် သတ်မှတ်ထားသည့်နေရာကို ထွက်သွားနှင့်လေပြီ။


 ******-*********

(Completed) ရူရိ/႐ူရိ (MM translation)Where stories live. Discover now