Chapter (66) - The Empress - ဧကရီမိဖုရားခေါင်ကြီး

6.1K 616 3
                                    

Chapter (66) - The Empress - ဧကရီမိဖုရားခေါင်ကြီး



နန်းတွင်းကလူတွေက မင်းသားဝူကျန့်ကိုတွေ့ခဲ့တဲ့ နောက်ဆုံးအချိန်က ငါးနှစ်နီးပါးကြာခဲ့ပြီဖြစ်သည်။

 အိမ်ရှေ့မင်းသားနှင့် ဘေးချင်းယှဉ်ပြီး ဘယ်ဘက်တွင် မင်းသားဝူကျန့် ရပ်ခွင့်ရလိုက်သည့်အချိန်က မင်းသားဝူကျန်၏အသက်က  နှစ်ဆယ့်သုံးနှစ်ပဲ ရှိသေးပြီး ညီလာခံတွင် အသက်အငယ်ဆုံးဖြစ်သည်။


ဘယ်သူမှ မထိဝံ့သော မင်းသားသည် ရွှေရောင်နှင့် အနီရောင် နဂါးပုံ ပန်းထိုးထားသည့်   အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည်။ ဒါက  ဧကရာဇ် သို့မဟုတ် သူ၏အမွေဆက်ခံသူသာလျှင် ဝတ်ဆင်ခွင့်ရသည့် အမှတ်သင်္ကေတဖြစ်သည်။ သူ၏ရှည်လျားသောဆံပင်ကို ရိုးရှင်းသော ဆံထုံးအဖြစ် ထုံးဖွဲ့ထားကာ အစွပ်ဖြင့် ချည်နှောင်ထားပြီး သူက ဝူရှီးပြည်၏ခေါင်းဆောင်ဖြစ်ကြောင်း လူတိုင်းသိသာ စေခဲ့သည်။  

ဂုဏ်ယူဝင့်ကြွားစွာ ရပ်တန့်နေခဲ့သည့် မင်းသားဝူကျန့်၏သွင်ပြင်က နန်းရင်ပြင်တစ်ခုလုံး တွင် ထင်ရှားကာ သူ့သတင်းက ပျံ့လွင့်နေသည်။ ထိုလူငယ်မှာ သူတို့၏မင်းသား ဝူကျန့် ဖြစ်သည်။ သူတို့၏မင်းသားက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သည်။ မင်းသားလေးရဲ့ အရည်အချင်းကို ဘယ်သူမှ ငြင်းလို့မရဘူးဆိုတာ သေချာသည်။

တရားလွှတ်တော် ညီလာခံ အပြီးတွင် ဝူကျန့်သည်  အဘွားဖြစ်သော ဧကရီမိဖုရားခေါင်ကြီး  ဝမ်ချန့်ထံသို့ သွားခဲ့သည်။ ဧကရာဇ်ဟွေ့ကျုံးက သူ့အဖွားက သူ့ကိုလွမ်းနေပြီး သူနဲ့ ထမင်းအတူစားချင်တယ်လို့ ပြောခဲ့တဲ့အတွက် အဖွားတော်ဆီကို လာလည်တာ ဖြစ်တယ်။ ဧကရာဇ်မင်းမြတ်နှင့် အိမ်ရှေ့မင်းသားတို့နှင့်အတူ ဧကရာဇ်နန်းတော်သို့ ဝူကျန့် ရောက်ရှိလာသောအခါတွင် ထိုနေရာတွင် အခြားအမျိုးသမီးများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။

"ဝူကျန့်က တော်ဝင်ဧကရီကို နှုတ်ဆက်ပါတယ်"


ဝူကျန့်က ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။


"ကျန့်...."

ဧကရီဝမ်ချန့် သည် ဧကရာဇ်ဟွေ့ကျုံးထက် နှစ်အနည်းငယ်သာ ငယ်သော်လည်း အလွန်လှပ နေဆဲဖြစ်သည်။  

သူမ ထိုင်ခုံမှထကာ  ဝူကျန့်ထံသို့သွားသောအခါ မည်သူမျှ အံ့သြခြင်းမရှိပေ။ မင်းသားဝူကျန့် က သူ့ကို ဘယ်သူ့ကိုမှ ထိခွင့်မပေးပေမယ့် ဧကရီက သူ့အဘိုးနဲ့ တွဲပြီး ဝူကျန့်ကို ငယ်စဉ်ကတည်းမှ ကြီးပြင်းလာတဲ့ ပြုစုပေးခဲ့တဲ့ အဖွားဖြစ်လို့ ဝူကျန့်ကို ထိတွေ့လို့ရသည့်   အနည်းစုထဲတွင် ဧကရီလည်း ပါဝင်သည်။

 
"မင်းက ချွင် နဲ့တူတယ်"

 သူမ၏မျက်လုံးများသည် ချစ်ခင်ကြင်နာမှုဖြင့် ပျော့ပျောင်းနူးညံံ့နေသည်။

 

ဝူဟိုင်ချွင်သည် ချောမောသော ယောက်ျား တစ်ယောက်ဟု လူသိများခဲ့သည်။ ဝူကျန့်သည် သူ့အဖေနှင့်တူသည်ဟု သူ့အဖွားထံမှ မကြာခဏကြားခဲ့ ရသည်။

"လွန်ခဲ့တဲ့ငါးနှစ်လံုံးလုံး မြေးနဲ့ မတွေ့ခဲ့ရဘူး။ ဒီနှစ်တွေမှာ မြေး... နေကောင်းရဲ့လား"

ဧကရီသည် ဝူကျန့်၏လက်ကိုဆွဲကာ ဟင်းပွဲများစွာပြင်ဆင်ထားသည့် စားပွဲဆီသို့ ခေါ်သွားလိုက်သည်။ လူဆယ်ယောက်ပါတဲ့ စားပွဲဝိုင်းကြီးမှာ ထိုင်ရင်း ဧကရီက ဝူကျန့်ကို ထွေရာလေးပါး စကားစမြည်ပြောနေခဲ့သည်။ ဝူကျန့်က ညစာစားရင်း  စကားများများစားစား မပြောဘဲ သူ့အဖွားရဲ့မေးခွန်းတွေကို တိုတို ရှင်းရှင်း ဖြေပေးနေခဲ့သည်။

 

"ဒီညနေက ဟင်းတွေကို ဘယ်လိုထင်လဲ"  

ထိုမေးခွန်းကို ဝူကျန့်က မတုံ့ပြန်ခဲ့ပါ။ ဧကရီ၏ ရည်ရွယ်ချက်ကို မသိရလောက်အောင် ဖြစ်ပျက်နေသည်ကို သူ လျစ်လျူမရှုခဲ့သေးပေ။



ဧကရီ၏နန်းဆောင်ထဲကို ဝင်လိုက်ကတည်းက  ဒီထဲက လူတွေက ဘယ်လိုကစားပွဲကို ကစားချင်နေတယ်ဆိုတာ ဝူကျန့်  အလွယ်တကူသိရှိနိုင်ခဲ့သည်။ ဒီနည်းလမ်းက သူလည်း ကောင်းကောင်းသိတဲ့  ကစားပွဲတစ်ခုပဲလေ။

"မင်းရဲ့ဝမ်းကွဲညီမလေး တင်းတင်းက ဒီဟင်းအားလုံးကို သူမဖာသာ ပြင်ဆင်ပေးခဲ့တယ်။   "  

ဧကရီသည် ဝူကျန့်ဘေးတွင် တချိန်လုံး နာခံစွာနှင့် မခို့တရို့ထိုင်နေသော အမျိုးသမီးငယ်အား ရယ်မောကာ ပြုံးပြလိုက်သည်။  

"ဟုတ်တယ်။ သူမက အများကြီး ကြိုးစားအားထုတ်ပြီး ဒါတွေကို လုပ်ပေးခဲ့တယ်"


ဧကရီက ဝူကျန့်၏လက်မောင်းကို ညင်သာစွာ ပုတ်လိုက်ကာ ပြောလိုက်သည်။  



ဝူကျန့်သည် တိတ်ဆိတ်စွာ စားသောက်နေခဲ့သည်။ သူ့စိတ်ထဲ ဘယ်လိုတွေးနေသည်ကို သူ့မျက်လုံးထဲကနေ ဘယ်သူမှ မဖတ်နိုင်ခဲ့ပေ။

 ဧကရာဇ်နှင့် အိမ်ရှေ့မင်းသားတို့သည် သူတို့၏မျက်နှာပေါ်တွင် သိတတ်သော အပြုံးဖြင့် စားသောက်နေကြသည်။  နှစ်ယောက်လုံး စကားမပြောပဲ ခန့်ညားတည်ကြည်စွာ ရှိနေကြသည်။

 

"တင်းတင်းက အရမ်းကို အချက်ပြုတ်တော်တဲ့ ကလေးမလေးပဲ။  "


တင်းတင်းရဲ့ သူ့အမေက သူမ သမီးကို ချီးမွမ်းကာ ဆက်ပြောခဲ့သည်။

 "အရှင်မင်းကြီးက သူ့အတွက် တင်းတင်းကို အမြဲချက်ပြုတ်ခွင့်ပြုခဲ့တယ်။ အရှင်မင်းကြီးတောင် တင်းတင်းချက်တဲ့ ဟင်းတွေကို  သဘောကျတယ်။ မင်းသားကျန့်...တင်းတင်းက မင်းသားအတွက် ဟင်းလျာပူပူနွေးနွေးလေးတွေကို ချက်ပြုတ်ပေးချင်နေတယ်လေ  "  

"မေမေ၊ တော်ပါတော့"

တင်းတင်း သည် ရှက်ရွံ့သော အမူအရာဖြင့် တစ်ဖက်သို့ လှည့်ကာ သူမ အမေကို ညင်သာစွာ ဟန့်တားလိုက်သည်။  

အမျိုးသမီးများအားလုံး ရှက်ရွံ့နေသည့် တင်းတင်းကို ကြည့်ကာ သဘောကျစွာ တခစ်ခစ်ရယ်နေကြပြီး ယောက်ျားများက တိတ်ဆိတ်စွာ စားသောက်နေကြသည်။
 

"မင်းသားကျန့်.... အမတ်ကြီးရဲ့ အလိုလိုက်ခံခဲ့ရတဲ့ သမီးက ဒီလိုဟင်းမျိုးကို ချက်တတ်မှာ မဟုတ်တာတော့ သေချာတယ်  "


တင်းမင်း ၏အမေက ချိုမြိန်သော အပြုံးဖြင့် ဆက်လက်ပြောလိုက်သည်။


 "တင်းတင်းက မင်းသမီးတစ်ပါးဆိုပေမယ့် အမတ်ကြီးသမီးလို ရွှေပေါ်မြတင် ဖူးဖူးမှုတ် အလိုလိုက်ခံရပြီး ကြီးပြင်းလာတာ မဟုတ်ဘူး။ မင်းက အဲ့လိုမိန်းမမျိုးကို မကြိုက်ဘူးဆိုတာ   ငါတို့အားလုံးသိပါတယ်"  

ဝူကျန့်သည် ပန်းကန်လွတ်ကို အေးအေးဆေးဆေး ချလိုက်သော်လည်း ပန်းကန်လုံးနှင့် စားပွဲ ထိမိသည့် အသံသည် ကျယ်လောင်လွန်းသဖြင့် မည်သူမျှ စကား ဆက်မပြောရဲတော့ပေ။ တိတ်ဆိတ်မှုက ကြီးစိုးလာပြီး ထမင်းဝိုင်းက အဆင်မပြေဖြစ်လာခဲ့သည်။ ဝူကျန့်က  အနီးနားရှိ မိန်းမစိုးကို မသိမသာ စိုက်ကြည့်လိုက်တော့  လိမ္မာပါးနပ်တဲ့ မိန်းမစိုးက လက်ဖက်ရည်တစ်ခွက်နဲ့ ရောက်လာပြီး ဆက်သလိုက်သည်။

 

"ကျ..ကျန့်ကော..."


တင်းတင်းက စိတ်လှုပ်ရှားစွာဖြင့် ဝူကျန့်ကို ခေါ်လိုက်သည်။ သူမအပေါ်ကို ဝူကျန့်ရဲ့ အကြည့်တွေကို ရောက်ရှိစေချင်နေသည်။


 

ဝူကျန့်သည် သူမ၏နူးညံ့ ပျော့ပျောင်းပြီး မိန်းမပီသသော အချက်ကို သတိပြုမိမည်ဟု မျှော်လင့်စွာဖြင့် အရောင်ဖျော့ဖျော့ ဝတ်စုံကို ရိုးရှင်းစွာ ဝတ်ဆင်ထားခဲ့သည်။ သူမသည် ဒီနေ့နံနက် စောစောနိုးလာသောကြောင့် ဒီအစားအစာအားလုံးကို ပြင်ဆင် ချက်ပြုတ်ပေးနိုင်ခဲ့သည်။ သူ စိတ်ကျေနပ်အောင် ဘယ်လောက်ကြိုးစားအားထုတ်ခဲ့ ရတယ်ဆိုတာ  ဝူကျန့်ကို မြင်စေချင်နေသည်။


"ဝူကျန့်ကို အခုလို ထမင်းစားဖိတ်ပေးတဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"

ဝူကျန့်က ဧကရီမိဖုရားခေါင်ကြီးကို ဦးတည်းပြောကာ  လက်ဖက်ရည်ခွက်ကိုချပြီး  မတ်တပ်ရပ်ကာ နူတ်ဆက်လိုက်သည်။

 "ဝူကျန့်.... အနားယူတော့မယ်"  

"ကျ..ကျန့်ကော...."


တင်းတင်းက ဝူကျန့်၏အင်္ကျီလက်စကို လှမ်းဆွဲကိုင်ထားပြီး သူ့ကို မသွားစေချင်ခဲ့ပေ။


အေးစက်သော မျက်လုံးများက သူမဘက်သို့ လှည့်လာသောအခါ သူမက လက်ကို အမြန်လွှတ်လိုက်သည်။ သူ့မျက်လုံးများက သေမင်းတမန် အလင်းတန်းကဲ့သို့ သူ့ကို သူမ ထိလိုက်သည်နှင့်ဖြတ်ခနဲ လက်သွားခဲ့သည်။

 သူမ ဘယ်လောက် ကြိုးစားအားထုတ်ခဲ့ပေမယ့် သူမအပေါ် ဝူကျန့်ရဲ့ အကြည့်တွေက ဘယ်လောက်အေးစက်နေလဲဆိုတာကို မြင်လိုက်ရတော့ တင်းတင်းရဲ့မျက်ဝန်းထဲမှာ  မျက်ရည်စက်တွေဖွဲ့သီလာခဲ့ပြီး ဧကရီကို အကူအညီတောင်းဖို့ လှည့်ကြည့်လိုက်သည်။


"ကျန့်...တင်းတင်းက မိန်းမကောင်းလေးပါ...."


ဧကရီက ညင်သာစွာပြောလိုက်သည်။  

"အရှင်မင်းကြီး......အားလုံးကို လေးစားပါတယ်။ ဒါပေမယ့် ဝူကျန့် ဂရုမစိုက်ဘူး"


ဝူကျန့်က အေးစက်စက် မျက်လုံးများဖြင့် ဧကရီထံသို့ တချက်ကြည့်ကာ လှည့်ထွက်သွားခဲ့သည်။  

အံ့အားသင့်သွားသည့် ဧကရီသည် စကားတခွန်းမှ မပြောနိုင်တော့ပေ။ ဝူကျန့်၏ အေးစက်သော စိတ်နေစိတ်ထားကို သူမ သိသော်လည်း သူမ၏မြေးဖြစ်သူက သူမကို ဘာခံစားချက်မှ မရှိသည့်ဟန်ဖြင့် ပထမဆုံးအကြိမ် ခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။ သူ့လက်ရှိဝမ်ဖေး ကြောင့် အခုလို လုပ်သွားခဲ့တယ်ဆိုတာ သိလိုက်ရတဲ့အတွက် ဧကရီမိဖုရားခေါင်ကြီးက  စိတ်မကောင်းဖြစ်သွားခဲ့ရသည်။

 

"ဝူကျန့်.....မိန်းမတစ်ယောက်ကြောင့် မင်းအဖွားကိုတောင် ဒီလိုစကားတွေပြောနေတာလား။ "


ဧကရီဝမ်ချန့် ၏အမူအရာမှာ ပျော့ပျောင်းခြင်း မရှိတော့ပေ။  

ဧကရီ၏စကားတွေက ဝူကျန့်ကို ရယ်မောစေခဲ့သဖြင့်  ဧကရာဇ်နဲ့ အိမ်ရှေ့မင်းသားကလွဲလို့ အားလုံးက အံ့သြနေကြတယ်။

"မိန်းမတစ်ယောက်..."

ဝူကျန့်က အေးစက်စွာ ရယ်မောလိုက်သည်။  

ဧကရီကို မျက်နှာချင်းဆိုင်မည့်အစား ဝူကျန့်က   ဧကရာဇ်မင်းအား မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။

"ကျွန်တော့်မိန်းမကို ဂရုမစိုက်တဲ့သူကို ကျွန်တော် ဒီလိုပဲ ပြောဆိုနိုင်မယ်"  

ဝူကျန့်က ဒီစကားကိုပြောပြီး လှည့်ထွက်လာခဲ့သည်။ ဧကရီမိဖုရားခေါင် အဖွားတော်က ဟန့်တားသည်ကိုပင် သူက ငြင်းဆန်ခဲ့သည်။

 

*******-*******

(Completed) ရူရိ/႐ူရိ (MM translation)Where stories live. Discover now