Part-1

57 3 1
                                    

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
             ** ၂၀၂၁ခုနှစ် မေလ၂၄ရက် **
ရေးလက်စစာရွက်ပေါ်ကလက်ရေးတွေကိုကြည့်ပြီးကြယ်စင်တစ်စုံတစ်ယောက်ကိုသတိရသွားသည် "နင့်လက်ရေးကလည်းကြီးလိုက်တာလူကိုတောင်ပေါက်သတ်လို့ရတယ်"  လို့စနောက်ပြီးပြောလေ့ရှိတဲ့ကောင်လေးတစ်ယောက်ကိုပေါ့  သတိရလက်စနဲ့မထူးပါဘူးဆိုပြီးလက်ထဲမှာကိုင်ထားတဲ့ဘောပင်ကိုချပြီးပြတင်းပေါက်အပြင်ဘက်ကိုငေးကြည့်ကာအတွေးနယ်ချဲ့နေခဲ့မိသည်

""အချစ်ဆိုတာဘာအဓိပ္ပာယ်မှန်းမသိသေးတဲ့အချိန်ထဲကကိုယ်မင်းကိုချစ်တာ""

၂၀၀၉ခုနှစ်၊ဇွန်လ(၇)ရက်နေ့
ကျောင်း‌ဟောင်းကနေကျောင်းသစ်ကိုပြောင်းလာရတဲ့ကြယ်စင်တစ်ယောက်တစ်ခါမှမမြင်ဖူးတဲ့လူတွေကြားထဲမှာတစ်ယောက်ထဲယောင်လည်လည်နဲ့ပေါ့ အခန်းထဲကိုဝင်လိုက်ထဲကဟိုနေရာတစ်ခုဒီနေရာတစ်စုဆော့နေကြတဲ့ကိုယ်နဲ့ရွယ်တူကလေးလေးတွေကိုမြင်တော့နည်းနည်းစိတ်သက်သာရာရသွားပါတယ် သို့သော်အရှက်အကြောက်ကြီးသူပီပီဘယ်သူနဲ့မှစကားမပြောပဲကျောင်းလာပို့သူအဖေ့လက်ကိုဆွဲပြီးနေရာလွှတ်တစ်ခုမှာသွားထိုင်နေလိုက်သည် ရှက်တတ်လွန်းပြီးကြောက်တတ်လွန်းတဲ့ခြောက်နှစ်အရွယ်ကောင်မလေးအဖို့တော့ဒီအချိန်မှာအဖေသာအနားမှာမရှိရင်တော်တော်ဒုက္ခရောက်မှာသေချာပါသည်

သိပ်မကြာလိုက်ပါဘူးကျောင်းခေါင်းလောင်းထိုးလို့အခန်းထဲကိုကျောင်းသားတွေပြေးဝင်လာကြသည် အဲ့ထဲမှာမှကောင်လေးတစ်ယောက် လူတွေအများကြီးထဲမှာမှသူတစ်ယောက်ပဲထင်းထွက်နေသလိုမျိုး၊ သူ့သူငယ်ချင်း‌တွေနဲ့စနောက်ပြီးပြုံးနေတဲ့အပြုံးလေးကလှလွန်းတာကြောင့်အတန်ကြာငေးကြည့်နေခဲ့မိသည် တခြားသူတွေကအခန်းထဲကိုကောင်းကောင်းဝင်လာပေမယ့်သူကတော့ဖိနပ်ကိုစကိတ်လုပ်စီးပြီးဝင်ချလာကော ဘေးကအန်တီတွေကတော့

'သားလေးရေချော်လဲမယ်အဲ့လိုမလုပ်နဲ့လေ'

ဆိုပြီးဝိုင်းပြောနေကြသည် ပြောလည်းဟိုကဖြင့်ဂရုမစိုက်သူလုပ်ချင်တာလုပ်ပြီးအလှဆုံးပြုံးထားလေရဲ့

အချစ်ဦးWhere stories live. Discover now