Part-7

11 0 0
                                    

ဒီလိုနဲ့ပဲခေတ်သစ်ကိုငေးရင်း ဘာလိုလိုနဲ့သတ္တမတန်းကိုတောင်ရောက်လာလေပြီ သတ္တမတန်းမှာ လည်းကြယ်စင် ခေတ်သစ်နဲ့အခန်းအတူတူကျသည် အသင်းလည်းတစ်သင်းထဲပင် ကံသည်လည်းထူးဆန်းလွန်းသည် မဟုတ်ပါလား

"ကြယ်စင်ရေ ကြယ်စင်"

နောက်ကနေအော်ခေါ်သံကြောင့်ကြယ်စင်လှည့်ကြည့်မိလိုက်သည် ဖူးမြတ်ကအမောတကြီးနှင့်ပြေးလာသည်ကို တွေ့လိုက်ရသည်

"ဟဲ့ ဖြည်းဖြည်း ဘာဖြစ်တာလဲဖူးမြတ်ရဲ့"

"အမလေး မောလိုက်တာဟယ် ငါနင့်ကိုပြောစရာရှိလို့ လှမ်းတွေ့လိုက်တာနဲ့ပြေးလိုက်လာတာ"

"အေးပြောလေ ဘာပြောမလို့လဲ"

"ငါတို့တွေ အေရိုးဗစ်ဆော့မယ့် အဖွဲ့ဖွဲ့ထားတယ်ပြီးရင်မြို့နယ်ကိုယ်စားပြု သွားပြိုင်ရမှာ အဲ့တာနင်ပါမလားလို့"

"ဟမ် အေရိုးဗစ်ကဘာလဲ ငါမသိဘူး မပါတော့ပါဘူးဟာ ငါလည်းမဆော့တတ်ဘူး"

"ပါပါဟာ နင်ကလည်း ငါတို့ကိုဆရာမတစ်ယောက်ကိုယ်တိုင်လာသင်ပေးမှာဟ နော်ပါပါနော်"

"ဘယ်သူတွေပါလို့လဲ"

"ငါလည်းခုမှလိုက်မေးနေတာလေ ကြယ်စင်ရဲ့"

"ငါစဉ်းစားဦးမယ် အဲ့တာဆို"

"စဉ်းစား ပြီးရင်တော့ ပါရမှာပဲ"

ဖူးမြတ်ကကြယ်စင့်ကို ပြောင်ပြပြီး တခြားအခန်းတွေဆီ သွားပြီး လိုက်မေးနေလေသည်
ကျောင်းဆင်းချိန်နီးတော့ ဖူးမြတ် ကြယ်စင့်ကိုလာပြောသည်

"ကြယ်စင်ရေ ငါတခြားအခန်းတွေပါ လိုက်မေးပြီးသွားပြီ လူကအယောက်၂၀လောက်တော့ရှိတယ် အော်ပြီးတော့ ဟန်နီလည်းပါတယ်တဲ့"

ဟန်နီလည်းပါတယ်ဆိုတဲ့စကားကြောင့် ကြယ်စင်စိတ်ဝင်စားသွားသည် ငါးတန်းနှစ်ထဲက ထိုနာမည်ကြားတာနဲ့တင် စိတ်ထဲအချဉ်ပေါက်မိသည်

"အင်း.... ငါလည်းပါမယ်လေ မိုးသူကပါမယ်ဆိုလို့ပါတာ"

မိုးသူကိုအကြောင်းပြပြီး ဒေါသထွက်နေတဲ့စိတ်ကိုကြယ်စင်မသိမသာလေးဖုံးလိုက်သည် စိတ်ထဲတွင်တော့ "တွေ့ကြသေးတာပေါ့" ဟုကြုံးဝါးနေမိသည်

အချစ်ဦးWhere stories live. Discover now