Part-3

19 0 0
                                    

အခန်းထဲရောက်တဲ့ထိကြယ်စင့်ကိုလိုက်စနေသောခေတ်သစ်ကိုကြယ်စင်တော်တော်စိတ်ဆိုးလာသည်

"သူ့ဘေးမှာဝိုင်းနေတဲ့ကောင်မလေးတွေကျတော့ဘယ်လိုဝတ်ဝတ်လှတယ်တဲ့ ငါ့ကျတော့ဂါဝန်လေးတစ်ခါဝတ်မိတာကိုလိုက်လှောင်လို့ကိုမပြီးတော့ဘူး"

ကြယ်စင်တိုးတိတ်စွာရေရွတ်ရင်းမျက်ဝန်းမှာပင်မျည်ရည်စများစို့လာသည်။ဒါကိုသတိထားမိသောနှင်းစက်က

"ကြယ်စင်ဘာလို့ငိုနေတာလဲ နင့်ကိုဘယ်သူအနိုင်ကျင့်လိုက်လို့လဲ ငါ့ကိုပြော"

နှင်းစက်ကအဲ့လိုမေးတော့ကြယ်စင်ရယ်မိသည်။ဒီလောက်စွာတေးလန်နေသည့်ကိုယ့်ကိုဘယ်သူကအနိုင်ကျင့်ရဲမှာမို့လို့လဲ
တကယ်လည်းကြယ်စင်ကအရမ်းစွာသည်ကိုယ့်ကိုလာစရင်နည်းနည်းလေးမှသည်းမခံတတ် ခေတ်သစ်နဲ့မှပဲကြယ်စင်အရှုံးပေးထားရသည်

"နှင်းစက်ကလည်းငါ့ကိုဘယ်သူကအနိုင်ကျင့်ရဲမှာလဲဟ အဲ့လောက်စွာနေတာကို ဟီးဟီး"

"အာ့ဆိုနင်ဘာလို့မျက်ရည်တွေဝဲနေတာလဲပြော"

"ငါ့အိမ်မှာမွေးထားတဲ့ကြောင်လေးကိုသတိရသွားလို့ပါဟ"

"ကြယ်စင်တစ်ယောက်ကတော့ ကြောင်လေးကိုသတိရတာငိုပါငိုနေတယ် ငါ့မှာတော့ဘာများဖြစ်လို့လဲလို့"

ကိုယ့်သူငယ်ချင်းနှင်းစက်ကကိုယ့်ကိုအရမ်းဂရုစိုက်ပေးတော့လည်းပျော်မိသည် ခေတ်သစ်လှောင်ထားတာတောင်သတိမရတော့ နှင်းစက်နှင့်ပဲ‌ဆော့နေလိုက်သည်

မိန်းကလေးတွေတရုန်းရုန်းနှင့်ပါးစပ်ကနားရွက်ကိုတက်ချိတ်တော့မယ့်အတိုင်းရယ်နေသည့်ခေတ်သစ်ကိုကြယ်စင်ကြည့်မရတော့

"ဟဲ့ခေတ်သစ်အခန်းထဲမဝင်ဘူးလား? ဆရာမလာရင်အဆူခံနေရမယ်"

"ကြယ်စင်မရယ်နင့်အသံကြီးကြားလိုက်ရတော့ငါသာယာနေတာတောင်ဘယ်ရောက်သွားမှန်းမသိဘူး"

"‌မသာကောင် မဝင်လည်းနေ"

ခေတ်သစ်ကိုစိတ်ဆိုးလွန်း၍‌ကြယ်စင်ခြေထောက်ကိုတမင်ဆောင့်ပြီးအခန်းထဲဝင်လာခဲ့သည်။အခန်းထဲရောက်လို့ထိုင်ခုံမှာမထိုင်နိုင်သေး ခေတ်သစ်ဘေးမှာဝိုင်းနေသောမိန်းကလေးတွေကိုဝါးစားမတတ်ကြည့်နေမိသည်

အချစ်ဦးOn viuen les histories. Descobreix ara