Part-8

5 0 0
                                    

ကိုးတန်းနှစ်မှာလည်းခေတ်သစ်နှင့်အခန်းထပ်တူပါသည် ကံကြမ္မာကလည်းထူးဆန်းလွန်းသည်မဟုတ်ပါလား ခြောက်တန်းနှစ်ကနေစပြီးနှစ်တိုင်းအခန်းတူပြီး အသင်းပါတူသည် ကံကြမ္မာကဘယ်လောက်ပဲဖန်တီးပေးဖန်တီးပေး ကြယ်စင်ကတော့ခေတ်သစ်နဲ့ နည်းနည်းလေးမှမနီးစပ်ခဲ့ပါ

ရှစ်တန်းရဲ့နောက်ဆုံးနှုတ်ဆက်ပွဲနေ့မှာ
ကြယ်စင် မိုးယံကိုအဖြေပြန်ပေးခဲ့သော်လည်း ကိုးတန်းနှစ်စမှာပင် မိုးယံကိုပြတ်မယ်ပြောပြီးလမ်းခွဲခဲ့သည် မိုးယံအပေါ်ကိုရက်စက်ရာကျနေမလားတော့မသိပေမယ့် ကြယ်စင်ဘယ်လိုမှရှေ့ဆက်မရလို့ ဒီမှာပဲဇာတ်လမ်းကိုအဆုံးသတ်ခဲ့ရခြင်းဖြစ်သည် မိုးယံကတော့ကြယ်စင့်ကိုပြန်တွဲဖို့အမြဲလိုက်ပြောနေသည်

"ကြယ်စင် နင်ကလည်းဟာ တွဲတာတောင်ဘယ်လောက်မှမကြာသေးဘူး ဘာလို့လမ်းခွဲတာလဲ"

မိုးသူတို့ သီရိတို့ကလည်းလမ်းခွဲရသည့်အကြောင်းအရင်းအား ကြယ်စင့်ကိုဝိုင်းမေးကြသည်

"ငါကဒီနှစ်မှာ တခြားကျောင်းကကျူရှင်ဝိုင်းမှာသွားတက်ရမှာလေ နင်တို့နဲ့လည်းကျူရှင်မတူတော့ဘူး ငါလည်းဆက်မတွဲချင်တော့တာနဲ့ဖြတ်လိုက်တာဟာ သူ့ကိုတော့အားနာပါတယ်"

"နင်ငါတို့ကိုမညာနဲ့ အမှန်အတိုင်းပြောနော်
ခေတ်သစ်ကြောင့်မလား"

"မဟုတ်ပါဘူး ဘာလို့သူ့ကြောင့်ဖြစ်ရမှာလဲ သူနဲ့ငါနဲ့ကအနေသာကြီးရယ်"

"အေးပါဟယ် နင်မတွဲချင်ဘူးဆိုလည်းထားလိုက်ပါတော့"

သီရိတို့ရဲ့ပြောစကားကိုကြယ်စင်ငြိမ်ငြိမ်လေးနားထောင်နေလိုက်သည် စကားပြန်ပြောချင်စိတ်မရှိတာလည်းဖြစ်မည်ထင်သည် ကိုးတန်းနှစ်ကတော့ကြယ်စင့်အဖို့ မျှော်လင့်ထားသလိုမဖြစ်
သူငယ်ချင်းတွေနဲ့အရင်လိုစည်းစည်းရုံးရုံး နေရမယ့်အစား လူတွေအကြောင်းကိုပိုပြီးသိလာရသည်

ကြယ်စင်ကတခြားကျောင်းတစ်ခုရဲ့ ကျူရှင်ဝိုင်းမှာသွားတက်နေရတာဖြစ်သည့်အတွက်ကြောင့်
အရင်ကသူငယ်ချင်းတွေနဲ့ ကျောင်းမှာသာတွေ့ရသည် ဟိုးအတန်းငယ်တွေတုန်းကလောက် ရင်းရင်းနှီးနှီးမရှိတော့ ခပ်စိမ်းစိမ်းဖြစ်လာကြသည် စကားတွေဝိုင်းဖွဲ့ပြောကြရင်တောင်
ကြယ်စင်ကအမြဲ အပယ်ခံလိုဖြစ်နေတတ်သည်

အချစ်ဦးOpowieści tętniące życiem. Odkryj je teraz