(၁၁) သန်းတစ်ရာတန် ချက်လက်မှတ်

5.7K 650 0
                                    

Eng Translator: EndlessFantasy
Mm Translator: ElysiumGale

(၁၁) သန်းတစ်ရာတန် ချက်လက်မှတ်
__________________________________

ရှကျီ စူးစူးစမ်းစမ်း တွေးမိတော့သည်။ "ဘယ်သူများလဲ မသိ"

သူတို့ဆီ လာနိုင်သည့် ဧည့်သည်လည်း မရှိသည်မို့ သူ စိတ်ဝင်စားသွားမိသည်။

သူ တံခါးဖွင့်ကြည့်လိုက်တော့ အနောက်တိုင်း ဝတ်စုံပြည့်နှင့် လူငယ်တစ်ယောက်ကို တွေ့ရလေသည်။

"တဆိတ်လောက်ခင်ဗျ၊ မစ္စ ရှရှင်းဟယ် ဒီမှာ နေတာလား မသိဘူး" လူငယ်က ယဉ်ကျေးစွာ မေးလာသည်။

ရှကျီ ခေါင်းညိတ်လိုက်သည်။ "နေတာတော့ ဟုတ်တယ်၊ ဒါပေမဲ့ ခင်ဗျားက ဘယ်သူလဲ၊ ဘာလို့ ကျွန်တော့်အစ်မကို ရှာနေတာလဲ"

ထိုသူက ပြုံးလေသည်။ "ကျွန်တော်က မစ္စတာ ရှီးမုပိုင်ရဲ့ အတွင်းရေးမှူးပါခင်ဗျ၊ ချန်အန်းလို့ ခေါ်ပါတယ်၊ CEO ရှီးက မစ္စရှဆီကို ပို့ပေးခိုင်းတာလေး ရှိလို့၊ သူ အခု အိမ်မှာရှိသလား သိပါရစေ"

ချန်အန်းက ရှီးမိသားစု၏ ဝန်ထမ်းမှန်း သိလိုက်သည်နှင့် ရှကျီ၏ မျက်နှာထား မှုန်မှိုင်းသွားတော့လေသည်။

သို့သော်လည်း ယဉ်ကျေးသော ကိုယ်နှုတ်အမူအရာ အကျင့်တို့ စွဲနေပြီဖြစ်သော ရှကျီသည် ရည်မွန်စွာပင် ပြန်ပြောဖြစ်လေသည်။ "ကျွန်တော့်အစ်မ နေမကောင်းဘူး အခု၊ ဒါပေမဲ့ လာပါလေ ဝင်ထိုင်ပါဦး"

"ကျေးဇူးပါ"

တိုက်ခန်းနံရံ ပါးများ၏ အသံမလုံမှုနှင့် အခန်းကျဉ်းမှုတို့ကြောင့် သူတို့ နှစ်ဦးကြားက အပြန်အလှန် စကားများကို အိပ်ခန်းထဲ ရောက်နေသော်လည်း ရှရှင်းဟယ် အကုန်ကြားလိုက်ရလေသည်။

သူတို့တိုက်ခန်းမှာ အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းသာ ပါသည်။ ဧည့်ခန်းနေရာက သူတို့ပိုင်ဆိုင်သမျှ ပရိဘောဂအနည်းငယ် ဆန့်သည်ဆိုရုံမျှသာ ကျယ်သည်။

ရှကျီ ချန်အန်းကို ရှရှင်းဟယ် အိပ်ခန်းထဲ ခေါ်လာပေးလိုက်သည်။ မကျန်းမာပုံရသော ရှရှင်းဟယ်တစ်ယောက် ကုတင်ခေါင်းရင်းကို မှီလျက် ထိုင်နေလေသည်။

ဝေးလွင့်ပြီးသော အတိတ်Where stories live. Discover now