(၈၃) ဖန်တီးသူ အစစ်အမှန်

5.1K 595 8
                                    

Mm Translator: ElysiumGale

(၈၃) ဖန်တီးသူ အစစ်အမှန်

သူဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ ရှကျီသည် ချွေ့မင်ကို ဖျက်ဆီးနိုင်မည့် နည်းလမ်းကို မရှာဖွေနိုင်ခဲ့ပေ။

အနည်းဆုံးတော့ သူ့တွင် အရည်အချင်း မရှိမှန်း သိခဲ့သည်။

"တကယ်လို့ ရှ၀ူရွှမ်းသာ လက်မထက်ခဲ့ရင်"

ရှကျီ သက်ပြင်းချလိုက်သည်။

ယခင်က သူတို့၏ ပစ်မှတ်ကား ဝူရုန်နှင့် ၀ူရွှမ်းသာ ဖြစ်ခဲ့သည်။

ချွေ့မင်က အလွန်ဝန်ပိစေသည့် ထပ်တိုး ဝန်ထုပ်ဝန်ပိုး ဖြစ်လာသည်။ ၎င်းက ၀ူရွှမ်းနှင့် သူမအမေကို ကိုင်တွယ်ဖြေရှင်းရာတွင် ပိုခက်ခဲ ဖြစ်စေသည်။

တစ်နည်းပြောရလျှင် ၀ူရွှမ်းသာ ချွေ့မင်နှင့်လက်မထပ်ထားပါက ထိုကိစ္စများသည် အဆင်ပြေပြေဖြင့် ဖြေရှင်းနိုင်လိမ့်မည်။

သို့သော် ရှင်းဟယ်က အပိုပါဘာသည့် ချွေ့မင်ကို စိတ်ထဲ မထားပေ။ သူတို့အားလုံးကို အစီအစဉ်ကောင်းတစ်ခု တွေးပြီးသား ဖြစ်သည်။ ချွေ့မင်ကို ဖယ်ရှားရာတွင် သူမက ဝန်ဆောင်မှုတစ်ခု လုပ်တာဟု တွေးထားပြီး အပိုကြမ်းတမ်းသည့်အရာကို ဖယ်ရှားပစ်ရာတွင် ကူညီခြင်းသာ ဖြစ်သည်။

"ကျီ။ အဲဒါကို စိတ်မပူနဲ့။ ငါ တစ်စုံတစ်ရာကို လုပ်ဖို့ ယုံကြည်ချက်မရှိရင် ငါအဲဒါကို လုပ်မှာမဟုတ်ဘူး။ ငါ့ကိုယုံလိုက်။ ငါ ပိုင်ဆိုင်တဲ့ အရာအားလုံးကို တစ်လအတွင်း ငါအကုန် ပြန်ယူမယ်"

အချို့သော အကြောင်းပြချက်ကြောင့် ရှင်းဟယ်၏ ပြောဆိုချက်များက အမြဲတမ်း အထောက်အပံ့ဖြစ်စေသည်။

သူမ၏ မှတ်ဉာဏ် ပြန်ရချိန်မှ စပြီး ရှကျီသည် သူ့အစ်မနှင့် ကိစ္စများစွာကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ သူမသည် လေထဲကနေ ရယ်ဖွယ်ရာ လှည့်ကွက်များ ဆွဲထုတ်နိုင်မှန်း သူ သိသည်။

သူမ ပြောသမျှအရာအားလုံးကို သူယုံကြည်သည်။

"အစ်မ ကျွန်တော် အစ်မကို ယုံတယ်။ ဒါပေမဲ့ ကျွန်တော်က အစ်မ အလိုရှိတဲ့အတိုင်း အသုံးပြုနိုင်တဲ့ မောင်လေးနော် အဲတာကို မမေ့နဲ့။"

ဝေးလွင့်ပြီးသော အတိတ်Where stories live. Discover now