အခန်း ၁၄၇။ သူမကို တန်ဖိုးထားတယ်
သို့သော် မုပိုင်ကလည်း သူမ ရှင်းဟယ်ကို ဆက်ဆံလိုက်သလို ပြန်လုပ်လိုက်သည်။ သူ့မျက်လုံးများက ရှင်းဟယ်ကိုသာ ကြည့်နေပြီး “မင်း ကိုယ်နဲ့ ဘာဆွေးနွေးချင်လို့လဲ” ဟု မေးလိုက်သည်။
ဆွေးနွေးသင့်သော အချိန်လွန်သွားတာကြောင့် ရှင်းဟယ် ဆက်မပြောချင်တော့ပေ။
“ဘာမှမဟုတ်တော့ပါဘူး”
သူမ လေသံ အတော်လေး ပြောင်းသွားသည်။ ချူထျန်းရှင်း ရုတ်ခြည်း ပေါ်လာသဖြင့် သူမ စကားလျှိုလိုက်သည်မှာ သိသာနေသည်။
မုပိုင် ထျန်းရှင်းကို ကြည့်ကာ “အပြင်မှာ သွားစောင့်နေ၊ ငါတို့ ဒီမှာ ဆွေးနွေးစရာရှိလို့” ဟု အမိန့်ပေးလိုက်သည်။
ထျန်းရှင်း မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နှုတ်ခမ်း စူတော့သည်။
“ကျွန်မ ဝင်ပြောလို့ မရလောက်တဲ့အထိ ဘာအရေးကြီး ကိစ္စမို့လို့လဲ”
မည်သူမျှ သူမကို ပြန်မဖြေချေ။ သူမ နေရခက်သွား၍ ပြုံးပြလိုက်ပြီး “ကောင်းပါပြီ၊ ကျွန်မ ရှင့်ကို အပြင်ကနေ စောင့်နေမယ်နော်၊ မုပိုင်” ဟု ပြောလိုက်သည်။
သူမ ထွက်သွားစဉ် အလိုက်သိသိဖြင့် တံခါးကို ပြန်ပိတ်ပေးသွားသည်။
သို့သော် တံခါးကို ပိတ်ပြီးသည်နှင့် သူမ မျက်နှာ အချိုးပြောင်းသွားသည်။
မုပိုင် ထပ်မေးလာသည်။ “ကိုယ့်ကို ပြောလေ၊ ဘာဆွေးနွေးချင်လို့လဲ”
သူ သူမအတွက်နှင့် ထျန်းရှင်းကို အပြင်ထွက်သွားခိုင်းလောက်သည့်အထိသူမကို အရမ်း တန်ဖိုးထားလိမ့်မည်ဟု ရှင်းဟယ် မထင်ခဲ့ချေ။
သို့သော် တကယ့်ကိုပင် ပြောသင့်သည့် အချိန်ကျော်လွန်သွားပြီးဖြစ်သည်။
“တကယ်တော့ အဲဒါက တကယ် ဘာမှမဟုတ်ပါဘူး။ နောက်မှ တွေ့ကြမယ်လေ” ဟု ရှင်းဟယ် ပြန်ဖြေလိုက်ပြီး သူမ ဆက်ပြောတော့မည် မဟုတ်ကြောင်းမုပိုင်သိလေသည်။
နောက်ဆုံးအနေနဲ့ သူမကို သူ ကြည့်သွားပြီး “အိုကေ၊ မင်း ပြောချင်လာတဲ့အချိန်မှ ကိုယ့်ကို လာရှာပေါ့” ဟု ပြောလေသည်။
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ်
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရှရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမမှာ...