Episode(2)

3.2K 363 240
                                    

(Unicode)

တချို့တိုက်ဆိုင်မှုတွေရဲ့ နောက်ကွယ်မှာ လူမသိသူမသိ ဉာဏ်ဆင်မှုလေးတွေ ရှိနေတတ်ပါတယ်...

*****

"အိုကေ ငါ 2000ပဲ ကုန်တော့မှာ၊ သွားစို့"

မွဲတေပြနေတဲ့ သူတောင်းသုံးလေးကို ပိုက်ဆံလှူပြီးတာနဲ့ ဖြိုးဝေသာတို့ သုံးယောက် ဆိုင်ရှေ့မှာ စကားရပ်ပြောနေကြတုန်း ထိုသူတောင်းသုံးလေးရဲ့ နာမည်ကို လှမ်းခေါ်လိုက်တဲ့ vocalကောင်းကောင်း၊ toneကောင်းကောင်းနဲ့ အသံတစ်ခုကို အရှင်းသား ကြားလိုက်ရသည်။

"မင်းမြတ်!"

အသံလာရာကို လှည့်ကြည့်လိုက်ကြတော့ သူတို့သုံးယောက် အနားတောင် မကပ်နိုင်တဲ့ Modelမြင့် ကားတစ်စီးရဲ့ရှေ့မှာရပ်ပြီး မဟော်မင်းမြတ်ကို ရီပြနေတဲ့ အမိုက်စား အစ်ကိုကြီးတစ်ယောက်....။ တကယ်ပါ...ဖြိုးဝေသာရဲ့ ဘဝမှာ သူ့ရဲ့ အသဲကျော် မင်းသားလေးက လွဲပြီး ဒီလိုဖြူသန့်ခန့်ညားလွန်းတဲ့ အကောင်းစားကြီးကို တစ်ခါမှ အရှင်လတ်လတ် မမြင်ဖူးခဲ့။

အစ်ကိုကြီးရဲ့ မျက်နှာပေါက်က ကြည့်လိုက်တာနဲ့ သွေးနှောကပြား တစ်ယောက်မှန်း သိသာသည်။ နှာခေါင်း၊ မျက်လုံးတို့ရဲ့ အစပ်အပေါက်က အနောက်တိုင်းဘက်ကို ပိုနွှယ်နေသော်လည်း ထူထဲနက်မှောင်နေတဲ့ မျက်ခုံးမွှေးနဲ့ ဆံပင်တို့ကြောင့် အရှေ့တိုင်းဘက်ကိုလည်း အလေးသာနေပြန်သည်။ 

အရပ်အချိုးအစားကတော့ ရှည်တဲ့ထဲမှာပါတဲ့ မဟော်မင်းမြတ်နဲ့ ယှဉ်ကြည့်လိုက်ရင် သိပ်မကွာလှပေမယ့် ခန္ဓာကိုယ်အချိုးအစားကတော့ မဟော်မင်းမြတ်ကိုတောင် လူဖလံလေးဖြစ်သွားစေသည်။ ဝေယံကိုကိုဆိုတာ စကားထဲတောင် ထည့်ပြောစရာမလိုတော့။ 

ကစားထားမှန်း သိသာလှတဲ့ အစ်ကိုကြီးရဲ့ Body Shapeက ကိုင်ကြည့်ချင်စရာ ကောင်းလောက်အောင် တောင့်တင်းပြနေကြသည်။ မှီရပ်ထားတဲ့ကားကြီးရယ်၊ ပတ်ထားတဲ့နာရီရယ်၊ ဝတ်ထားတဲ့ All Black Fashoinရယ်ကြောင့် Successful Businessman တစ်ယောက်ဖြစ်တယ်ဆိုတာကို ဖြိုးဝေသာ တန်းသိလိုက်သည်။ 

အစ်ကိုကြီးရဲ့ အရှိန်အဝါတွေကို စိတ်ထဲကနေ ကြိတ်ပြီး စာဖွဲ့လို့ကောင်းနေဆဲမှာပဲ စုတ်ပြတ်နေတဲ့ သူတောင်းသုံးလေးက 

3.My Babe True Love S-3 (Completed)Where stories live. Discover now