Episode(10)

2.6K 333 240
                                    

(Unicode)

ကောင်းကင်ပြာပြာကို အဖော်ပြု၍ နိုးထလာသော မနက်ခင်းလေးသည် နေမင်းကြီး၏ အရှိန်အဝါကြောင့် သာယာကြည်လင်လျက်ရှိပါသည်။

"Hey Siri! How's the weather today?"

အိပ်ခန်းပြတင်းပေါက်ရဲ့လိုက်ကာကို တချက်ဖွင့်ကြည့်လိုက်ပေမယ့် အစိုးမရသော ရာသီဥတုကို အာရုံခံဖို့အတွက် ဖုန်းထဲမှSiriကိုသာ မေးလိုက်ရသည်။

"Its's currently clear and 87°F in Yangon. Expect partly cloudy skies starting in the evening. Temperatures are heading down from 87 degrees this afternoon to 84 tonight."

သူမျှော်လင့်နေတဲ့ မိုးလေဝသအခြေအနေကိုပဲ Siriက ခန့်မှန်းပေးလာတာကြောင့် မျက်နှာမှာ အပြုံးဆောင်ပြီး Siriကို ကျေးဇူးတင်လိုက်မိသည်။

"Thank you Siri"

"You're welcome"

Siriရဲ့ တုံ့ပြန်မှုကြောင့် သူတောင် အလကားနေရင်း ကျေးဇူးတင်တတ်နေပါလားလို့ တွေးမိပြီး အားရပါးရ ရီချလိုက်သည်။ 

ဒီနေ့က D-Day..။ အားလုံးနဲ့တန်းတူ ရပ်တည်နေရတဲ့ မိတ်ဆွေဆိုတဲ့ အများပိုင်နေရာကနေ အားလုံးထက်သာတဲ့ ချစ်သူဆိုတဲ့ ကိုယ်ပိုင်နေရာလေးကို အရယူနိုင်တော့မယ့်နေ့..။ မှန်ပါသည်..ဒီနေ့သည် Babeကို သူ့ချစ်သူအဖြစ် တရားဝင်သတ်မှတ်နိုင်တော့မယ့် နေ့ထူးနေ့မြတ်လေး တစ်ရက်ဖြစ်ပါသည်။

ဒီလိုနေ့ရက်က တစ်နေ့မဟုတ်တစ်နေ့ ကြုံရမယ်ဆိုတာကို ကြိုတွေးထားပြီးသားဖြစ်ပေမယ့် ထင်ထားတာထက်ကို စောစောရောက်လာတဲ့အတွက် အရမ်းကျေနပ်မိပါသည်။ တွေးရင်းပြုံးရင်းနဲ့ အချိန်ကို လှမ်းကြည့်လိုက်တော့ အခုချိန်ဆိုရင် Babeလေး ကျောင်းကားပေါ်ရောက်နေလောက်ပြီ..။

ရရင်ရသလို ဂရုစိုက်ပြပေးပါဆိုတဲ့ ချစ်သူရည်းစားတို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း Babeဆိုတဲ့ Contactလေးကို ဖုန်းကောက်ခေါ်လိုက်သည်။ Babeရဲ့ အသံမာမာလေးကို နားထောင်ပြီး တစ်နေ့လုံးစာအတွက် အားဖြည့်ချင်တာလည်း ပါတာပေါ့လေ..။

"ဟယ်လို..ပြော.."

"Hello Babe ကျောင်းသွားနေပြီလား.."

"အင်း.."

"အသံက ဘာလို့တိုးနေတာလဲ.. နေမကောင်းဘူးလား ကိုကိုလာခဲ့ရမလား"

3.My Babe True Love S-3 (Completed)Where stories live. Discover now