Tell Me Is It Dream or Reality

2.3K 299 343
                                    

(Unicode)

အထီးကျန်အနံ့များ ထောင်းထောင်းထနေသော အခန်းငယ်လေးထဲတွင် မဟော်မင်းမြတ် (ခေါ်) Babeဟု အမည်တွင်သော ဆေးကျောင်းသားလေးသည် လွမ်းဆွမ်းခြင်းကို အဖော်ပြု၍ အတွေးနယ်ချဲ့လျက်ရှိပါသည်။

ပွေ့ပိုက်ထားတဲ့ လက်ထဲက စာအုပ်ခပ်ထူထူနဲ့အတူ ရင်ဘတ်ထဲမှာလည်း ချိုမြိန်မြိန်အမှတ်တရတွေကို ထွေးပိုက်လို့ထားရတာကြောင့် ဆွေးရုံမှတပါး ကူရာကယ်ရာမရှိရှာ..။

ဟုတ်ပါသည်..။ အလုပ်ကိစ္စကို အကြောင်းပြပြီး တိုင်းတစ်ပါးကို ထွက်ခွါသွားရသော ချစ်သူမောင်ကိုသောင်းကြီးကို မဟော်မင်းမြတ်လေး အရမ်းလွမ်းနေပါပြီ..။ ကိုကို စင်္ကာပူကိုထွက်သွားတာ အခုဆိုရင် လေးလတောင် ပြည့်တော့မည်။ စာမေးပွဲတွေလည်း ဖြေနေရပြီမို့ ကျောင်းလည်းပိတ်တော့မည်။

အရင်ကဆိုရင် ကျောင်းပိတ်ရက်ရတာနဲ့ အိမ်ကို ပျော်ပျော်ကြီးပြန်နေကျ..။ အခုတော့ အဝေးရောက်နေတဲ့ ရည်းစားကြီးဆီကိုပဲ စိတ်ရောက်နေတာကြောင့် ကောင်းကောင်းတောင် မရီနိုင်။

ဪ..ရည်းစားပူမိတယ်ဆိုတာ ဒါမျိုးကိုပြောတာထင်ပါရဲ့..။ စာကိုတောင် မနည်းအာရုံစိုက်ပြီး ကျက်နေရတဲ့ဘဝ..။

"ဘဝ ဘဝ သနားစရာကောင်းလိုက်တာ.."

ရည်းစားသက်တမ်း တစ်လကျော်ကျော်လေးမှာပဲ ကိုကိုနဲ့မင်းမြတ်တို့နှစ်ယောက်က အဝေးရောက်ချစ်သူဘဝကို ခံယူလိုက်ရတာကြောင့် သူများအတွဲတွေလို ကလူကျီဆယ်တာတို့..၊ ကြည်နူးရင်ဖိုတာတို့ကို ဘာမှသေချာမလုပ်လိုက်ရ..။ ကိုကိုနဲ့ ချစ်လို့တောင်မဝသေးပါဘူးဆိုနေမှ အခုတော့ တစ်နေရာစီမှာနေပြီး အလွမ်းချင်းပြိုင်နေရသည်။ ဘယ်တတ်နိုင်မလဲ ကံကိုပဲ အပြစ်ပုံချရမှာပေါ့..။

ကံကြမ္မာရဲ့ရက်စက်မှုကို ရိုးမယ်ဖွဲ့နေတုန်းမှာပဲ ကိုကို့ဆီကနေ Video Callဝင်လာပါသည်။ ကိုကို့ကို လွမ်းနေတာမို့ မင်းမြတ်လေး ပျော်သွားမိပေမယ့် မျက်နှာကိုတော့ တမင်တကာ ညိုးချထားပြီးမှ ဖုန်းကိုကိုင်လိုက်သည်။

"Hello Babeရေ.. "

Screenမှာပေါ်လာတဲ့ ကိုကို့ရဲ့မျက်နှာကို မင်းမြတ် သေချာကြည့်လိုက်မိပါသည်။ ကိုကိုသည် စင်္ကာပူကိုရောက်တော့မှ အသားပိုဖြူလာသယောင်ရှိပြီး ကတုံးကေသာကလည်း တော်တော်လေးကို ထိုးထိုးထောင်ထောင်နဲ့ နက်နက်မှောင်မှောင်ဖြစ်နေပြီ။ ဘိုဆန်လွန်းတဲ့ မျက်လုံးမျက်ဖန်တွေကို ပိုင်ဆိုင်ထားတဲ့ ကိုကိုရဲ့ပုံစံက မသိရင် ဖိလစ်ပိုင်မင်းသားလိုလို.. ကုလားမင်းသားလိုလိုနဲ့..။

3.My Babe True Love S-3 (Completed)Where stories live. Discover now