Episode(3)

707 87 25
                                    

Unicode

ဆိုးဆိုးဝါးဝါးခုန်နေတဲ့ နှလုံးသားနဲ့အတူ မနေ့ညက ညနက်မှ အိပ်ပျော်သွားခဲ့သည်

ဒီမနက်ခင်းလေးကတော့ သာယာလှပါတယ်
အိပ်ယာထ နောက်ကျတတ်တဲ့ ဝမ်ရိပေါ်ဟာ ဒီနေ့လေးမှာတော့ ဆန်းကြယ်စွာ အစောနိုးလာတယ်

အိပ်ချိန်စုစုပေါင်းခြောက်နာရီတောင် ပြည့်ရဲ့လားမသိ

မနက်6:00ပဲရှိသေးတာကြောင့် အိမ်မှာလဲ  မနက်စာပြင်ဆင်နေကြဆဲပင်

တစ်ခါတစ်လေလေး လမ်းထလျှောက်ရင်ကောင်းမလားပဲ

ဗီရိုထဲက အဖြူရောင်hoodieလေး ဆွဲထုတ်လိုက်တယ်
ဆံပင်ကို လက်နဲ့ပဲ နည်းနည်းပါးပါးသပ်ပြီး hoodieခေါင်းစွပ်ကို စွပ်လိုက်တယ်

"မာမီ သားလမ်းလျှောက်ထွက်လိုက်ဦးမယ်"

"အေးအေး မာမီမနက်စာပြင်ထားမယ်နော် အပြင်မှာလျှောက်မစားလာနဲ့"

"ဟုတ်ကဲ့ပါဗျ"

အိမ်အနီးနားလေးက ပန်းခြံလေးက တကယ့်ကိုချစ်စဖွယ်လေး
ကျယ်လည်းကျယ်ပြီး ရေကန်အကြီးကြီးလည်းရှိတယ်
ဘဲငန်းတွေကလည်း အများကြီးပဲ
ရေကန်ကိုပတ်ပတ်လည် လူသွားလမ်းလုပ်ထားပြီး ပန်းအလှတွေ အားကစားစက်တွေပါ အစုံရှိတာမလို့ ညနေပိုင်းဆို လူရှုပ်နေတတ်တယ်
အခုလို မနက်အစောပိုင်းဆိုရင်တော့ သက်ကြီးပိုင်းတွေလောက်ပဲရှိမယ်ထင်တယ်

ကိုယ့်ဟာကို လမ်းလျှောက်နေတာကို လူတစ်ယောက်ကဝင်တိုက်သွားတယ်
ကြမ်းပြင်ပေါ်ဖင်ထိုင်ရက်သား ပြုတ်ကျသွားတာတောင် အနှီလူသားက လှည့်မကြည့်ပဲ ဆက်ပြေးသွားတယ်

"ဟေ့လူ ရပ်စမ်း!!!"

နေပါဦး ဒီအသံငါကြားဖူးပါတယ်
ကျွန်တော့်ကိုဝင်တိုက်သွားသောလူကို လိုက်ဖမ်းနေသောသူက အော်လိုက်တယ်

"တောက်ခ် အရေးကြီးပါတယ်ဆိုမှကွာ"

အနှီလူသား ထွက်ပြေးလွတ်မြောက်သွားတော့ လိုက်ဖမ်းသူက တောက်ခေါက်တယ်
ငါပဲ စိတ်မနှံ့တော့တာလားတော့မသိ
မနက်စောစောစီးစီး ကြားလိုက်ရတဲ့ သူစိမ်းအသံက ရှောင်းကျန့်နဲ့တူနေပြန်ရော

My Brightest Star Is YouWhere stories live. Discover now