Episode(7)

530 67 6
                                    

Unicode

အိမ်ရောက်တော့ ရိပေါ်ဆေးသောက် မသောက် ကိုယ်တိုင်ကြည့်ချင်လို့ video callကို ကမန်းကတန်းခေါ်ပြန်တယ်

"ရေအရင်ချိုးလေဗျာ ဆေးသောက်မသောက်လိုက်ကြည့်နေရအောင် ကိုကိုက ကျွန်တော့်အဖေလား"

"မင်းအဖေသာဆို လိုက်ကြည့်မနေဖူး။ ကိုယ် ပျင်းနေလို့ ဖုန်းဆက်တာ ဘာဖြစ်လဲ"

"ကမ္ဘာကျော်မင်းသားကြီးက အဲ့လောက်တောင် အားယားနေတာလား"

"မင်းကြောင့်ပါ"

"ကျွန်တော့်ကြောင့်? ဘာဆိုင်လို့လဲ"

"ဘာမှမဆိုင်ပါဖူး ကိုယ်ကစနေတာ "

"ကိုကိုကလည်းဗျာ တစ်ချက်တစ်ချက် ဘာထဖောက်မှန်းမသိဖူး"

"မင်းကြောင့်ပဲလေ"

"ဟောဗျာ ဘာကိစ္စကျွန်တော့်ကြောင့် ဖြစ်သွားပြန်တာလဲ"

"မင်းနဲ့ပေါင်းပြီး တစ်ချက်တစ်ချက်ထဖောက်တာလေ။ တံငါ နားနီး တံငါ လိုမျိုး၊ ရိပေါ်နားနီး ရိပေါ် ဖြစ်သွားတာ"

"ပေါက်ကရတွေ"

"တောြ်ပီ ။ မစတော့ဖူး။ အခုဆေးသောက်တော့"

ရိပေါ်လည်း စိတ်ပျက်နေတဲ့ပုံစံ တမင်လုပ်ပြပြီး ဆေးသောက်လိုက်ရတယ်
ဒီလူကြီးကဘာလား
အထာတွေ အရမ်းပေးတာပဲ

"ရပြီလား"

"အင်း စောစောအိပ်နော် မနက်fan meetingရှိတယ်"

"အင်း bye ကိုကို"

ကိုကိုပြောမှ သတိရတော့တယ်
နက်ဖြန် fan meetingရှိတာပဲ
Fanအယောက်တစ်ရာလောက်ပဲရွေးခေါ်ထားတယ်ပြောတာပဲ
ဇာတ်လမ်းက official မတင်ရသေးဖူးလေ
ရိုက်လက်စကိုမှ posterတွေဘာတွေတောင် မထုတ်ရသေးတာ
Fan meetingဆိုတာကလည်း ဒီဇာတ်ကားအသစ်အတွက် ရှောင်းကျန့်ကိုယ်တိုင်ကြေငြာပေးတဲ့သဘောပဲ။ ဇာတ်လမ်းရဲ့ fan meetingသဘော မဟုတ်ဖူးလေ။

ကိုကိုနဲ့ လက်ရှိအခြေအနေကိုပြောပြရမလား
ကျွန်တော်က ကိုကို့ကို အရမ်းကြိုက်တာ
Idolတစ်ယောက်လို ကြိုက်တာမျိုးပေါ့
ကိုကိုက ကျွန်တော့်ကို သူ့ညီအရင်းလိုပဲ အရမ်းဂရုစိုက်တယ်
အရမ်းလည်း အလိုလိုက်တယ်
ရိုက်ကွင်းကလူတွေကပြောတယ် ကိုကိုက အရင်က အဲ့လိုမဟုတ်ဖူးတဲ့
ကျွန်တော်နဲ့မှ ပျော်ပျော်နေတတ်တဲ့ပုံ ပေါက်သွားတာတဲ့
သူတို့အရင်က မမြင်ဖူးခဲ့တာ ကိုကို့ရဲ့ other sideကလည်း ကျွန်တော့်ကြောင့်ထွက်ပေါ်လာတာပါတဲ့

My Brightest Star Is YouWhere stories live. Discover now