Episode(10)

510 68 5
                                    

Unicode

ရီဝေဝေ အလင်းရောင်ဖျော့တို့ဟာ ရိပေါ်မျက်နှာပြင်တစ်လျှောက် ဖြာကျလို့လာတယ်

မျက်ဝန်းတစ်စုံကို ပွင့်ဟလိုက်တော့ ညကဖွင့်ထားသော ကြယ်လေးတွေလို အလှမီးဟာ နေရောင်ခြည်ကြား ပျောက်လုဆဲဆဲပင်

ဘေးဖက်ကိုလှည့်ကာရှာတော့ ကိုကို မရှိပါ
ညကတည်းက ပြန်သွားတာများလား

ရိပေါ်လည်း မျက်နှာသစ်လိုက်ပြီး မာမီ့မနက်စာသွားစားမယ်ကြံတော့မှ အခန်းရှေ့က စားပွဲပေါ်မှာ ဖုန်းတစ်လုံးတွေ့လိုက်တယ်

ဒါ ကိုကို့ဖုန်းမဟုတ်လား
ကိုကို ကျန်ခဲ့တာလား
မဟုတ်မှလွဲရော.....

စိုးရိမ်တကြီး လသာဆောင်အပေါ်ဆုံးထပ်ကို ပြေးတက်လိုက်တော့ အမိုးမရှိတဲ့ အပြင်ဖက်က ခုံလေးပေါ်မှာ ကွေးကွေးလေး

ညက လေတွေဒီလောက်တိုက်နေတာကို တစ်ညလုံးဒီအတိုင်းအိပ်နေရတာလား ကိုကိုရယ်

"ကိုကို"

"ကိုကို ထတော့လေ"

"ဟင် ကလေးလေး ကိုယ် ချမ်းတယ်"

ရှောင်းကျန့် မတ်တပ်ထရပ်လိုက်တော့ ခေါင်းကမူးနောက်သွားပြီး ရိပေါ်ဘက်ကို လဲကျတယ်

"ကိုကို ခေါင်းမူးလို့လား
ကိုကို ကိုယ်တွေပူနေတာပဲ "

ရှောင်းကျန့်ကိုတွဲထားပေးရင်း လက်ကိုကိုင်လိုက်တော့ မီးခဲတစ်ခဲကို ပူကျစ်နေလျက်

"ကိုကို ဘာလို့ကျွန်တော့်ဘေးနားမအိပ်ပဲ ဒီနေရာလာအိပ်တာလဲ။ လေတွေဒီလောက်တိုက်နေတာကို ဖျားချင်လို့တမင်လာအိပ်တာလား။ ဒီလောက်လေးတောင်မသိရအောင် ကလေးလား"

"ရိပေါ်က ဆူတယ်"

"ကိုကိုလုပ်ပုံက မဟုတ်တာလေ ဆူရမှာပေါ့"

"ရိပေါ်က အော်တယ်"

"ဘယ်မှာအော်ရသေးလို့လဲ နည်းနည်းလေးအသံကျယ်တာလေ"

"ရိပေါ်က အသံကျယ်တယ်"

"ကိုကိုရာ အရမ်းရစ်တာပဲ"

ရှောင်းကျန့်က တရစပ် ပေါက်ကရတွေဆက်ပြောနေပြီး ရိပေါ်ကတော့ မနည်းကို ရှောင်းကျန့်ကိုအောက်ထပ်သွားဖို့ တွဲခေါ်ရတယ်

My Brightest Star Is YouWhere stories live. Discover now