Episode(11)

631 78 9
                                    

Unicode

ရိပေါ်က အခုအဖြေပေးလိုက်တာလား
ရိပေါ်တစ်ယောက် အိမ်တောင်ပြန်ရောက်နေလောက်ပြီဆိုပေမယ့် ရှောင်းကျန့်ကတော့ ကုမ္ပဏီရှေ့က ထိုနေရာမှာ ရပ်နေဆဲပင်။ အရင် သူရိပေါ်ကို ကားပေါ်မတက်ခင် ပြုံးပြတုန်းက ရိပေါ်လေးက ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးရပ်နေတာ သူကားပေါ်ကနေ နောက်ပြန်လှည့်ကြည့်တာတောင် မလှုပ်သေးပေ။ အခုတော့ သူလည်း အဲ့လိုရပ်နေမိပြီ။ ဒါကို ဝဋ်လည်တယ် ခေါ်သလား?

ကိုယ့်ဘဝမှာ လူတစ်ယောက်ကို မြတ်မြတ်နိုးနိုးချစ်မိလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ချစ်မိပြန်တော့လည်း တခြားသူမဟုတ်ဘဲ ကိုယ့်ရဲ့fan boyလေး။

မင်းကပဲ တခြားသူတွေနဲ့ မတူပဲ
တမူထူးနေခဲ့လေသလား

ဒါမှမဟုတ်

ကိုယ်ကပဲ မင်းကို ချစ်မြတ်နိုးဖို့
ရာဇသံပါခဲ့လေသလား

မချစ်ချင်ဘူးလို့ မတွေးခဲ့ဖူးပေမယ့်
ချစ်ရမယ်လို့လည်း မတွေးခဲ့မိပြန်ဘူး

နောက်ဆုံးတော့လည်း
ချစ်မိသွားခဲ့တာပါပဲ

ဒါမှမဟုတ် အဲ့ဒီ့လူသားလေးက
မင်းဖြစ်နေလို့များလား

~~~~~~~~~~~~~~~~~~~~~

TVဖွင့်လိုက်သည်ဖြစ်စေ weiboဖွင့်လိုက်သည်ဖြစ်စေ တက်လာသမျှ သတင်းတွေရဲ့ ခေါင်းစဉ်အစက "ဝမ်ငယ်"တဲ့

တစ်ခါတစ်လေတော့လည်း သာမန်လူသားတစ်ယောက်ဖြစ်ချင်မိပြန်တယ်။ အကယ်၍ ကျွန်တော် ရှောင်းကျန့်သည် အနုပညာရှင်တစ်ယောက်မဟုတ်ဘဲ သာမန်လူသား
တစ်ယောက်ဖြစ်ပါက မြတ်နိုးရသူ ဝမ်ရိပေါ်နဲ့ တွေ့ဆုံနိုင်ပါ့မလား။ အဲ့လိုတွေးမိပြန်တော့ အခုလက်ရှိဘဝကို မွေ့လျော်မိပြန်တယ်။

ပကာသနတွေကြောင့်မဟုတ်ဘဲ ဝမ်ရိပေါ်နဲ့ တွေ့ဆုံခဲ့ခြင်းကြောင့်....

ရှောင်းကျန့်တိုက်ခန်းပြန်ရောက်လို့ ဖုန်းစက်ဖွင့်ဖွင့်ချင်းမှာပဲ SS entertainment ကဖုန်းဝင်လာတယ်။ သေချာပေါက် အဆူခံရတော့မှာလေ။ ဂရုစိုက်မယ်ထင်လား။ နိုးပါ။ နဂိုကတည်းက အဲ့ဒီ့ entertainment ကနှုတ်ထွက်ဖို့ အချိန်ပိစိလေးပဲကျန်တော့တာလေ အခုအထုတ်ခံလိုက်ရ ပိုတောင် အိုခေမှာ စိုပြေသေး။

My Brightest Star Is YouWhere stories live. Discover now