Chapter 21

328 46 2
                                    

Unicode

ပြန်လမ်းကြယ်ဝေစောင်းကြိုးပြေ Chapter 21

ဒေါသကြီးတဲ့ရှောင်ရှင်းအာကအိမ်ပေါ်ကဆင်းသွားတယ်

နောက်နေ့များတွင်မူ ဝမ်ရှန်းသည် ကျောက်စိမ်းဖြူခန်းမထဲတွင် သူ၏ဖခင်ကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလို့နေသည်။ သို့သော် ဝမ်သခင်သည် ဝမ်ရှန်းတောင်းဆိုမည့်ကိစ္စများကို လိုက်လျောဖြေရှင်းပေးလိုခြင်းမရှိပါသောကြောင့် မနက်မိုးလင်းကတည်းက  တစ်နည်းမဟုတ်တစ်နည်းအကြောင်းပြကာ အိမ်တော်မှထွက်သွားစမြဲဖြစ်၏။ ယခုလည်း ဝမ်ရှန်းသည် ကျောက်စိမ်းဖြူခန်းမထဲရှိ ပြတင်းပေါက်ကျယ်ကြီးဘေးတွင်ထိုင်ကာ မိုးတိမ်လွှာများကြားကိုထွင်းဖောက်ဖြတ်သန်းလာသည့် နေရောင်ခြည်​များကို ငေးမောနေမိသည်။ အိမ်တော်ကိုရောက်ရှိနေသည်မှာ သုံးရက်တာမျှကြာမြင့်ပြီဖြစ်သော်လည်း သူသည် ကိုယ်ချင်းစာနာမှုမရှိသော ဖခင်ကိုလည်းနားချမရသလို ခေါင်းမာသောရှောင်ရှင်းကလည်းသူ့ကိုပြန်လည်စိတ်ဆိုးပြီး အခန်းအောင်းနေသည်ဖြစ်ရာ သူသည်ကြံရာမရဖြစ်နေတော့၏။

ထို့နောက်တွင်မူ ဝမ်ရှန်းသည် ဒီအတိုင်းထိုင်မနေနိုင်ပါသောကြောင့် ဤသုံးရက်အတွင်းသူလုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအလုပ်ကိုလုပ်ဆောင်ရန်အတွက် ဘဏ္ဍာတိုက်ထဲမှရွှေတုံးများကိုထုတ်ယူကာ စျေးတန်းရှိရာသို့ထွက်သွားပေတော့သည်။ ထို့နောက် ဝမ်ရှန်းသည် မြို့ထဲရှိကျွန်အရောင်းဆိုင်များအားလုံးဆီသွားပြီး ရွှေတုံးအမြောက်အများကိုပေးချေ၍ ထိုနေ့အတွက်အရောင်းချခံရမည့် ကျွန်များအားလုံးကိုလွှတ်ပေးလိုက်လေသည်။ ဤသည်မှာ ယခုအချိန်တွင်သူတတ်နိုင်သည့် အလုပ်ဖြစ်ပြီး ထိုကဲ့သို့လုပ်ဆောင်မှသာ သူသည် ညတွင်ကောင်းကောင်းအိပ်စက်နိုင်မည်ဖြစ်သည်။ ယနေ့အတွက် ကျွန်အရောင်းဆိုင်များအားလုံးပိတ်သိမ်းသွားသည်ကိုမြင်တော့မှ ဝမ်ရှန်း၏ခြေလှမ်းများသည် ကျောက်စိမ်းဖြူအိမ်တော်ရှိရာသို့ပြန်လာလိုက်သည်။ သို့သော်လည်း ကုန်သည်မြို့ထဲသို့လာရောက်ရောင်းချကြသည့် ကျွန်ကုန်သည်များမှာမနည်းမနောဖြစ်လေရာ နောက်တစ်နေ့တွင်လည်း သူသည် ဤအလုပ်ကိုထပ်လုပ်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ဤဆယ်ရက်ပြီးမြောက်၍ သူ ချင်းမင်တောင်သို့ပြန်သွားလျင် ဘာတွေဆက်ဖြစ်ဦးမည်နည်း ဟုတွေးတောမိရင်း စိတ်များလေးပင်လာမိပြန်သည်။

ပြန်လမ်းကြယ်ဝေ စောင်းကြိုးပြေ (BL OC) Complete Where stories live. Discover now