Chapter-18{Why can't spit him}🖤

3K 262 13
                                    

"Taehyung....ah!!!!"

"Taehyung!!"

"ဟင်.....ဦးလေး.....ဦးလေး Seok Jin!!!ပျောက် မသွားပါနဲ့.....ဦးလေး Seok Jin!!ကျတော်..
ကျတော်ကြောက်တယ်...."

တဖြည်းဖြည်း ကျတော့်လက်ကို ဖြုတ်သွားတဲ့
ဦးလေး Seok Jin ရဲ့ အရိပ်က လေထဲမှာ
ဖျက်ခနဲပျောက်ကွယ်သွားတော့တယ်.......

"Taehyung....မျက်လုံးဖွင့်.....!!မျက်လုံးသေချာဖွင့်ပြီးကိုယ့်ကိုကြည့်ဦး!!"

"ကျတော်.....ကျတော်....ဟင်.....Jeon ခင်ဗျား!!လေးလေး...လေးလေးက ကျတော့်ကို ထားသွားတယ် jeon!!"

"Taehyung.....မင်း အနားမှာကိုယ်ရှိတယ်လေ!
မင်း ဘာအိမ်မက်တွေမက်လို့လဲ ကြောက်စရာအရမ်းကောင်းတာလား???ကိုယ့်ကိုပြော!"

"ဦးလေး Seok Jin က ကျတော့်ကို ကြိုးနဲ့ချည်ပြီး တောနက်ကြီးက ရေကန်ထဲ ပစ်ချသွားတယ်.....!သူ ကျတော့်ကို လှည့်တောင်မကြည့်ပဲ ထားသွားခဲ့တယ်!!ဒါက တကယ့်ဖြစ်ရပ်မှန်အတိုင်းပဲ Jeon!"

ခြေထောင်တွေလက်တွေတုန်ကာ မျက်ရည် တပေါက်ပေါက်ကျနေတဲ့ Taehyung ကို Jk က သူ့ရင်ခွင်ထဲ တယုတယ ဆွဲသွင်းလိုက်တယ်.....

"သူ...ကိုယ်ရှိနေသ၍ သူ မင်းကို ဘာမှ ထိခိုက်အောင် လုပ်လို့မရဘူး.....ကိုယ်မင်းကို အဆုံးထိကာကွယ်ပေးမှာ..."

~~~ဟင်....ဒါက ငါ့အပေါ် ရက်စက်ပြီး ဒေါသမီးတွေအမြဲတမ်းလောင်မြိုက်နေတဲ့ Jeonကောဟုတ်ရဲ့ လား???~~~

~~သူက ငါ့ကို အဆုံးထိ ကာကွယ်ပေးမှာဟုတ်လား????ငါ့ကို သူ အဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့ သဘောလား???~~

"Jeo....Jeon....တကယ်လို့ လေးလေးက ကျတော့်ကို ခင်ဗျားဆီက ခွဲထုတ်လိုက်ရင်..ခင်ဗျား!"

"ရှူး!!!သူ မင်းကို ငါ့ဆီက ခွဲထုတ်သွားနိုင်စရာအကြောင်းမရှိဘူး!တကယ်လို့ သူအဲ့လိုလုပ်ရင် သူ့ကိုငါ
သတ်ပစ်လိုက်ဖို့ အဆင်သင့်ပဲ!"

"ဟင်..လေးလေးကို အဲ့လိုတော့မလုပ်ပါနဲ့!
လေးလေးက
ကျတော့်ရဲ့ အဖေလိုမျိုးပဲ..သူမရှိရင် ကျတော် အခုဆို အသက်တောင်ရှင်နိုင်ပါ့မလားတောင်မသိဘူး..!ခင်ဗျားသူ့ကို သတ်လိုက်ရင် ကျတော်ခင်ဗျားကို သတ်ရလိမ့်မယ် jeon"

My Boyfriend is A Psycho🔥🔥by Christine_bunny(Vkook Yaoi)Where stories live. Discover now