Chapter-22{I don't wanna let u go💔}

1.2K 60 9
                                    

"အပြင်မှာဘသူရှိလဲ Taehyung ကို တယောက်လောက်ကူပေးပါဦး!!"

အရူးတယောက်လိုအော်ခေါ်နေတဲ့ Jk ကို Taehyung ကြည့်ပြီး မျက်နှာက အလိုလိုပြုံးနေမိသည်။

"ကျတော်ဘာမှမဖြစ်ပါဘူး...ခင်ဗျားအရမ်းမလှုပ်ရှားနဲ့ ဒဏ်ရာပျောက်သေးတာမဟုတ်ဘူး..ဒီတိုင်းငြိမ်ငြိမ်လေးပဲနေ!"

"အရူးလေး!ဒီလောက်ကိုယ်တွေပူနေတာ ဘာမှမဖြစ်ဘူးတဲ့လား?ငါမင်းကိုသတိလစ်သွားပြီလို့ထင်နေတာ"

"ကျတော်က ဒီလိုဖြစ်နေကျ ဆေးသောက်ပြီးရင်ပျောက်သွားလိမ့်မယ်...ခင်ဗျားသာ ဒဏ်ရာတွေသေချာဂရုစိုက် "
Taehyungက သူ့လက်နဲ့ Jk မျက်နှာကို တယုတယကိုင်ပြီးပြောလိုက်သည်။

"ခင်ဗျားမပျောက်သေးမချင်း ကျတော်ဒီကနေထွက်မသွားဘူးဆိုခင်ဗျားယုံကြည်ပေးလို့ရမလား??"

ထိုအချိန် Jk ဖြတ်ခနဲပြုံးလိုက်ပေမယ့် ခေါင်းထဲ အတိတ်အကြောင်းဖြတ်ခနဲပေါ်လာလို့ Taehyung ကိုဆွဲကိုင်ထားတဲ့လက်တွေကိုဖြုတ်လိုက်ပြီးသူ့ မျက်နှာကို ကိုင်ထားတဲ့ Taehyung လက်ကို ရုတ်တရက်ဆွဲဖြုတ်လိုက်တယ်

"ဟင့်အင်း!!!ဒါတွေက အလိမ်အညာတွေချည်းပဲ!ဆောရီးပဲ Taehyung ငါမင်းကို မလိုအပ်တော့ဘူး"

"ကျတော် လိမ်နေတာမဟုတ်ဘူး!ဒါတွေက ကျတော့်ရင်ထဲက တကယ်ဖြစ်နေတဲ့ ခံစားချက်တွေ တကယ်ပြောချင်နေတဲ့စကားတွေ!တကြိမ်ပဲဖြစ်ဖြစ် ခင်ဗျားယုံကြည်ပေးလို့မရဘူးလား?"

Jk မကြားချင်ယောင်ဆောင်ပြီး Taehyung ကို မျက်နှာချင်းဆိုင်ရာကနေ ကျောခိုင်းလိုက်သည်။

~~~တကယ်တော့...တကယ်တော့ ဒီလူကလည်း  မင်းကို ဒီလိုမျိုး ဘယ်လိုလုပ်ချင်ပါ့မလဲ ဒီလူကလည်း မင်းနဲ့ဝေးရမှာ အကြောက်ဆုံးပဲ ဒါပေမယ့် ဒါက မဖြစ်နိုင်ဘူးလေ အချိန်တန်ရင် မင်းက ငါ့လိုမျိုး မူမမှန်ပြီး စိတ္တဇ ဖြစ်နေတဲ့ လူနဲ့ နေရတာ ကြာလာရင် ပင်ပန်းမယ် စိတ်ဒုက္ခရောက်မယ် နောက်ပြီး ငါနဲ့နေရတာကြာရင် ငြီးငွေ့သွားမှာပဲ ဒါက မဖြစ်နိုင်မှန်း သိရက်နဲ့ရှေ့ဆက်မတိုးသင့်ဘူး~~

Jk ကြိတ်မှိတ်လိုက်တော့ ထိန်းထားတဲ့မျက်ရည်တွေ မျက်ဝန်းကနေ လှိမ့်ဆင်းလာ
သည်။

My Boyfriend is A Psycho🔥🔥by Christine_bunny(Vkook Yaoi)Donde viven las historias. Descúbrelo ahora