Chapter-7(ခင်ဗျားကို ကျတော် မုန်းတယ်)

5.9K 533 25
                                    

"မင်း ဝန်ခံလိုက်စမ်း Taehyung!!!
မင်း ဘာကြောင့် ခုလို လုပ်ရတာလဲ??ဟမ်!!!"

"မဟုတ်ဘူး....ကျတော် မှ မလုပ်တာ
ကျတော် ဘာဝန်ခံရမှာလဲ??
ကျတော် သူမကို  လုပ်ဖို့  တချက်ကလေးမှတောင်
မတွေးဖူးဘူး..ပြီးတော့ ဒီအခန်း...ဒီအခန်းက ကျတော်ကို
ကျတော် ဘယ်လိုရောက်လာမှန်းတောင် မသိဘူး"

"ဘာ!!!!Taehyung!!ငါ မင်းကို VIP အခန်းထဲ ပို့
ထားခဲ့တာလေ..မင်း မမှတ်ချင်ယောင်ဆောင်မနေနဲ့..
မင်းနှိုးလာတော့ အဲ့အခန်းထဲက ထွက်ပြေးရင်း
ငါ့ညီမ အခန်းထဲကို ဝင်ပြီး ယုတ်မာမှုတွေ ပြုလုပ်ဖို့
ကြိုးစားနေတာမလားဟမ်???"

"ဘာ!!!ခင်ဗျား ပြောသလို မဟုတ်ဘူး..."

Jk က IU ကို ထိုင်ရာမှ ဆွဲထူလိုက်ပြီး...

"မင်း ဘာမှ မဖြစ်ဘူးမလား???eun လေး!!"

"Arrnyi!!!ဟင့်ဟင့်...jk oppa ညီမလေး
အရမ်းကြောက်တယ်..သူ..သူ ညီမကို စော်ကားဖို့
ကြိုးစားနေတာ..ညီမကို ယုံပါနော်..."

"ဘာမှ မဖြစ်တော့ဘူးနော်..ညီမလေး..စိတ်ငြိမ်ငြိမ်
ထားလို့ရပြီ..oppa ရှိတယ်လေနော်..oppa သူ့ကို
ညီမလေးတောင်းဆိုသလို အပြစ်ပေးပါ့မယ်.."

ထိုအချိန် IU က  jk ရဲ့ လက်မောင်း
ကို ဖက်လိုက်ကာ ရင်ခွင်ထဲ တိုးဝင်လိုက်ပြီး...

"အဲ့ဒါဆို ညီမလေးပြောတဲ့အတိုင်းဆိုရင်
သူ့ကို ညီမတို့ club ကနေ အလုပ်ထုတ်လိုက်ပါ
oppa!!ဒီလို နှာဘူးတွေက ထုတ်ပစ်ဖို့ အကောင်းဆုံးပဲ
oppa!!!"

"ဘာ........!!!!!"

"နော်...oppa!!!!"

အဲ့ဒီမြင်ကွင်းကို Taehyung က ရပ်ကြည့်ရင်း
ဆွံ့အသွားခဲ့သည်။

အဟား...!!!တယ် မာယာများတဲ့ မိန်းမ....
သူငါ့ကို ဒီကနေ နှင်ထုတ်နိုင်ဖို့ ဘာမဆို ကြိုးစားမှာပဲ
အဲ့ဒါကို ငါသိတယ်...
ဒါပေမယ့်  အဲ့ဒီ အရူးကောင်က ဟိုမိန်းမ ဖြစ်ချင်တဲ့
အတိုင်း
ငါ့ကို နှင်ထုတ်ဖို့ သဘောတူခဲ့ရင်
ငါ့လည်ကို အစင်းခံပြီး သေလိုက်မယ်....ကျစ်!!

My Boyfriend is A Psycho🔥🔥by Christine_bunny(Vkook Yaoi)Where stories live. Discover now