🧛‍♂️1🧛‍♂️

3.4K 261 18
                                    

Unicode

ကျွန်တော့နာမည်က ကင်ဆော့ဂျင်ပါ...အသက်ကတော့၂၄ပဲရှိသေးတဲ့ လူပျိုပေါက်စလေးပါ... လူပျိုဆိုလို့ ကျွန့်တော့ကို ရုပ်ဆိုးပြီး ကြိုက်မယ့်သူ မရှိဘူးလို့ မထင်နဲ့နော်...

ကျွန်တော့ရဲ့ ရုပ်ရည်က ကမ္ဘာပေါ်မှာ အချောဆုံးလို့ ထင်ရလောက်အောင်ကို ချောတာနော် ဘာမှတ်နေလဲ... ကျွန်တော့်ကိုလိုက်ကြိုက်နေတဲ့သူတေလဲ တပုံကြီးပဲ ခါချလို့တောင် ရတယ်...ဟွန့်

ခုလောလောဆည်တော့ ကင်ဆော့ဂျင်လေး ကိုယ့်ဂုဏ်တေကို ဖော်ပြီး မပျော်နိုင်သေးပါဘူး...ဘာလို့ဆို ကျွန့်တော့မိဘတေက ကျွန်တော့ကို အရွယ်ရောက်ပြီဆိုတော့ ကိုယ့်အားကို ကိုးနိုင်အောင်ဆိုပြီး...ဘူဆန်က ဘိုးဘွားတေပိုင်တဲ့ အိမ်မှာ သွားနေခိုင်းနေတယ်လေ...

အဲ့အိမ်က မြို့ပြင်နားလောက်မှာရှိပြီး... လူမနေတာကြာတော့ တော်တော်တောင် ခြောက်ခြားနေလောက်ပြီ... ဟူး... တွေးရင်းနဲ့တောင် ကျက်သီးထလာပြီ... အမေတို့ကအာ့တေပဲ ကိုယ့်သား သရဲဘလောက်ကြောက်တတ်မှန်းသိရဲ့သားနဲ့ တယောက်ထဲ တအိမ်ခွဲနေခိုင်းတဲ့အပြင် နေခိုင်းတဲ့အိမ်ကလည်း သရဲအိမ်နဲ့ နင်လား ငါလားပဲ... အမေ့သားချောချောလေး သရဲအကြောက်လွန်ပြီး သေသွားမှ... ဟောဒီက မင်းသားလေးလို ချောလှပါတဲ့ မေ့သားလေး ပြန်လာခဲ့ပါ အမေမှားပါတယ်ဆိုပြီး ထိုင်ငိုရမှာကို မြင်ယောင်သေး...

Mrs Kim : : Kim Seok Jin မင်းခုသွားမှာလား မသွားဘူးလား!!
Jin : : မသွားဘူး ... မသွားဘူး အဲ့သရဲအိမ်ကြီးမှာ နေရအောင် အရူးလား
Mrs Kim : : ဘာ သရဲအိမ်လဲ အဲ့တာ မင်းဘိုးဘွားတေ ပိုင်တဲ့အိမ်နော်... ရှေးခေတ်ကအိမ်မို့ တန်ဖိုးတောင် ကြီးသေးတယ်
Jin : : တန်ဖိုးကြီးတယ်ဆိုလည်း ရောင်းပြီး စားကောင်းသောက်ကောင်းတေ ထိုင်စားနေလိုက်ပါလား...
Mrs Kim : : အမယ်လေးလေး...ငါတို့တောင်အမွှေဖြတ်မရတဲ့ အိမ်ကို နင်က ရောင်းစားဦးမယ် ... ကြားလို့မှကောင်းကြသေးရဲ့လား
Mr Kim : : မိန်းမရေ စောစောစီးစီး ဘာတေဆူညံနေတာလဲကွာ
Mrs Kim : : ဘာဖြစ်ရမလဲ ရှင့်သားပေါ့ သူ့ကို ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်အောင်လို့ ဘိုးဘွားပိုင်အိမ်မှာ သွားနေခိုင်းတာကို ရောင်းစားပစ်မယ် လုပ်နေလို့ဟေး...
Jin : : အဲ့လိုတေ ဒေါသပဲ ဖြစ်နေလို့ ဆံပင်ဖြူတေ တနေ့တခြား များများလာတာ...
Mrs Jeon : : နင် အမေကို ပြောစရာလား
Mr Kim : : မိန်းမရယ်စိတ်လျှော့ပါ ကိုယ်ပြောကြည့်လိုက်ပါ့မယ်...
Mrs Kim : : အလိုလိုက်ပြီးတော့ မပြောနဲ့နော်...ရှင်ဝင်ပြောပေးလည်း ကျမသွားခိုင်းမှာပဲ
Mr Kim : : ဟုတ်ပါပြီ မိန်းမ ခနရှောင်ပေး...
Mrs Kim : : ဟုတ်ကဲ့ပါရှင် ကျွန်တော်မျိုး ရှောင်ပေးပါ့မယ်

- The First Love Of A Vampire - Where stories live. Discover now