🧛‍♂️11🧛‍♂️

1.5K 163 14
                                    

Unicode

အမေတို့ဆီမှာနေနေတာခုဆို တပတ်တောင်ပြည့်တော့မယ်... တပတ်အတွင်း အမေတို့နဲ့ သူတို့သားမက်လေးနဲ့ကလည်း အိုခေမှာစိုပြေနေရော ... တခါတလေ ဒီကသားအရင်းအချာတယောက်လုံးကိုတောင်မေ့သည်အထိ သူတို့ပဲ စကားတေထိုင်ပြောနေကြတာ... ခုလည်း ဧည့်ခန်းထဲမှာ၃ယောက်သားထိုင်ပြောနေကြတာ အခန်းထဲမှာရှိနေတဲ့ တယောက်တည်းဖြစ်နေတဲ့ ကျွန်တော့ကိုတောင်သတိမရကြ...

အရင်တခါက Jeonက ကျွန်တော့်ကို ကောက်ပြီးပြီဆိုတော့ ဒီတခါတော့ ကျွန်တော့အလှည့်ပဲ...ဟင့် တွေ့မယ်

ဝင်လာပါပြီ ... စပ်ဖြီးဖြီးနဲ့ ...

Jk : : Jinလေး မအိပ်သေးဘူးလား
Jin : : ...
Jk : : Jinလေးရေ...
Jin : : ...
Jk : : ဟာ ပြန်လည်းမဖြေဘူး...

မဖြေတဲ့အပြင် ကုတင်ပေါ်တက်ပြီး ကျောပေးကာအိပ်လိုက်သော သိုးပေါက်ကြောင့် ကျွန်တော့ကို ဒီကောင်လေးစိတ်ဆိုးနေပြီဆိုတာသိလိုက်ပြီလေ...

ဟုတ်လည်းဟုတ်ပါတယ်လေ ကျွန်တော်ဒီနေ့ Jinနဲ့ကို စကားမပြောဖြစ် ကျွန်တော့်ယောက္ခမကြီးတေနဲ့ပဲ စကားကောင်းနေတာကြောင့်...စကားကောင်းတာလည်း တခြားအကြောင်းတေပြောနေတာတော့မဟုတ် Jinရဲ့ ငယ်ငယ်အကြောင်းတေ သူဘလောက်ဆိုးကြောင်းတေ ဘလိုတေဂျီကျတတ်ကြောင်းတေပဲ ပြောပြနေတာကြောင့်...ချစ်ရသူလေးအကြောင်းကို သိအောင် ထိုင်နားထောင်နေရခြင်း...

ခုတော့ ဘေဘီသိုးပေါက်လေးကို စိတ်ဆိုးပြေအောင် ချော့ရပေဦးမည်... ဒီသိုးပေါက်လေးနဲ့ တွေ့မှပဲ ကိုယ့်ကိုကိုယ် Vampireလို့ကိုမထင်ပဲ လူတယောက်လိုမျိုးပဲ ခံစားနေရတယ်...

Jk : : Jinလေးက ကို့ကို စကားလာမပြောလို့စိတ်ဆိုးနေတာလား ဟမ်... ကို့ကိုပြန်ဖြေပါဦး

Jin : : အိပ်နေပြီမလို့ စကားလာမပြောပါနဲ့...

Jk : : အိပ်နေတဲ့သူက စကားပြောတယ်ပေါ့

Jin : : အိပ်တော့မယ့်အကြောင်းေပြောပြတာ...

Jk : : အိပ်မယ်ဆိုလည်း ကို့ဘက်ကို လှည့်အိပ်လေ ခုကြ ကိုယ့်ကို ကျောပေးအိပ်နေတော့ ကို တယောက်ထဲ အထီးကျန်တာပေါ့လို့

- The First Love Of A Vampire - Where stories live. Discover now