🧛‍♂️ 2 🧛‍♂️

2.4K 245 19
                                    

Unicode

ဟောဒီက WWH ကင်ဆော့ဂျင်လေး ဘူဆန်က အိမ်မှာတစ်ယောက်ထဲ သွားနေရတော့မင်း... ဒီလို သားချောချောလေးကို အသိမရှိ လူသူအရောက်နည်းတဲ့ မြိုပြင်နားက အိမ်ကို ဘလိုစိတ်မျိုးနဲ့ တယောက်ထဲ ထားရဲတာလား စဉ်းစားလို့ကိုမရဘူး... မြို့ထဲဆိုရင်တောင် ပျင်းရင် ကလပ်တက်လိုက် ရုပ်ရှင်သွားကြည့်လိုက်နဲ့ အေးဆေးနေလို့ရတာကို ခုကြ သွားဖို့က တမျှော်တခေါ်ကြီး ...

Mrs Kim : : သားရေ သွားဖို့အဆင်သင့်ဖြစ်ပြီလား ကားနောက်ကျနေဦးမယ်...

ကြည့်ပါဦး သွားမယ်လို့ ပြောကတည်းက သား သားနဲ့ အရင်ကဆို ကင်ဆော့ဂျင် ကင်ဆော့ဂျင်နဲ့ လူကြီးတေ ကောင်း ကိုမကောင်းဘူး...

Mrs Kim : : သားရေ ဘာလုပ်နေတာလဲ ... မြန်မြန်လုပ်လို့
Jin : : လာပါပြီ အမေရယ် ... တကယ်ပဲ မသွားမချင်းကို နှင်ထုတ်နေတော့တာ
Mrs Kim : : နင့်စိတ်ကိုမယုံလို့ အရင်ရောက်အောင်ပို့နေရတာ မဟုတ်ရင် ဘယ်ချိန် စိတ်ပြောင်းသွားမယ်မှနိးမသိလို့...
Jin : : ဒီလို အထုပ်တေတောင်ပြင်ပြီးသားကို သားက စိတ်ပြောင်းတော့ရော ရမှာကြလို့
Mrs Kim : : တော်ပါတော့ဟယ် ခုသွားဖို့သာပြငါတော့ ကားမမှီပဲနေတော့မှာ
Jin : : သွားပါပြီ အမေရယ် သွားပြီ သွားပြီ
Mrs Kim : : သေချာဂရုစိုက်သွားနော် ရှက်ပြာရှက်ပြာမလုပ်နဲ့
Jin : : ဟုတ်ကဲ့ပါဗျ ... သေချာဂရုစိုက်ပြီး သွားလိုက်မယ်ဗျ
Mrs Kim : : အေး အေး အဲ့မှာမအေကို ရွဲ့နေလိုက်တော့...

ကားဂိတ်ကိုမြန်မြန်ပြေးလာလို့သာပေါ့ မဟုတ်ရင်အမေနဲ့စကားများပြီးရင်း များနေတာနဲ့ ဒီနေ့ သွားရမှာမဟုတ်တော့...ဒါနဲ့ အမေ့အတင်းပြောနေလို့လားမသိဘူး အမေ့အသံတေနားထဲ ကြာူနေရတယ်... မဟုတ်သေးပါဘူး ဒါအပြင်က အသံပါ ...

Mrs Kim : : ဟဲ့ Kim Seok Jin ငါ့ခေါ်နေတာကြာနေပြီ ဘယ်အတွေးထဲ ရောက်နေတာတုန်း
Jin : : ဟမ် အမေရောလိုက်မလို့လား
Mrs Jin : : ဘယ်နှယ့်လိုက်ရမှာလဲ ဒီမှာ မင်းကားမှတ်ကျန်ခဲ့လို လိုက်ပေးတာ...
Jin : : အော်ဟုတ်လား...ဟီး..အမြန်လာရတော့ မေ့သွားလို့
Mrs Kim : : အေး အေး မသွားခင်ကမှ ရှက်ပြာရှက်ပြာမလုပ်နဲ့ မှာလိူက်တာကု် နင်နောါ...ငါသာ အခန်းထဲ ဝင်မစစ်လိုက်ရင် ဒုက္ခကရောက်ဦးမှာ...
Jin : : အမေကလဲ လူပဲ အမှားနဲ့ ကင်းအလား
Mrs Kim : : ဟုတ်ပါပြီ မောင်မင်းကြီးသားရယ် ဟိုမှာ ကားရောက်လာပြီ တက်ပါတော့...
Jin : : အာ့ဆို သွားပြီ ဖေဖေအလုပ်ကပြန်လာရင်လည်း ပြောလိုက်ဦး အဖေ့သားချောချောလေး မိန်းမနောက်လိုက်သွားပြီလို့...
Mrs Kim : : ဒီကလေးကတော ငါရိုက်လိုက်ရဘာတေပြောနေမှန်းမသိဘူး
Jin : : Blah Blah...သွားပြီ
Mrs Kim : : ဟိုရောက်ရင်ဖုန်းဆက်နော် အမေလည်း ပြန်ပြီ...
Jin : : ဟုတ် သွားပြီ...

- The First Love Of A Vampire - Where stories live. Discover now